Thursday, January 31, 2019

ဒုရဲမှူးဟောင်း မိုးရန်နိုင် ပြန်​လည်​လွတ်​​မြောက်​၊ မည်သူ့ကိုမှ အာဃာတမထားဟု ပြောကြား


ရိုက်တာသတင်းထောက်နှစ်ဦးကို ရဲတပ်ဖွဲ့က ထောင်ဖမ်းခဲ့တာလို့ တရားရုံးမှာ ထွက်ဆိုခဲ့တဲ့အတွက် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့ ထောင်ဒဏ်တနှစ် ကျခံနေရတဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်ဟာ ဖေဖော်ဝါရီ ၁ ရက် ဒီကနေ့မနက်​က အင်းစိန်​ဗဟိုအကျဉ်း​ထောင်​ကနေ ပြန်​လည်​လွတ်မြောက်လာပါတယ်။ 
ပြန်လည်လွတ်မြောက်ခဲ့တဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်က “ဒီကိစ္စတွေအတွက် ဘယ်သူ့မှကို အာဃာတ မရှိပါဘူး။ မိသားစုဝင်တွေကို စောင့်ရှောက်ခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ရဲလုပ်ထုံး လုပ်နည်းတွေဟာ ပြင်ရမယ့်ဥပဒေတွေပါ” လို့ ပြောပါတယ်။ 

ဦးမိုးရန်နိုင်ဟာ အကျဉ်းထောင်က လွတ်မြောက်လာပြီးနောက် မိသားစုဝင်တွေရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့ကို သွားရောက်နေထိုင်ဖို့ ရှိပါတယ်။ 

ဦးမိုးရန်နိုင်ဟာ ဒီနေ့ အင်းစိန်ထောင်ကနေ လွတ်မြောက်မယ်ဆိုတဲ့ သတင်းတွေကြောင့် မိသားစုဝင်တွေနဲ့ သတင်းထောက်တွေ သွားရောက် စောင့်ဆိုင်းခဲ့ကြပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်ကလည်း သူပြန်လွတ်မယ်ဆိုလို့ မိသားစုဝင်တွေ ထောင်မှာ သွားရောက်စောင့်ဆိုင်းခဲ့ကြပေမယ့် လွတ်မယ့်ရက် မှားယွင်းတွက်ချက်မိတာကြောင့် ပြန်လွတ်မလာခဲ့ပါဘူး။ 

ရိုက်တာသတင်းထောက်နှစ်ဦးကို ရဲမှူးချုပ်တင်ကိုကိုက ထောင်ချောက်ဆင် ဖမ်းဆီးခိုင်းခဲ့တာလို့ တရားရုံးမှာ ထွက်ဆိုခဲ့တာကြောင့် ဦးမိုးရန်နိုင်ဟာ ဒုရဲမှူးရာထူးကနေ ထုတ်ပယ်ခံခဲ့ရရုံမက ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၁၆(ခ) ၂၂ နဲ့ ဧပြီ ၂၇ ရက်က ထောင်ဒဏ်တနှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

DVB

0 comments:

Post a Comment