Wednesday, January 30, 2019

ထိုင်းမှာ မီးခိုးမြူ​တွေ​ကြောင့်​ ​ကျောင်း​တွေပိတ်​​ထားရ


မီးခိုးမြူ​တွေရဲ့​အန္တရာယ်​ရှိတဲ့အကျိုးသက်​​ရောက်​မှု​တွေက က​လေး​တွေကိုထိခိုက်​မှာစိုးရိမ်​တာ​ကြောင့်​ အခုတစ်​ပတ်​အတွက်​ကျန်​တဲ့​ကျောင်းတက်​ရက်​နှစ်​ရက်​မှာ ဘန်​​ကောက်မြို့တစ်​ခွင်​က ​ကျောင်း(၄၀၀)​ကျော်​ကိုပိတ်ထားဖို့ ထိုင်းအာဏာပိုင်​​တွေက အမိန့်​ထုတ်​ပြန်​ခဲ့ပါတယ်​။ 
လေထုထဲမှာပါ​နေတဲ့​သေးငယ်​တဲ့အမှုန်​(PM2.5)​တွေ​ကြောင့်​ ဘန်​​ကောက်​ရဲ့အဆိုးဆုံး​လေထုညစ်​ညမ်းမှု​တွေကိုကြုံ​တွေ့​နေရတာပါ။ 
ယာဉ်​​ကြောပိတ်​ဆို့မှု​တွေက​နေ မီးခိုး​ငွေ့ထုတ်​လွှတ်​တာ၊ ​ဆောက်​လုပ်​​ရေးလုပ်​ငန်း​တွေ၊ စိုက်​ပျိုး​ရေးအမှိုက်​​တွေကိုမီးရှို့တာနဲ့ စက်​ရုံ​တွေ​ကြောင့်​ဖြစ်​တဲ့ညစ်​ညမ်းမှု​တွေ​ကြောင့်​ မီးခိုးမှု​တွေဖြစ်​​နေတာပါ။ 
လေထုသန့်​​စေဖို့ မြို့ထဲမှာ ​ရေလိုက်​ဖြန်းခဲ့တဲ့အာဏာပိုင်​​တွေရဲ့လုပ်​ရပ်​ကလည်း မ​အောင်​မြင်​ပါဘူး။ 
မိုးအတုရွာတာ၊ လမ်း​ကြော​ပိတ်​ဆို့မှု​တွေ​လျှော့တာနဲ့ လမ်း​တွေကို​ရေဖြန်းတာ​တွေ အာဏာပိုင်​​တွေကလုပ်​ခဲ့ပြီးပါပြီ။ 
လာမယ့်​တစ်​ပတ်​ တရုတ်​နှစ်​သစ်​ကူးအားလပ်​ရက်​မှာ နံ့သာတုံး​တွေမီးရှို့မှာနဲ့ေ​ဗျာက်​အိုး​တွေ​ဖောက်​မှာကိုလည်း တားမြစ်​​နေပါတယ်​။ 
ကမ္ဘာ့​လေထုအရည်​အ​သွေးညွှန်းကိန်းစီမံကိန်း(A.Q.I.C.N)ရဲ့ထုတ်​ပြန်​ချက်​အရ ဘန်​​ကောက်​ရဲ့​လေထုအရည်​အ​သွေးညွှန်းကိန်း(A.Q.I)ဟာ (၁၇၀)ပတ်​ဝန်းကျင်​မှာရှိ​နေပြီး ဒါဟာ ကျန်းမာ​ရေးအတွက်​ မသင့်​​လျော်​တဲ့အ​ခြေအ​နေလို့ သတ်​မှတ်​နိုင်​ပါတယ်​။ 
ဒါ​ပေမဲ့ အိန္ဒိယနိုင်​ငံမြို့​တော်​နယူး​ဒေလီမှာ​တော့ (A.Q.I)က (၃၉၀)ပတ်​ဝန်းကျင်​မှာရှိပြီး အန္တရာယ်​ရှိတဲ့​လေထုညစ်​ညမ်းမှုအဆင့်​ဖြစ်​ပါတယ်​။ 


Source-BBC 
#ဥက္ကာ 
#TheFifthWaveNews

0 comments:

Post a Comment