Monday, September 23, 2019

ရာသီတုပ္ေကြးေရာဂါ H1N1 ေျကာင့္ ေသဆုံးသူ ၁၁၅ ဦးအထိ ရွိလာ

No photo description available.

စက္တင္ဘာ ၂၃ ရက္ေန့အထိ ရာသီတုပ္ေကြးေရာဂါ( H1N1 )သံသယလူနာ ၁၇၄၁ ဦးအနက္ ေရာဂါပိုးေတြ႕ရွိသူ ၇၄၀ဦး ၊ ေသဆုံးသူ ၁၁၅ ဦးအထိရွိ ၿပီး ပဲခူးတိုင္းေဒသႀကီးတြင္ လူနာတစ္ဦး ထပ္မံေသဆုံးေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ထုတ္ျပန္ေၾကညာခ်က္ အရ သိရသည္။

ဇန္နဝါရီမွ စက္တင္ဘာ၂၀ ရက္အထိ တုပ္ေကြးဆန္ေသာ ေရာဂါလကၡဏာမ်ား ((Influenzalike illness–ILI)) ျဖစ္ပြားသူ ၄၉၉ ဦးအနက္ A(H1N1) ျဖစ္ပြားသူ ၁၂၄ ဦး၊ A(H3 N2) ျဖစ္ပြားသူ၂၂ ဦး၊ Influenza B ျဖစ္ပြားသူ ၄၁ ဦးရွိေၾကာင္းႏွင့္ လတ္တေလာ ျပင္းထန္ အဆုတ္ေရာင္ေရာဂါ ((Severe Acute Respiratory Infection- SARI) ျဖစ္ပြားသူ ၁၂၄၃ ဦးအနက္ A (H1N1) ျဖစ္ပြားသူ ၄၄၃ ဦး၊ A(H3N2) ျဖစ္ပြားသူ ၃၉ ဦး၊ Influenza B ျဖစ္ပြားသူ ၇၂ ဦးရွိေၾကာင္း သိရသည္။
စက္တင္ဘာ၂၃ ရက္အထိ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ဓာတ္ခြဲစစ္ေဆးသူ ၁၇၄၁ ဦးရွိၿပီး အတည္ျပဳလူနာ ၇၄၀ဦး ရွိျပီး ေသဆုံးသူစုစုေပါင္း ၁၁၅ ဦးအထိရွိလာေျကာင္းႏွင့္ လက္ရွိအခ်ိန္အထိ ေသဆုံးသူဦးေရမွာ ရန္ကုန္တြင္ ၆၈ ဦး၊ ေနျပည္ေတာ္၊ ကခ်င္၊ ရွမ္း(ေတာင္)၊တနသၤာရီတြင္ ၁ ဦးစီ၊ ဧရာဝတီတြင္ ၁၄ ဦး၊ ပဲခူးတြင္ ၁၁ ဦး၊ ရခိုင္တြင္ ၂ ဦး၊ မေကြးႏွင့္ မႏၲေလးတြင္ ၄ ဦး ၊ မြန္ျပည္နယ္ တြင္ ၃ ဦး၊ စစ္ကိုင္းတြင္ ၅ ဦး၊ စုစုေပါင္းေသဆုံးသူ ၁၁၅ ဦးအထိ ရွိလာေျကာင္း ျပည္သူ႔ က်န္းမာေရးဦးစီးဌာန၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲမွ တာဝန္ရွိသူတစ္ဦး၏ ေျပာျကားခ်က္အရ သိရွိရပါသည္။
<<Unicode>>
ရာသီတုပ်ကွေးရောဂါ H1N1 ကြောင့် သေဆုံးသူ ၁၁၅ ဦးအထိ ရှိလာ
Tuesday, September 24, 2019

စက်တင်ဘာ ၂၃ ရက်နေ့အထိ ရာသီတုပ်ကွေးရောဂါ( H1N1 )သံသယလူနာ ၁၇၄၁ ဦးအနက် ရောဂါပိုးတွေ့ရှိသူ ၇၄၀ဦး ၊ သေဆုံးသူ ၁၁၅ ဦးအထိရှိ ပြီး ပဲခူးတိုင်းဒေသကြီးတွင် လူနာတစ်ဦး ထပ်မံသေဆုံးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက် အရ သိရသည်။
ဇန်နဝါရီမှ စက်တင်ဘာ၂၀ ရက်အထိ တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ ((Influenzalike illness–ILI)) ဖြစ်ပွားသူ ၄၉၉ ဦးအနက် A(H1N1) ဖြစ်ပွားသူ ၁၂၄ ဦး၊ A(H3 N2) ဖြစ်ပွားသူ၂၂ ဦး၊ Influenza B ဖြစ်ပွားသူ ၄၁ ဦးရှိကြောင်းနှင့် လတ်တလော ပြင်းထန် အဆုတ်ရောင်ရောဂါ ((Severe Acute Respiratory Infection- SARI) ဖြစ်ပွားသူ ၁၂၄၃ ဦးအနက် A (H1N1) ဖြစ်ပွားသူ ၄၄၃ ဦး၊ A(H3N2) ဖြစ်ပွားသူ ၃၉ ဦး၊ Influenza B ဖြစ်ပွားသူ ၇၂ ဦးရှိကြောင်း သိရသည်။
စက်တင်ဘာ၂၃ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဓာတ်ခွဲစစ်ဆေးသူ ၁၇၄၁ ဦးရှိပြီး အတည်ပြုလူနာ ၇၄၀ဦး ရှိပြီး သေဆုံးသူစုစုပေါင်း ၁၁၅ ဦးအထိရှိလာကြောင်းနှင့် လက်ရှိအချိန်အထိ သေဆုံးသူဦးရေမှာ ရန်ကုန်တွင် ၆၈ ဦး၊ နေပြည်တော်၊ ကချင်၊ ရှမ်း(တောင်)၊တနင်္သာရီတွင် ၁ ဦးစီ၊ ဧရာဝတီတွင် ၁၄ ဦး၊ ပဲခူးတွင် ၁၁ ဦး၊ ရခိုင်တွင် ၂ ဦး၊ မကွေးနှင့် မန္တလေးတွင် ၄ ဦး ၊ မွန်ပြည်နယ် တွင် ၃ ဦး၊ စစ်ကိုင်းတွင် ၅ ဦး၊ စုစုပေါင်းသေဆုံးသူ ၁၁၅ ဦးအထိ ရှိလာကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

0 comments:

Post a Comment