Monday, January 28, 2019

ကျပ်သိန်းတစ်သောင်းအာမခံသူမရှိသဖြင့် နန္ဒမာလာကို ဆက်လက်ချုပ်ထားမည်


ကျပ်သိန်းပေါင်းများစွာလိမ်လည်မှုဖြင့် တရားစွဲခံထားရသောနန္ဒမာလာ (ခ) ထန်ဏီဝင်းပြည့်ကို ယမန်နေ့က လှိုင်မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ရာ ကျပ်သိန်းတစ်သောင်းအာမခံပေးသူမရှိသဖြင့် နန္ဒမာလာကို ဆက်လက်ဖမ်းချုပ်ထားမည်ဖြစ်သည်။ 
ထို့အပြင်ယခုရုံးချိန်းတွင် နန္ဒမာလာသည် တရားခွင်သို့မ ရောက်မီတရားရုံးအချုပ်အတွင်း အတက်ရောဂါဖြစ်ကာ ခေတ္တသတိလစ်သွား၍ တရားခွင်ရပ် ဆိုင်းခဲ့ရသည်။ 

‘‘ဒီရုံးချိန်းမှာ တရားလိုစစစ် ဖို့ကျွန်တော်တို့ဘက်က အဆင် သင့်ဘဲ။ မူးလဲတယ်ဆိုတော့ ဆရာဝန်တွေဘာတွေနဲ့စစ် တရား ခွင်မထုတ်ဘဲ ပြန်ပို့လိုက်တာပေါ့’’ ဟု တရားလိုနေ့ရှေ့ဦးလှစိန်က ပြောသည်။ 

နန္ဒမာလာကို ပြီးခဲ့သည့် ရုံးချိန်းဇန်န၀ါရီ ၁၅ ရက်ကပင် ကျပ်သိန်းငါးထောင်တန် နှစ်ဦး၊ စုစုပေါင်း ကျပ်သိန်းတစ်သောင်း ဖြင့် အာမခံပေးထားသော်လည်း ယခုအချိန်ထိ နန္ဒမာလာကို အာမခံပေးမည့်သူမရှိပေ။ ထို့ ကြောင့် ၎င်းသည်အချုပ်ဖြင့်ပင် တရားရင်ဆိုင်ရမည်ဖြစ်သည်။ 

‘‘သိန်းငါးထောင်တန် နှစ်ယောက်အာမခံရမှာ တစ် ယောက်မှမရှိပါဘူး’’ ဟု တရားလို ဦးနေမျိုးနိုင်ကပြောသည်။ 

အာမခံကိစ္စနှင့် စပ်လျဉ်း၍ တရားရုံး၏ ဆုံးဖြတ်ချက်အရ မည်သည့်အချိန်တွင်မဆို နန္ဒမာ လာကို ကျပ်သိန်းငါးထောင်ဖြင့် လူနှစ်ဦးအာမခံပေးပါက အချုပ် မှလွှတ်ပေးမည်ဖြစ်သည်။ အချိန် ကန့်သတ်ထားခြင်းမရှိပေ။ 

သို့သော် နန္ဒမာလာသည် မင်္ဂလာဒုံမြို့နယ် တရားရုံးတွင် ရင်ဆိုင်နေရသော လိမ်လည်မှု တွင်လည်း အာမခံအတွက် ကျပ် သိန်းတစ်သောင်း တင်ပြရမည် ဖြစ်သည်။ ထို့ကြောင့်တရားရုံးနှစ် ခုတွင် စုစုပေါင်းကျပ်သိန်းနှစ် သောင်းတင်ပြနိုင်မှသာ နန္ဒမာ လာသည် အချုပ်ပြင်ပမှတရား ရင်ဆိုင်နိုင်မည်ဖြစ်သည်။ 

တရားခွင်ရပ်နားပြီး တရား ရုံးအချုပ်မှ ပြန်အထွက်တွင် နန္ဒ မာလာက ကျပ်သိန်းငါးထောင် တန်နှစ်ဦးဖြင့် အာမခံပေးရန်မှာ များလွန်းသဖြင့် အဆင်မပြေ ကြောင်း သတင်းထောက်များ အား ပြောကြားသည်။ 

နောက်တစ်ပတ်ရုံးချိန်းကို ဖေဖော်ဝါရီ ၅ ရက်သို့ထပ်မံချိန်း ဆိုခဲ့သည်။

7Day

0 comments:

Post a Comment