Tuesday, October 30, 2018

ဥပဒေဆိုတာ အမြဲတမ်း လူထုကြားမှာသက်ရောက် ပြီး လိုက်နာကျင့်သုံးဖို့လိုဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆို


ယခုလ ၂၇ ရက် နေ့က ဖွင့်လှစ်တဲ့ ပြည်လမ်း (မဟာမြိုင်) လူကူးခုံးတံတားသစ်ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်အမှာစကား ပြောပါတယ်။ 
“ဥပဒေဆိုတာ အမြဲတမ်းလူထုကြား မှာ သက်ရောက်နေ ပြီး အမြဲတမ်း လိုက် နာ ကျင့်သုံးနိုင်တဲ့ အ ခြေ အနေတစ်ခုဖြစ်ဖို့ လို အပ် ပါတယ်၊ ဒီလို အခြေအနေမျိုးကို ပြော ပါဆိုရင် ရင်ကာပူ လို နိုင်ငံမျိုးမှာ ကွမ်း တံ တွေးထွေးလို့မရဘူး၊ ကွမ်းစားလို့မရ ဘူး၊ပီကေကိုလမ်းမှာထွေးလို့ မရဘူးဆို တာတွေအားလုံးဟာ ကျွန်တော်တို့ မြန်မာနိုင်ငံလိုနေရာမျိုးကိုတောင် သက်ရောက်လာပါတယ်၊ စင်ကာ ပူကိုသွားရင် ဘယ်လို နေရ ထိုင်ရလဲ ဆိုတာ ဒီကလူတွေသိပါ တယ်၊ ဒါပေမဲ့ အဲဒီ အခြေအနေ တွေဟာ ဘာကြောင့်ဖြစ်လာ လဲ ဆိုတာ စင်ကာပူရဲ့ ဥပဒေကို မြန်မာ နိုင်ငံ က စင်ကာပူ သွား လာမှုများလာတဲ့ အ ခြေအနေမှာဒီဥပဒေ ကို လိုက်နာကျင့် သုံးရ မယ်၊ မြန်မာနိုင်ငံ မှာ နေထိုင်နေတဲ့ လူ တွေ အားလုံးက မြန်မာ နိုင်ငံရဲ့ ဥပဒေအား လုံးကို သိပြီး မြန်မာ နိုင်ငံ အတွင်းမှာလဲ ဒီလို နေထိုင်ကျင့်သုံး ဆောင် ရွက်ခြင်းဟာ ကောင်းတယ်လို့ ခံ ယူနိုင်ဖို့ လိုအပ်ပါတယ်၊ ဒါဟာ ဘာကြောင့် ကျွန် တော် ဒီနေ့ ဒီဖွင့်ပွဲ အခမ်းအနားကြီး မှာ ပြောသလဲဆို ဒီခုံးတံတားတွေ လူကူး တွေကိုလုပ်မယ် ဆိုရင် နောက်ပိုင်းမှာ လူ တွေဟာ လမ်းမပေါ်ကနေ ဒီအတိုင်းဖြတ် ကူးလို့မရတော့ပါဘူး၊ ဒီအပေါ်ကနေစနစ်တကျ ဖြတ်ကူး သင့်ပါတယ်၊ ဒါမှသာ စည်းကမ်းကောင်း တဲ့ မြို့တစ်မြို့ဖြစ်လာမှာ ဖြစ်ပါတယ်” လို့ ဝန်ကြီး ချုပ်က ပြောပါတယ်။ 

လူကူးခုံးတံတားများ တည် ဆောက် ရာတွင် လွှတ်တော်တွင်းမှာ အမျိုး မျိုး ထည့်သွင်းစဉ်းစားပြီး ဆွေးနွေးကြ ကြောင်း လူကူးခုံးတံတားတွေဟာ ပြည်သူ လူထူ အသုံးပြုမှုလွယ်ကူရန် လိုအပ်ပြီး မြန် မာနိုင်ငံရဲ့ ရာသီဥတုအနေ အထားအရ မြေ အောက်မှလမ်းဖြတ်ကူးခြင်းထက် ခုံး ကျော်တွေကို စဉ်းစားခြင်းမျိုးဖြစ်ကြောင်း၊ ဒါ့အပြင်ဥပဒေများကိုကလေး ငယ်တွေရဲ့ လက်တွေ့ ဘဝမှာစနစ်တကျ သင်ကြား နိုင်ရန်လိုအပ်ကြောင်း၊ ပြဌာန်းထားတဲ့ဥပ ဒေတွေ၊ စည်းမျဉ်းစည်းကမ်းလုပ်ထုံး လုပ် နည်းတွေကို အုပ်ချုပ်နေသူတွေနှင့် ပြည် သူလူထူများအပါအဝင် အားလုံးလိုက် နာ ကျင့်သုံးရမယ့် ဥပဒေဒေများပင်ဖြစ် ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ 

“ဒီနေ့ဖွင့်လှစ်တဲ့ခုံးကျော်တံတားကြီး တည်ဆောက်တဲ့နေရာမှာလဲပြောင်းလဲ လာတဲ့အစိုးရအသစ်ရဲ့မူနဲ့အညီ တည် ဆောက် ရေးလုပ်ငန်းတွေကို တင်ဒါပစ်ပါ တယ်၊ ကုမ္ဗဏီ တစ် ခုက တည်ဆောက်ရေး လုပ်ငန်းကို အောင် မြင် ပါတယ်၊ ဒီဥစ္စာကို Third Party တစ်ခု ကနေ QC ကွာလတီ၊ အရည်အ သွေး ကို စစ်ဆေးပါတယ်၊ ဒီအ ပေါ်ကနေ မူတည်ပြီးတော့မှ လုပ်ငန်းအပ် နှံတဲ့ ဌာနကနေ ဒီပစ္စည်းကိုလက်ခံတာ ဖြစ်ပါတယ်၊ ဒါ ကြောင့်မို့လူကူးခုံးတံတား ကြီးဟာ အရည်အသွေးပြည့်မီတဲ့ လူကူးခုံး တံတားကြီးဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်၊ ဒီ လူကူးခုံးတံတားကြီးကို အစဉ်အမြဲသန့် ရှင်းသာယာ လှပနေဖို့အတွက် ဒေသခံ ပြည်သူလူထုတွေ၊ ဌာနဆိုင်ရာ တာဝန်ရှိ တဲ့သူတွေက ထိန်းသိမ်းစောင့်ရှောက်သွား ရမှာဖြစ်ပါတယ်”လို့လည်း ဝန်ကြီးချုပ်က ပြောသည်။ 

ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန် မြို့ တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးမောင်မောင်စိုး၊ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦး၊ စမ်းချောင်း မြို့ နယ်၊မဲဆန္ဒနယ်အမှတ် (၂)တိုင်းဒေ သ ကြီး လွှတ်တော်ကိုယ်စားလှယ်ဦးသော် တာ အောင်နဲ့ ပြည်သူများတက်ရောက် ခဲ့ကြ သည်။ 


Kumudra

0 comments:

Post a Comment