Thursday, January 31, 2019

ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံကုမ္ပဏီကို အမေရိကန် အရေးယူပိတ်ဆို့


ဗင်နီဇွဲလား အာဏာရှင်သမ္မတ နီကိုလပ်စ်မာဒူရိုအပေါ် ဖိအားပေးမှု တိုးမြှင့်နေသည့် ဝါရှင်တန်က နိုင်ငံပိုင်ရေနံကုမ္ပဏီ PDVSA ကို အရေးယူပိတ်ဆို့မှုချမှတ်မည်ဟု တနင်္လာနေ့က ပြောကြားလိုက်ကြောင်း DW သတင်းတွင်ဖော်ပြထားသည်။ 
ဗင်နီဇွဲလား ယာယီသမ္မတအဖြစ် ယခင်အပတ်က ကြေညာထားသူ ဂွါအီဒိုကို ဝါရှင်တန်က တရားဝင် အသိအမှတ်ပြု ထောက်ခံခဲ့ပြီးနောက် ယခု အရေးယူမှု အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

ဗင်နီဇွဲလားမြို့တော် ကာရာကပ်စ် ထိန်းချုပ်မှုကို ဂွါအီဒို၏ ယာယီအစိုးရ သို့မဟုတ် ရွေးချယ်တင်မြှောက်ခံအစိုးရ လက်ထဲမရောက်ခင်အချိန်အထိ အကျပ်အတည်းဆိုက်နေသော တိုင်းပြည်မှ သယံဇာတများကို မာဒူရို မယူနိုင်အောင် တားဆီးရန်ရည်ရွယ်သည်ဟု အမေရိကန် ဘဏ္ဍာရေးဌာနဝန်ကြီး စတီဖင်မန်ချင်က ပြောကြားသည်။ 

PDVSA ၏ အမေရိကန် အခြေစိုက်ကုမ္ပဏီခွဲ Citgo ကိုမူ အမေရိကန်ရှိ ဘဏ်စာရင်းထဲသို့ ဝင်ငွေများ အပ်နှံနေသ၍ ဆက်လက်လုပ်ကိုင်ခွင့်ပြုမည်ဟု မန်ချင်က ပြောကြားသည်။ 

မာဒူရိုကမူ အမေရိကန်တို့သည် Citgo ကိုလုယူရန် ကြိုးစားနေသည်၊ သင်းတို့ကိုတရားစွဲမည်ဟု စွပ်စွဲတုံ့ပြန်ထားသည်။ 

ဗင်နီဇွဲလားနိုင်ငံ ကျရှုံးခဲ့ခြင်းအတွက် တာဝန်ရှိသူများအား တာဝန်ယူအောင် ဝါရှင်တန်က ပြုလုပ်ပေးခြင်းဖြစ်သည်ဟု စတီဖင်မန်ချင်က ပြောကြားသည်။ 

ဘဏ္ဍာရေးဝန်ကြီး၏ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသော အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်က ယခုအရေးယူပိတ်ဆို့မှုများသည် မာဒူရိုကို အာဏာမြဲအောင် ပြုလုပ်ပေးနေသည့် အစိုးရအဖွဲ့ အဂတိလိုက်စားမှုများကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ပြောကြားသည်။

The Voice

0 comments:

Post a Comment