Monday, January 28, 2019

နိုင်ငံခြား ကုမ္ပဏီများတွင် တယ်လီနောနှင့် အူရီးဒူးက ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်

၂၀၁၇-၁၈ အခွန်စည်း ကြပ်နှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင် သည့် နိုင်ငံခြားကုမ္ပဏီများစာရင်း တွင် ပြည်ပဆက်သွယ်ရေးအော် ပရေတာများဖြစ်သည့် တယ်လီ နောနှင့် အူရီးဒူးတို့က နံပါတ် (၁) နှင့် (၂)နေရာတွင် အသီးသီးရပ် တည်ခဲ့သည်။ 
အစိုးရ ထုတ်ပြန်ထား သည့် ၂၀၁၇-၁၈ အခွန်စည်း ကြပ်နှစ်အတွင်း အခွန်ပေးဆောင် မှု အများဆုံး ကုမ္ပဏီများစာရင်း အရ တယ်လီနောမြန်မာသည် ကျပ်ဘီလီယံ ၅၀ ကျော် အခွန် ပေးဆောင်ခဲ့သဖြင့် ကုန်သွယ် လုပ်ငန်းခွန် အများဆုံးပေးဆောင် သော နိုင်ငံခြားကုမ္ပဏီများထဲ တွင် နံပါတ် (၁)နေရာ၌ ရှိနေခဲ့ပြီး အူရီးဒူးမြန်မာသည် ကျပ် ၂၃ ဒသမ ၉၉ ဘီလီယံ အခွန်ပေးဆောင်ခဲ့သဖြင့် နံပါတ်(၂)နေရာ တွင် ရပ်တည်နေသည်။ 

တယ်လီနောမြန်မာသည် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သည့် နိုင်ငံခြားကုမ္ပ ဏီအနေဖြင့် ရပ်တည်နိုင်သည့် အပြင် ၀င်ငွေခွန် ကျပ် ၈၀ ဘီလီ ယံကျော်ပေးဆောင်ခဲ့သဖြင့် ၀င်ငွေခွန် အများဆုံးပေးဆောင်သည့် နိုင်ငံခြားကုမ္ပဏီများ စာရင်း၌ နံပါတ်(၂)နေရာတွင်ရှိကြောင်း ယင်းကုမ္ပဏီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဝင်ငွေခွန်၊ ကုန်သွယ်လုပ် ငန်းခွန်နှင့် အထူးကုန်စည်ခွန် အ များဆုံးပေးဆောင်ခဲ့သူများကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ် ချီးမြှင့်သည့် အခမ်းအနားအား ဇန်န၀ါ ရီ ၂၅ ရက်က နေပြည်တော် ရှိ သမ္မတအိမ်တော်၌ ပြုလုပ်ခဲ့ သည်။

7Day

0 comments:

Post a Comment