Thursday, January 31, 2019

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များနှင့် အကျိုးဆောင် အဖွဲ့များ၏ နှစ်ဦးအလှူကို စိတ်ကျန်းမာရေး ဆေးရုံကြီး၌ ပြုလုပ်


ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များနှင့် အကျိုးဆောင်အဖွဲ့များ၏ နှစ်ဦးအလှူ ကို ဖေဖော်ဝါရီ ၁ ရက်က ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ စိတ်ကျန်းမာရေးဆေးရုံကြီး၌ ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တက်ရောက် အမှာစကားပြောကြားခဲ့သည်။ 
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ပထမဦးဆုံးဆောင်ရွက်သည့် လူမှုအကျိုးပြု လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ လူမှုအကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်ဖို့အတွက် ရန်ကုန်တိုင်းအတွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းရှင်တွေ၏ တာဝန်ယူစိတ်၊ တာဝန်သိစိတ်နှင့် ပြည်သူလူထုကို အကျိုးပြုမည်ဆိုသည့် စိတ်ဆန္ဒများကို ပြသခြင်းဖြစ်ကြောင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။ 

ရန်ကုန်မှာ ရင်းနှီးမြှုပ်နှံမှု ပြုနေကျသည့် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေနှင့် ပြည်တွင်းက ရင်းနှီးမြှုပ်နှံသူတွေ၏ စိတ်စေတနာနှင့် မိမိတို့နိုင်ငံအတွင်းမှာ ကိုယ့်ထက်ပိုပြီး ဒုက္ခရောက်သည့်သူတွေ၊ အခက်အခဲ ဖြစ်နေသည့် သူတွေကို ကူညီမျှဝေသည့်စိတ်နှင့် ဒီနေ့ပွဲလေးကို ဆောင်ရွက်တာဖြစ်ပြီး နှစ်ဦးကာလမှာ အလွန်အင်မတန်ကို မင်္ဂလာရှိသည့် ပွဲတစ်ခုဖြစ်ကြောင်း ၀န်ကြီးချုပ်ကပြောကြားခဲ့သည်။ 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦးက အလှူငွေ ကျပ်၂၀၄ သိန်းအား စိတ်ကျန်းမာရေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်တင်တင်ဝင်းအား လွှဲပြောင်းပေးအပ်ခဲ့ရာ ဆေးရုံအုပ်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး မှတ်တမ်းတင်ဂုဏ်ပြု တံဆိပ်ပေးအပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။ 

The Ladies News

0 comments:

Post a Comment