Thursday, January 31, 2019

တောင်တွင်းကြီးတွင် မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်နှစ်လုံးမီးလောင်



မကွေးတိုင်း တောင်တွင်းကြီးမြို့ စစ်တားကျေးရွာတွင် ဇန်နဝါရီ ၃၀ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးဆက်၍ နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ယင်းမြို့မီးသတ်ဦးစီးဌာနထံမှ သိရသည်။ 
အဆိုပါကျေးရွာနေ အိမ်ရှင် ဦးကြည်ဝင်း၏ နေအိမ်မီးဖိုရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် ဝါးထရံကာသို့ မီးကူးဆက်လောင်ကျွမ်းခြင်းဖြစ်ပြီး လောင်းကျွမ်းပြီး ၄၅ မိနစ်ကြာပြီးနောက် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။ 


ယင်းမီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ် ၇ သိန်းရှိ အလျား၊ အနံ ၁၈ ပေ၊ အမြင့် ၂၀ ပေရှိသည့် သွပ်မိုး၊ ထရံကာ၊ ပျဉ်းခင်း အိမ်တစ်လုံးနှင့် အလျား ၂၇ ပေ၊ အနံ ၁၈ ပေ၊ အမြင့် ၂၀ ပေရှိသည့် သွပ်မိုး၊ ထရံကာ အိမ်တစ်လုံးတို့ မီးလောင်ကျွမ်းဆုံးရှုံးခဲ့သည့်အတွက် အိမ်ရှင် ဦးကြည်ဝင်း (၃၀ နှစ်)ကို ဆတ်သွားနယ်မြေ ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ယင်းမီးသတ်ဦးစီးဌာနထံမှ သိရသည်။


The Voice 

0 comments:

Post a Comment