ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုလိုက်ပါတဲ့ ကားတန်းဟာ ယမန်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်က မြောက်ဦးမြို့အ၀င် လမ်းမှာ မိုင်း ၃ လုံးခွဲ တိုက်ခိုက်ခံရပြီး ခရိုင်အုပ်ချုပ်ရေးမှူးလိုက်ပါတဲ့ ကား ပျက်စီးသွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို ကိုယ်တိုင်တွေ့ကြုံလိုက်ရတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိ ဦးအောင်သိန်းလှိုင်က သူကြုံခဲ့ရတဲ့ဖြစ်စဉ်ကို သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဓာတ်ပုံတွေနဲ့တကွ ပြန်လည် ရေးသား ဖော်ပြထားပါတယ်။
ဦးအောင်သိန်းလှိုင်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်။
"မင်းပြားမြို့အဝင်တံတားထိပ်မှာ မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ လာကြိုလို့ ယာဉ်တန်းခေတ္တရပ်ပြီး နှုတ်ဆက်ကြတယ်။ ယာဉ်တန်းပြန်ထွက်တော့ မြောက်ဦးခရိုင်ကားက ကျနော်တို့ အဖွဲ့ စီးလာတဲ့ကားရှေ့ကနေ ဝင်မောင်းတယ်။ မြောက်ဦးမြို့ ရာက်ဖို့ ၅ မိုင်လောက်အကွာ ရခိုင်ရွာ မွတ်စလင်ရွာတွေကို ဖြတ်လာတယ်။ တံတားအမှတ် ၁ / ၁၀၆ ကို ဖြတ်ချိန် ယာဉ် တန်းအရှိန်လျှော့သွားတယ်။ ကျနော်တို့ အဖွဲ့ ကား တံတားအဆုံးကို အရောက် မြောက်ဦးခရိုင်ကားက တံတားပေါ်က ဆင်းအပြီးမှာ " အုန်း " ဆိုတဲ့ အသံနဲ့အတူ မြေကြီးတွေ မြောက်တက်လာတယ်။
ရှေ့ကကားနဲ့ ကျနော်တို့ကားအကြား ၃ ပေ လောက်မှာ မိုင်းခွဲခံရလိုက်တယ်။ ကျနော်တို့ကားကို တရှိန်ထိုးမောင်းထွက်ခိုင်းတယ်။ ရပ်ထားတဲ့မြောက်ဦးခရိုင်ကားကို ကျော်ပြီး ကျနော်တို့ ကားကို ရပ်လိုက်တယ်။ ကားပေါ်ကဆင်း နောက်ကိုကြည့်လိုက်ေ တာ့ မီးခိုးလုံးနဲ့ ဖုန်လုံးကြီးမြင် လိုက်ရတယ်။
ဖုန်းထုတ် ဓါတ်ပုံရိုက်လိုက်တယ်။မြောက်ဦးခရိုင်ကားက ၃ ပေ လောက်ေ နာက်ကျသွားရင် ကျွန်တော်တို့ကားက ၃ပေ လောက် စောသွားရင် တစ်စီးစီးတော့ ထိပြီ။လူတွေ ထိခိုက်ပြီ။ အခုတော့ သူတော်ကောင်းတွေကို နတ်ကောင်းမ တယ် ဆိုတာ မှန်တယ်လို့ ပြောရမယ်။အကြမ်းဖက်သမားတွေလုပ်ရပ်မအောင်မြင်လိုက်ဘူး"
Khit Thit Media
0 comments:
Post a Comment