Thursday, January 31, 2019

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် သဘောတူပြီး စနစ်တကျဖြစ်ရန်သာလိုဟု တပ်ချုပ်ပြောကြား


ဖွဲ့စည်းပုံအခြေခံဥပ ဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ သဘောတူပြီး စနစ်တကျဖြစ်ရန် သာလိုကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောကြား သည်။ 
ဇန်န၀ါရီ ၃၁ ရက်က မိတ္ထီ လာလွင်ပြင်ဒေသ(မုန်တိုင်)တွင် တပ်မတော်ကြည်း၊ လေ အ မြောက်နှင့် သံချပ်ကာတပ်ဖွဲ့များ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်း(ဘုရင့်နောင်) အပြီး မီဒီယာများ နှင့် တွေ့ဆုံစဉ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ မေးမြန်းရာ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က အထက်ပါအတိုင်းဖြေ ကြားခြင်းဖြစ်သည်။ 

‘‘ပြင်ဖို့ သဘောတူပြီးသား။ အခြေခံဥပဒေမပြင်ဘူးလို့ တစ်ခါ မှမပြောခဲ့ဘူး။ ဟိုးနှစ်ပေါင်းများ စွာကတည်းက ပြောခဲ့တယ်။ ပထမအကြိမ်အစိုးရသက်တမ်း ကလည်း ပြောခဲ့တယ်။ သို့သော် စနစ်တကျဖြစ်ဖို့ပဲ။ ကျန်တာက တော့ ဘာမှမပြောဘူး။ ပြင်သင့် ပြင်ထိုက်တဲ့ဟာ ပြင်သင့်ပြင် ထိုက်တဲ့အချိန်မှာ ပြင်ဖို့ရှိပါ တယ်။ ပြင်မှာပါ’’ ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြန် လည်ဖြေကြားသည်။ 
တပ်မတော်သည် နိုင်ငံ တော်၏တာဝန်ကိုထမ်းဆောင် နေခြင်းဖြစ်ပြီး ကာကွယ်ရေးလုပ် ငန်းစဉ်သည် ချက်ချင်းကောက် လုပ်၍မရကြောင်းနှင့် ကြိုတင် ပြင်ဆင်မှုများစွာလိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ပူးပေါင်းစစ်ဆင်ရေးလေ့ ကျင့်ခန်းအပြီး ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြား သည်။ 

ထို့အပြင် နိုင်ငံတော်ကာ ကွယ်ရေးအတွက် ဘက်ပေါင်းစုံ မှ ပြင်ဆင်ရသဖြင့် လေ့ကျင့်မှုများ ကို တစ်နှစ်ထက်တစ်နှစ်ပိုမိုပြည့် စုံအောင် လုပ်ဆောင်ရန်ရှိသည် ဟု ကာကွယ်ရေးဦးစီးချုပ်က ဆို သည်။ 

ယခုကဲ့သို့ စစ်ရေးလေ့ကျင့် နေမှုနှင့်ပတ်သက်၍ ပြည်ပရန် ကာကွယ်ရေး လေ့ကျင့်နေခြင်း ဖြစ်ပြီး ပြည်တွင်းရှိနိုင်ငံသားများ ကိုမူ ရန်သူအဖြစ်သတ်မှတ်ထား ခြင်းမရှိဟု တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ဖြည့်စွက်ပြော ကြားသည်။ 

‘‘တို့ဆီမှာ ရန်သူရှိတယ်လို့ မသတ်မှတ်ထားဘူး။ ဘယ်သူ့ ရယ်မှ ရန်သူလို့မသတ်မှတ်ဘူး။ သို့သော် ရန်သူဖြစ်လာခဲ့သော် တို့ဘယ်လိုလုပ်မလဲဆိုတဲ့ဟာကို တော့ တွက်ရတာပေါ့’’ ဟု ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ 

တပ်မတော်က ပူး ပေါင်းစစ်ဆင်ရေး လေ့ကျင့်မှု များ နှစ်စဉ်ပြုလုပ်ရန်စီစဉ်ထား ကြောင်း တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ ဦးစီးကော် မတီ အတွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းက 7 Day Daily သတင်းစာအားပြောသည်။ 

ပူးပေါင်းစစ်ဆင်ရေးလေ့ ကျင့်မှုများကို ယခင် ၂ နှစ်လျှင် တစ်ကြိမ် ပြုလုပ်သော်လည်း အစုအဖွဲ့လိုက်အသားကျစေရေး ရည်ရွယ်ချက်ဖြင့် ယခုနောက်ပိုင်း တစ်နှစ်တစ်ကြိမ် ပြောင်းလဲ လေ့ကျင့်ခြင်းဖြစ်သည်ဟု ဗိုလ် မှူးချုပ်ဇော်မင်းထွန်းက ပြော သည်။ 

‘‘နောက်နှစ်တွေက နှစ်စဉ် လုပ်ဖြစ်မှာပါ။ လုပ်ဖြစ်ဖို့များပါ တယ်’’ ဟု ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းကဆိုသည်။ 

ပူးပေါင်းစစ်ဆင်လေ့ကျင့် ရေးများကို ၁၉၉၅ မှ ယနေ့ထိ ကိုးကြိမ် (၁၉၉၅၊ ၁၉၉၇ (၂ ကြိမ်)၊ ၂၀၀၉၊ ၂၀၁၂၊ ၂၀၁၄၊ ၂၀၁၆၊ ၂၀၁၈၊ ၂၀၁၉) တွင်ပြု လုပ်ခဲ့သည်။ 

ထို့အပြင် တပ်မတော် ကြည်း၊ တပ်မတော်လေ၊ အ မြောက်နှင့် သံချပ်ကာတပ်ဖွဲ့များ ၏ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့် ခန်း(ဘုရင့်နောင်)တွင် ပြည်တွင်း ထုတ်ခဲယမ်းများကိုသာ အသုံးပြု ခဲ့ကြောင်း ၎င်းကပြောသည်။ 

မြန်မာ့တပ်မတော်က ကိုယ် ပိုင်လက်နက် ခဲယမ်းများကို ၁၉၆၂ ကာလများက စတင်ထုတ် လုပ်ခဲ့ပြီး ဖရီးဂိတ်စစ်သင်္ဘောများ ပင် ကိုယ်တိုင်ထုတ်လုပ်နိုင်သော အနေအထားရှိသည်ဟု ၎င်းက ဆိုသည်။


7Day

0 comments:

Post a Comment