Thursday, January 31, 2019

အခြေခံဥပဒေပြင်ဆင်ရန် သဘောတူထားပြီးဖြစ်ဟု တပ်ချုပ် ပြောကြား


လွှတ်တော်တွင် ၂၀၀၈ အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ပူးပေါင်း ကော်မတီတစ်ရပ် ဖွဲ့စည်းရန်အဆိုကို တပ်မတော်သား ကိုယ်စားလှယ်များက ကန့်ကွက်ထားသော်လည်း ယင်းဥပဒေကိုပြင် ရန်သဘောတူညီထားပြီးဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။ 
“ပြင်ဖို့သဘောတူပြီးသား။ အခြေခံဥပဒေမပြင်ဘူးလို့ တစ်ခါမှမပြောခဲ့ဘူး။ ဟိုးနှစ်ပေါင်းများစွာကတည်းက ပြောခဲ့တယ်။ ဟိုပထမအကြိမ် အစိုးရသက်တမ်းကတည်းက ပြောခဲ့ပြီးသား။ စနစ်တကျတော့ ပြင်ဖို့လိုတယ်ပေါ့။ ကျန်တာတော့ ဘာမှမပြောပါဘူး။ ပြင်သင့် ပြင်ထိုက်တဲ့ဟာ ပြင်သင့်ပြင်ထိုက်တဲ့ အချိန်မှာ ပြင်ဖို့ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။ 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မုန်တိုင်ဒေသတွင် ဇန်နဝါရီလ ၃၁ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် တပ်မတော် အမြောက်နှင့် သံချပ်ကာ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းတွင် မီဒီယာတစ်ခု၏ မေးမြန်းချက်ကြောင့် မီဒီယာအချို့ကို အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဇန်နဝါရီလ ၂၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် NLD ပါတီမှ အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီတစ်ခု ဖွဲ့စည်းပေးရန် အဆိုကို တပ်မတော်သား ကိုယ်စားလှယ်များက မတ်တတ်ရပ်ကန့်ကွက်ခဲ့ကြသည့်အပြင် စက်ခလုတ်နှိပ်ခွဲရာတွင် တပ်မတော်သားများက မည်သည့် မဲခလုတ်ကိုမျှ မနှိပ်ခဲ့ကြပေ။ 

သို့သော် အဆိုသည် တက်ရောက်သည့် ကိုယ်စားလှယ် သုံးပုံတစ်ပုံထက် ကျော်လွန်သော ထောက်ခံမဲကို ရရှိသဖြင့် ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက,က ကြေညာခဲ့သည်။ 

The Voice

0 comments:

Post a Comment