Thursday, January 31, 2019

လူသတ်မှုကျူးလွန်ခဲ့တဲ့ ဖိလစ်ပိုင်အမျိုးသမီး အိမ်အကူတစ်ယောက်ကို ဆော်ဒီကွပ်မျက်


ဆော်ဒီမှာ လာရောက်လုပ်ကိုင်နေတဲ့ ဖိလစ်ပိုင်အမျိုးသမီးအိမ်အကူကို ကွပ်မျက်လိုက်ပြီဖြစ်ကြောင်း ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အသက် ၃၉ နှစ်အရွယ်ရှိတဲ့ ၄င်းအမျိုးသမီးကို ၄င်းရဲ့လူသတ်မှုအတွက် လျော်ကြေးပေး၍မရကြောင်း တရားရုံးက စီရင်ချက်ချပြီး သေမိန့်ချခဲ့ပါတယ်။ ရှာရီယာဥပဒေမှာ လူသတ်မှုအတွက် လျော်ကြေးပေး ကြေအေးခွင့်ရှိပြီး သေသူရဲ့မိသားစုက ၄င်းကို လက်မခံမှသာ သေစားသေစေ စီရင်ပါတယ်။ 
အမျိုးသမီးကို ဇန်နဝါရီ ၂၉ ရက်နေ့တုန်းက ကွပ်မျက်ခဲ့ကြောင်း အမှုကြားနာစဉ်မှာ သံအကူအညီများ ပေးခဲ့ကြောင်း ဖိလစ်ပိုင်သံအမတ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။ တရားခံရဲ့မိသားစုကလည်း ၄င်းရဲ့အမည်ကို ထိန်ချန်ထားလိုတဲ့အပြင် အမှုအကြောင်းကိုလည်း အစိုးရတွေက တရားဝင်ထုတ်ပြန်ထားခြင်း မရှိပါဘူး။ ပြည်ပမှာ အလုပ်ထွက်လုပ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံသားဦးရေဟာ ၂.၃ သန်းရှိပါတယ်။ ဆော်ဒီရောက် ပြည်ပလုပ်သားထုရဲ့ အများစုဟာလည်း ဖိလစ်ပိုင်တွေဖြစ်နေပြီး ၄ ပုံ ၁ ပုံကျော်ပါတယ်။ ဆော်ဒီဟာ ၂၀၁၅ ခုနှစ်တုန်းက အင်ဒိုအိမ်အကူနှစ်ယောက်ကိုလည်း တစ်ပတ်အတွင်း ရှေ့ဆင့်နောက်ဆင့် ကွပ်မျက်ခဲ့ပါတယ်။ 

ZHO (အကုန်သိ သတင်းဌာန) 

0 comments:

Post a Comment