Thursday, January 31, 2019

မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ နေအိမ်ဖောက်ထွင်းခံရ

မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ နေအိမ်တွင် ယမန်နေ့ နံနက်အစောပိုင်းက ဖောက်ထွင်းခံရသော်လည်း ပစ္စည်းများ ပျောက်ဆုံးခြင်းမရှိကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြောသည်။ 
မန္တလေးမြို့ မဟာအောင် မြေမြို့နယ် ၈၉ လမ်း ၃၅ လမ်းနှင့် ၃၆ လမ်းကြားရှိ နေအိမ်ကို သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ဇန်နဝါရီ ၃၁ ရက် နံနက် ၂ နာရီခန့်တွင် ဖောက်ထွင်းဝင်ရောက်ခဲ့သည်။ 

ယင်းအမျိုးသားသည် သုံး ထပ်တိုက်နေအိမ်ရှိ အပေါ်ဆုံး ထပ်မှ ဝင်ရောက်ကာ တစ်ထပ် ချင်းစီ ဝင်ရောက်ရှာဖွေခဲ့ပြီး သက် ဆိုင်ရာ ရဲတပ်ဖွဲ့ရောက်ရှိချိန်၌ နောက်ဖေးမှ ထွက်ပြေးခဲ့ကြောင်း ဦးအောင်ကျော်ဦးကပြောသည်။ 

‘‘အိမ်အပေါ်ထပ် မှန်ပြတင်း ပေါက်ကနေ ဖောက်ဝင်လာတာ။ ပစ္စည်းတွေက ရှိတယ်ဗျ။ လက်ပ်တော့တွေရော၊ အခြားပစ္စည်းတွေ ရော။ သူယူမသွားတာ။ ကျွန်တော့် သားက မအိပ်ဘူး။ စီစီတီဗီကနေ ကြည့်နေတာ။ ရဲကို ဖုန်းဆက်ပြီး ရဲတွေရောက်လာတော့ သိလို့နေ မယ် အနောက်ဘက်ကနေ ထွက်ပြေးသွားတာ’’ဟု ဦးအောင်ကျော် ဦးက ပြောသည်။ 

နေအိမ်အတွင်း ဖောက်ထွင်း ဝင်ရောက်သူသည် ပြန်လည်ထွက်ပြေးရာ၌ နေအိမ်မီးဖိုချောင်အတွင်းရှိ ဓားဖြင့် တိုင်းလွှတ်တော်ဥက္ကဋ္ဌ၏ သားကို ရန်ပြုနေပုံများစီစီတီဗီမှတ်တမ်းများတွင် တွေ့ရ သည်။ 

‘‘အင်္ကျီလည်း မပါဘူးဗျ။ သူ့ကြည့်ရတာ ဆေးကြောင် ကြောင်နေတဲ့ ပုံစံမျိုးကြီးပဲ’’ဟု ဦးအောင်ကျော်ဦးက ပြောသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း ၎င်းက ဆိုသည်။

7Day

0 comments:

Post a Comment