Thursday, January 31, 2019

အစိုးရကို မလွှဲပြောင်းရသေးသည့်အတွက် ထိန်းချုပ်စင်တာမှ စည်းကမ်းမဲ့ယာဉ်များကို အရေးယူနိုင်ခြင်း မရှိသေးဟုဆို


ပြည်သူ့ရင်ပြင် နက္ခတာရာပြခန်းအနီးတွင် တည်ဆောက်ထားသည့် ထိန်းချုပ်စင်တာနှင့် ပတ်သက်၍ လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီမှ အစိုးရသို့ မလွှဲပြောင်းရသေးသည့်အတွက် စည်းကမ်းမဲ့ယာဉ်များကို အရေးမယူနိုင်သေးကြောင်း အမှတ်(၂) ယာဉ် ထိန်း တပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။ 
ယခင်အစိုးရလက်ထက် စီမံကိန်းတစ်ခုဖြစ်သည့် ရန်ကုန်မြို့ရှိ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းဆောင်ရွက်ရန်အတွက် ခလုပ် နှိပ်မီးပွိုင့်များနေရာတွင် ခေတ်မီဆင်ဆာစနစ်သုံး မီးပွိုင့်များ ပြောင်းလဲတပ်ဆင်ခြင်းနှင့် ထိန်းချုပ်စင်တာ တည်ဆောက်ခြင်း လုပ်ငန်းတို့ကို တင်ဒါခေါ်ယူခဲ့ပြီး တရုတ်နှင့် မြန်မာရွှေယင်းကုမ္ပဏီတို့မှ လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။ 
အဆိုပါ စီမံကိန်းသည် လက်ရှိအစိုးရလက်ထက် သက်တမ်း ၃ နှစ်အတွင်းမှသာ လုပ်ငန်းများ ပြီးစီးခဲ့သော်လည်း အစိုးရထံ လွှဲ ပြောင်းမပေးရသေးသည့်အတွက် စည်းကမ်းမဲ့ယာဉ်များနှင့် ပတ်သက်၍ မှတ်တမ်းတစ်ခုအနေဖြင့်သာ ထားရှိနိုင်ပြီး အရေးယူမှု မပြုလုပ်နိုင်သေးကြောင်း သိရသည်။ 

“မီးပွိုင့်တွေ တပ်ဆင်တဲ့ လုပ်ငန်းတွေက အကုန်ပြီးပြီ။ ဒါပေမဲ့ အရေးယူမှုတော့ မလုပ်သေးဘူး။ ဘာလို့လဲဆိုတော့ လုပ်ကိုင် ခွင့်ရရှိတဲ့ ကုမ္ပဏီက အစိုးရကို လွှဲပြောင်းမပေးရသေးဘူး။ မှတ်တမ်းတစ်ခုအနေနဲ့ကတော့ ရတယ်။ ဘယ်ကား ဘယ်လိုသွားလဲ ဆိုတာကအစ ကြည့်လို့ရတယ်”ဟု အမှတ်(၂)ယာဉ်ထိန်းရဲ တပ်ဖွဲခွဲမှူးရုံးမှ ဒုတိယရဲမှူးကြီး သိန်းဦးက ပြောသည်။ 

မီးပွိုင့်စနစ်တပ်ဆင်ခြင်းကို ပြီးခဲ့သည့် အစိုးရလက်ထက်တွင် တပ်ဆင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် မေလ ၁၅ ရက်တွင်အပြီး တပ်ဆင်ရမည်ဖြစ်သော်လည်း မြေပြင်ဆောင်ရွက်မှု အခက်အခဲများကြောင့် သတ်မှတ်ထားသည့် အချိန်တွင် လုပ်ငန်းများ မပြီးပြတ် သေး၍ တစ်ရက်လျှင် တစ်သိန်းနှုန်းဖြင့် ဒဏ်ကြေးများ ပေးဆောင်နေရကြောင်း သိရသည်။ 
  
ယင်းမီးပွိုင့်ကို ယခင် နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်၏ ရန်ပုံငွေထဲမှ ငွေကျပ်ဘီလျံ ၂၀ ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း လည်းသိရသည်။ 

စုသက်နှင်း (အကုန်သိ သတင်းဌာန)

0 comments:

Post a Comment