Thursday, January 31, 2019

အချစ်ရေးနဲ့  ပတ်သက်ပြီး ပရိသတ်ကို ပြောပြလာတဲ့ ယွန်းယွန်း


ကလေး သရုပ်ဆောင်တစ်ယောက်ကနေ ခေါင်းဆောင်မင်းသမီးအဖြစ် ရိုက်ကူးဖို့  စီစဉ်နေသလို အရွယ်ရောက်လာသူတစ်ဦး ဖြစ်တဲ့အတွက် ယွန်းယွန်း ရဲ့ အချစ်ရေးကို ပရိသတ်စိတ်ဝင်စားလာပေမယ့် ချစ်သူရည်းစားမထားဘူးလို့ သူမကပြောလာပါတယ်။ 
ယွန်းယွန်း ရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး ကောလဟာလတွေ ထွက်နေပေမယ့် လက်ရှိမှာတော့ သူမက ရည်းစာမထားသေးသလို ခေါင်းထဲမှာထည့်ပြီး အချိန်ပေးမထားဘူးလို့ ပြောပါတယ်။ 

“ဖေဖေ မေမေတို့ကလည်း ဘာမှထိန်းချုပ်ထားတာတွေမရှိဘူး။ လွတ်လွတ်လပ်လပ် စဉ်းစားလို့ရတယ်။ အမှားမရှိအောင် ဘေးနားကနေ ထိန်းပေးမယ်။ ကိုယ်ချစ်တဲ့သူကို ရွေးလို့ရတယ်။ အသက်အရွယ်တွေ ပညာအရည် အချင်းတွေ၊ ဆင်းရဲတာတွေ ချမ်းသာတာတွေမလိုဘူး။ အချိန်တန်အရွယ်ရောက်ရင် ဖူးစာရှင်နဲ့တွေ့မယ်။ အဲဒါကို ခေါင်းထဲမှာ အချိန်ပေးပြီးတော့ စဉ်းစားမထားဘူး။” လို့ ယွန်းယွန်း က ပရိသတ်စိတ်ဝင်စားနေတဲ့ သူမအချစ်ရေး ကို ပြောပြခဲ့ပါတယ်။ 

ယွန်းယွန်း ကို ကလေးသရုပ်ဆောင်တစ်ယောက် အနေနဲ့ ပရိသတ်ချစ်ခင်အားပေးမှုကို အပြည့်အ၀ ရရှိ ခဲ့သလို အကယ်ဒမီဆုကိုလည်း ငယ်စဉ်ကတည်းက ရရှိထားသူ ဖြစ်တဲ့အတွက် သူမကို တော်တော်များများက ကလေးတစ်ယောက်လို သတ်မှတ်နေတုန်းလို့ လည်း ပြောလို့ ရပါတယ်။ 

ယွန်းယွန်း က သူမကို ပရိသတ်တွေ ချစ်ခင်အားပေးနေသေးတဲ့အတွက် ကံကောင်းမှုတွေရရှိသလို သူမ အချစ်ရေးနဲ့ ပတ်သက်ပြီးလည်း ပရိသတ်တွေကို အကုန်အသိပေးဖြစ်မှာပါလို့ပြောပါတယ်။ 

လတ်တလောမှာတော့ ယွန်းယွန်းက ကြော်ငြာဓာတ်ပုံတွေပဲ ရိုက်ဖြစ်နေပေမယ့် သူမကို ဒါရိုက်တာ ၀ိုင်း က မင်းသမီး အဖြစ် ရိုက်ကူးဖို့စီစဉ်နေတယ်လို့လည်း သူမ ဖြေကြားခဲ့ဖူးပါတယ်။ 

မျိုးကေခိုင်(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment