Monday, January 28, 2019

နှစ် ၂၀ အတွင်း အလယ်အလတ်ဝင်ငွေရှိသော နိုင်ငံဖြစ်လာရန် မျှော်မှန်းဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


လာမည့်နှစ် ၂၀ အတွင်း မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာဘီလီ ယံ ၂၀၀ ဝင်ရောက်လာ၍ အ လယ်အလတ် ဝင်ငွေရှိသည့် နိုင်ငံ တစ်ခုဖြစ်လာမည်ဟု မျှော်မှန်း ထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။ 
နေပြည်တော်၌ ဇန်နဝါရီ ၂၈ ရက်တွင် ပထမအကြိမ် အစိုးရ၊ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အ သင်းချုပ်တို့ ဦးဆောင်ကျင်းပ သည့် Invest Myanmar Sum-mit 2019 အခမ်းအနား၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ထည့်သွင်းပြောကြားခြင်းဖြစ် သည်။ 

‘‘ကမ္ဘာတစ်ဝန်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ၂၀၁၈ အတွင်း မှာ ၂၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါ တယ်။ အာရှပစိဖိတ်ဒေသက ဒီ လိုကျဆင်းတဲ့ဒဏ်က ကင်းလွတ် ခဲ့ပါတယ်။ ဒီထဲမှာ မြန်မာက ဒေသအတွင်းမှာ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုအများဆုံးရတဲ့ နိုင်ငံဖြစ် ပြီး မနှစ်ကထက် ၄၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်’’ဟု နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က ပြော သည်။ 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင် ရောက်ရာတွင် တာဝန်သိစီးပွား ရေးလုပ်ငန်းနှင့် စံချိန်မီစီးပွားရေး လုပ်ငန်းများက မြန်မာနိုင်ငံကို နောက်နှစ်ပေါင်း ၂၀ အတွင်း ဝင်ငွေအလယ်အလတ်တန်းစား ရှိသည့် နိုင်ငံတစ်ခုဖြစ်ရမည်ဖြစ် ပြီး ထို့အတွက် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု မြှင့်တင်ရေးစီမံချက်ကို မကြာသေးမီက မိတ်ဆက်ခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ 

မြန်မာနိုင်ငံက နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုတွင် အလားအလာ ကောင်းများ ရှိနေခြင်းကို မလေး ရှားအခြေစိုက် Kian Joo ကုမ္ပဏီ အုပ်စုက သီလဝါအထူးစီးပွားရေး ဇုန်တွင် မကြာမီက လာရောက် ရင်းနှီးမြှုပ်နှံခြင်းက သက်သေပြစ ရာတစ်ခုဖြစ်သည်ဟု နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြော သည်။ 

မကြာမီက Asian+3 Microeconomic Research Office ၏ ထုတ်ပြန်ချက်အရ မြန်မာ နိုင်ငံသည် ၂၀၁၈-၁၉ ဘဏ္ဍာ နှစ်တွင် စီးပွားရေးတိုးတက်နှုန်း ၇ ဒသမ ၄ ရာခိုင်နှုန်း ရှိမည် ဖြစ်သည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့ သည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။ 

၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ငွေကြေးဖောင်းပွနှုန်း ၅ ရာခိုင် နှုန်းတွင် တည်ငြိမ်နေမည်ဖြစ်ပြီး ၂၀၁၅ တွင် ရှိခဲ့သည့် ၉ ဒသမ ၉၉ ရာခိုင်နှုန်းထက် ပိုမိုလျော့ နည်းကောင်းမွန်ခဲ့သည်ဟု ဒေါ် အောင်ဆန်းစုကြည်က ပြော သည်။ 

ထို့အပြင် ရင်းနှီးမြှုပ်နှံမှု ဥပဒေသည်လည်း ပိုမိုပွင့်လင်း မြင်သာခြင်း၊ ပိုမိုလွတ်လပ်ခြင်း နှင့် ရင်းနှီးမြှုပ်နှံသူများကို ပိုမိုကာကွယ်ပေးခြင်းရှိသည်ဟု ၎င်း ကဆိုသည်။ ထို့အပြင် ၂၀၁၈ သြဂုတ်တွင် စတင်မိတ်ဆက်ခဲ့ သည့် အွန်လိုင်းစနစ်သုံး ကုမ္ပဏီ မှတ်ပုံတင်စနစ်ကြောင့် ငါးလအတွင်း ကုမ္ပဏီအသစ် ၈,၄၀၀ ကျော်ရှိခဲ့သည်။ 

လက်လီလုပ်ငန်းများ ဖွင့် လှစ်ပေးခြင်း၊ ပညာရေးလုပ်ငန်း များကို နိုင်ငံခြားရင်းနှီးမြှုပ်နှံခွင့် ပြုခြင်း၊ ပြည်တွင်းကုမ္ပဏီများကို အကျိုးတူပူးပေါင်းဆောင်ရွက်ခွင့် ပြုခြင်း စသည့် ဖြေလျှော့မှုများကို ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ဂျပန်၊ တရုတ်၊ ကိုရီးယား စသည့် နိုင်ငံ မှာ လုပ်ငန်းရှင်များကို ပိုမိုစိတ် စားကြသည်ဟု ၎င်းကဆက်လက် ပြောသည်။ 

သီလဝါအထူးစီးပွားရေးဇုန် တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ဝင် ရောက်ခဲ့ပြီး ထိုငွေကြေးများသည် မြန်မာ့စီးပွားရေးထဲသို့ အမှန်တ ကယ် ဝင်ရောက်သည့် နိုင်ငံခြား ငွေများဖြစ်သည်ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။ 

ထို့အပြင် မြန်မာနိုင်ငံသည် မဟာဗျူဟာမြောက် နေရာတွင် တည်ရှိနေ၍ တရုတ်၊ အိန္ဒိယနှင့် အာဆီယံနိုင်ငံများကြားတွင် ရှိသဖြင့် လူဦးရေ သန်း ၃,၅၀၀ ကို ချိတ်ဆက်ပေးနိုင်သည့် ဈေးကွက် ဖြစ်နေသည်ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။ 

သို့သော် ရင်းနှီးမြှုပ်နှံရာတွင် အခြေခံအဆောက်အအုံ မပြည့်စုံ မှု၊ လျှပ်စစ်မီးမပြည့်စုံမှုများက လည်း စိန်ခေါ်မှုအဖြစ်ရှိနေဆဲဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ 

ယနေ့စတင်ကျင်းပသည့် Invest Myanmar Summit 2019 သို့ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင် ၁,၆၀၀ ကျော် တက် ရောက်ပြီး တရုတ်နိုင်ငံက အများ ဆုံးဖြစ်သည်။ နှစ်ရက်ကြာ ကျင်းပသော အခမ်းအနားတွင် အစိုးရက ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၂၀ ကို ပြသခဲ့သည်။

7Day

0 comments:

Post a Comment