Wednesday, October 31, 2018

မကွေးဆေးရုံကြီးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ် ၇၀ ခန့်ကို ခွဲစိတ်ကုသပေးမည်


မကွေးတိုင်းအထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် အောက်တိုဘာ ၃၀ ရက်နေ့မှစတင်၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ် ၇၀ ခန့်ကို ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း တိုင်းဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက ပြောကြားသည်။ 
အဆိုပါခွဲစိတ်ကုသမှုကို မြန်မာဘရူဝါရီလီမိတက်၏ ကရုဏာရှေးရှုမြန်မာမှုနှင့် Japan Heart International Medical Volunteers Organization တို့ ပူးပေါင်းပြီး Smile Project အဖြစ် မြန်မာနိုင်ငံတွင် ၈ ကြိမ်မြောက် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ထိုသို့ခွဲစိတ်ကုသမှုများကို မကွေးတိုင်းဆေးရုံကြီးတွင် ဂျပန်နှင့် မြန်မာနိုင်ငံမှ ခွဲစိတ်ပါရဂူများ ပူးပေါင်းကာ အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့ အထိ ၄ ရက်ကြာ ခွဲစိတ်ကုသပေးမည်ဖြစ်ပြီး ခွဲစိတ်ခံမည့်ကလေးငယ်များနှင့် ပြုစုစောင့်ရှောက်ရန်လိုက်ပါလာသူများကို နေစရိတ်၊ စားစရိတ်နှင့် ခရီးစရိတ်များကို ထောက်ပံ့ကူညီပေးမည်ဖြစ်ကြောင်း မြန်မာဘရူဝါရီလီမိတက်ထံမှ သိရသည်။

The Voice

0 comments:

Post a Comment