Thursday, January 31, 2019

ကချင်ပြည်နယ်အစိုးရအဖွဲ့တွင်အစားထိုးခန့်အပ်သည့် ဝန်ကြီး ၃ဦး ကတိသစ္စာပြု


ကချင်ပြည်နယ်အစိုးရအဖွဲ့တွင် လစ်လပ်ခဲ့သည့် ဝန်ကြီးနေရာ ၃နေရာအတွက်အစားထိုးခန့်အပ်သည့် ဝန်ကြီး ၃ဦးသည် ဇန်န၀ါရီ ၃၁ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉) စတုတ္ထနေ့တွင် ကတိသစ္စာပြုခဲ့သည်။ 
လစ်လပ်လျက်ရှိသော ပြည်နယ်ဝန်ကြီးနေရာများတွင် အစားထိုးခန့်အပ်တာဝန်ပေးရန် လွှတ်တော်၌သဘောထားရယူကာ သဘောတူကြောင်းဆုံးဖြတ်ပြီးနောက် အစားထိုးခန့်အပ်မည့် ဝန်ကြီး(၃)ဦးတို့က လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်၌ ကတိ သစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုး ခဲ့ကြခြင်းဖြစ်သည်။ 

ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး အဖြစ် မိုးညှင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ဖားကန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်း၊ စည်ပင် သာယာရေးဝန်ကြီးအဖြစ် ဝိုင်းမော် မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီတို့က လွှတ်တော်တွင် ကတိသစ္စာပြုခြင်းဖြစ်ပြီးစည်ပင်သာယာရေးဝန်ကြီးဦးနေဝင်းအားလူမှုရေးဝန်ကြီးအဖြစ်နိုင်ငံတော်သမ္မတမှ ပြောင်းလဲတာဝန်ပေးအပ် ခဲ့ကြောင်းသိရသည်။ 

The Ladies News



0 comments:

Post a Comment