Thursday, January 31, 2019

ရွှေဈေး စံချိန်တင်တက်ပြီး ဒေါ်လာဈေးကျ


ကမ္ဘာ့ရွှေဈေးဆက် တိုက်မြင့်တက်လာမှုကြောင့်ပြည် တွင်းရွှေဈေးပါလိုက်ပါမြင့်တက် ပြီး ဇန်န၀ါရီ ၃၁ ရက်တွင်အ ခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ဆယ်သိန်းခြောက်သောင်း ကျော်သို့ စံချိန်တင်မြင့်တက်ခဲ့သည်။ 
ပြည်တွင်းဈေးကွက်တွင် ရွှေဈေးစံချိန်တင်တက်လာသော် လည်း ရောင်းသူ၊ ၀ယ်သူမျှခြေ တစ်ခုတွင် ရှိနေသည်ဟု ရန်ကုန် တိုင်းရွှေလုပ်ငန်းရှင်အသင်း အ တွင်းရေးမှူး ဦးဝင်းမြင့်ကပြော ကြားသည်။ 

ပြည်တွင်း ရွှေဈေးစံချိန်တင် မြင့်တက်ရခြင်းနှင့် ပတ်သက်၍ ‘‘တခြားအကြောင်းတွေကြောင့် မဟုတ်ပါဘူး။ ကမ္ဘာ့ရွှေဈေးတက် လို့ပြည်တွင်းဈေးလိုက်တက်သွား တာပါ’’ ဟု ဦးဝင်းမြင့်ကပြော သည်။ 

ကမ္ဘာ့ရွှေဈေးသည် ဇန်န၀ါ ရီ တတိယပတ်တွင် တစ်အောင် စလျှင် ကန်ဒေါ်လာ ၁,၂၈၂ ဒေါ် လာခန့်ရှိခဲ့ပြီး လကုန်ရက်တွင် ကန်ဒေါ်လာ ၁,၃၂၀ သို့ပြန် လည်မြင့်တက်လာသည်။ ကမ္ဘာ့ ရွှေဈေးသည် ၁၄ ရက်အတွင်း တစ်အောင်စလျှင် ကန် ၃၈ ဒေါ် လာခန့် မြင့်တက်လာခြင်းဖြစ် သည်။ 

ဇန်န၀ါရီတတိယပတ်တွင် ပြည်တွင်း အခေါက်ရွှေဈေးသည် တစ်အောင်စလျှင် ကျပ်ဆယ် သိန်းငါးသောင်းဝန်းကျင်မှ ကျပ် တစ်သောင်းကျော်ဈေးတက်လာ သည်။ 

ပြည်တွင်းရွှေဈေး တက် သော်လည်း အမေရိကန်ဒေါ်လာ တန်ဖိုး ဆက်တိုက်ပြန်လည်ကျ ဆင်းလာပြီး ဇန်န၀ါရီ ၃၁ ရက် တွင် တစ်ဒေါ်လာ ၁,၅၀၈ ကျပ် ၀န်းကျင်တွင်ရှိနေသည်။

7Day

0 comments:

Post a Comment