ဧရာဝတီဘဏ်အ ယောင်ဆောင်၍ အီးမေးလ်များ ပေးပို့ကာ ဘဏ်အကောင့်ကိုလာ ရောက်ခိုးယူသူများရှိနေသည်ဟု အဆိုပါအီးမေးလ်ကို ကိုယ်တိုင် လက်ခံရရှိသူ မြန်မာ့အင်တာနက် ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာ ဦး ဇော်ထွဋ်ကပြောသည်။
Donotreply@alerts.aya.mm မေးလ်လိပ်စာဖြင့်ဝင်ရောက် လာသည့် အကြောင်းကြားစာတွင် ဧရာဝတီဘဏ် အွန်လိုင်းဘဏ် ဝန်ဆောင်မှုကို ယာယီပိတ်ပင်ရန် လိုအပ်ကြောင်း ၊အသုံးပြုသူအနေဖြင့် ပိတ်ပင်မှုကို မလိုလားပါက လမ်းညွှန်ချက်အတိုင်း ဆောင် ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဧရာဝတီဘဏ်အယောင် ဆောင်၍ အွန်လိုင်းဘဏ်အ ကောင့်ခိုးယူသူသည် အီးမေးလ် တွင် Link တစ်ခုချထားပေး သည်။ အဆိုပါ Link သို့ အသုံးပြု သူက ဝင်ရောက်သည့်အခါ ပြည် တွင်းဟိုတယ်ဝက်ဘ်ဆိုက်တစ်ခု ကို ဖောက်ထွင်း၍ အယောင် ဆောင်တည်ဆောက်ထားသည့် malikhalodge.net သို့ ရောက်ရှိ သွားသည်။
အဆိုပါ ဝက်ဘ်ဆိုက်အတု တွင် ဧရာဝတီဘဏ်၏ အွန်လိုင်း ဘဏ်အကောင့်အသုံးပြုသူများ ဝင်ရောက်ရသည့် User Name နှင့် Passward ကိုဖော်ပြထား သည်။
‘‘ဝင်လိုက်မယ်ဆိုရင် ကျွန် တော့်ဘဏ်အကောင့်ကို သူတို့ရ သွားပြီ’’ ဟု ဦးဇော်ထွဋ်က ပြော သည်။
အယောင်ဆောင်အီးမေးလ် ဖြင့် ဘဏ်အကောင့်ခိုးယူသူသည် ပြည်တွင်းဝက်ဘ်ဆိုက်တစ်ခုနှင့် ပြည်တွင်းဘဏ်တစ်ခုကို အခြေခံ ၍ လိမ်လည်ခြင်းဖြစ်သဖြင့် ထိုလူသည် လုပ်ငန်းစဉ်များကို သိရှိနား လည်သူတစ်ဦး ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။
ဧရာဝတီဘဏ်အယောင် ဆောင်ကာ အွန်လိုင်းဘဏ်အ ကောင့် ခိုးယူမှုကို တစ်ဦးမကကြုံ တွေ့နေရသည်ဟု ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် သတင်းများပျံ့နှံ့လာ သည့်အခါ ဧရာဝတီဘဏ်၏ ဝက်ဘ်ဆိုက်လိပ်စာနှင့် ဆင်တူ ယိုးမှား ဝက်ဘ်ဆိုက်လိပ်စာများ သို့ သတိပြုဝင်ရောက်ရန်အဆိုပါ ဘဏ်က စက်တင်ဘာ ၂၈ ရက် ညနေတွင် ကြေညာသည်။
ထို့အပြင် အွန်လိုင်းဘဏ်အ ကောင့်အသုံးပြုသူများသည် လုံ ခြုံရေးအတွက် လျှို့ဝှက်နံပါတ်၊ PIN နံပါတ်နှင့် တစ်ခါသုံးလျှို့ဝှက် နံပါတ်များကို အွန်လိုင်းမှဖြစ်စေ၊ မိုဘိုင်းဖုန်းဖြင့်ဖြစ်စေ လွှဲပြောင်း ခြင်း မပြုလုပ်ရန် အသိပေးခဲ့ သည်။
နည်းပညာအရ ဘဏ်အ ကောင့်ခိုးယူသူကို ရှာဖွေရန် ဖြစ် နိုင်ခြေရှိကြောင်း ဥပမာ User Name နှင့် Passward ကို ရိုက် ထည့်သည့်အခါ ခိုးယူသူသိမ်း ဆည်းသွားသည့် တည်နေရာကို သိရှိနိုင်ကြောင်း ဆိုက်ဘာလုံခြုံ ရေး ကျွမ်းကျင်သူတစ်ဦးကပြော သည်။
‘‘ကားမောင်းရင် အတိုက်ခံ ရနိုင်တယ်ဆိုပြီးတော့ မမောင်းဘဲ လမ်းလျှောက်နေလို့တော့ မရ ဘူး။ လမ်းလျှောက်ရင်းကားတိုက် ခံရတာလည်း ရှိတာပဲ။ နည်းပညာ အရ ပြောင်းလဲအသုံးပြုတဲ့အခါ နားလည်မှုအနည်းငယ်ရှိရင် ဘာ မှမဖြစ်ပါဘူး’’ ဟု ဦးဇော်ထွဋ်က မှတ်ချက်ပြုသည်။
၂၀၁၈ သြဂုတ်က နိုင်ဂျီး ရီးယားနိုင်ငံသားနှစ်ဦးနှင့် မြန်မာ နိုင်ငံသားအမျိုးသမီးတစ်ဦးသည် ကမ္ဘောဇဘဏ်အကောင့်ဖွင့်လှစ် ထားသူ စားသောက်ဆိုင်လုပ်ငန်း ရှင်တစ်ဦး၏ အကောင့်ကို ခိုးယူ ၍ ကျပ်သိန်း ၁၈၀ ကို မှတ်ပုံတင် အတုဖြင့် လိမ်လည်ထုတ်ယူခဲ့ သည်။
ထို့ကြောင့် အယောင်ဆောင် အီးမေးလ်များကို သတိထားရန် နှင့် User Name နှင့် Passward ကို လွှဲပြောင်းခြင်း မပြုလုပ်ရန် ကမ္ဘောဇဘဏ်က စက်တင်ဘာအတွင်း ထုတ်ပြန်ခဲ့သည်။
7Day
0 comments:
Post a Comment