Wednesday, September 25, 2019

ႏိုုင္ငံတကာအဆင့္မီ ေက်ာင္းအိပ္ေက်ာင္းစားေဘာ္ဒါေဆာင္ ျမန္မာ့နိုင္ငံတြင္ပထမဆံုး ဖြင့္လွစ္


ျမန္မာ့ပထမဆံုး ႏိုင္ငံတကာအဆင့္မီ ေက်ာင္းအိပ္ေက်ာင္းစား ေဘာ္ဒါေဆာင္ (International Boarding School )ကို ၿဗိတိသွ်ႏိုင္ငံ အေျခစိုက္ျဖစ္ေသာ ႏိုင္ငံတကာအဆင့္မီ ေက်ာင္းတစ္ခုျဖစ္သည့္ Dulwich College Yangon (DCY) တြင္ စတင္ဖြင့္လွစ္လိုက္ၿပီျဖစ္ေၾကာင္း Dulwich College Yangon ၏ ေက်ာင္းအုပ္ဆရာႀကီးျဖစ္သူ Mr.Daryl Orchard က ေျပာျကားခဲ့သည္။

Dulwich College Yangon ၏ ေဘာ္ဒါေက်ာင္းသားေက်ာင္းသူမ်ားသည္ သက္ေတာင့္သက္သာရွိေသာ အိပ္ခန္းေဆာင္၊ နားေနႏိုုင္သည့္ စုုေပါင္းခန္း၊ မီးဖိုုခန္းႏွင့္ ထမင္းစားခန္းမ်ားပါဝင္သည့္ ေနအိမ္တစ္ခုကဲ့သို႔ အေတြ႔အၾကံဳ မ်ားကိုုေပးမည့္ ႏုိင္ငံတကာအဆင့္မီ အေဆာင္မ်ားႏွင့္ ေနထိုုင္ရမည္ျဖစ္ေၾကာင္း သိရသည္။
Boarding School အေနႏွင္႔ အခ်ိန္ျပည့္၊ အပတ္စဥ္ႏွင့္ အျခားဟူ၍ အမိ်ဳးအစား သံုး မ်ိဳးရွိၿပီး၊ အခ်ိန္ျပည့္ ေဘာ္ဒါေက်ာင္းသည္ရည္ရွည္ေက်ာင္း ပိတ္ရက္ႏွင့္ တရား၀င္ ပိတ္ရက္မ်ားမွာသာ အိမ္ျပန္ေသာေက်ာင္းသားေက်ာင္း သူမ်ား အတြက္ ျဖစ္သိရသည္။ အပတ္စဥ္ေဘာ္ဒါေက်ာင္းသည္ တနလၤာမွေသာၾကာအထိသာ အေဆာင္တြင္ေနၿပီး စေန၊ တနဂၤေႏြ အိမ္ျပန္ေသာစာသင္သားမ်ားအတြက္ျဖစ္ကာ အျခားအမ်ိဳးအစားမွာမူ အေျခအေနေပၚတြင္မူတည္ၿပီး တစ္ပတ္တြင္ တစ္ည သို႔ ႏွစ္ညသာ လာေရာက္ေနႏိုင္သည္႔အေဆာင္မ်ားျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ပညာေရးခရီးတြင္ ေဘာ္ဒါေဆာင္အေတြ႔အၾကံဳကိုု စမ္းသပ္ၾကည့္ခ်င္သူ ေက်ာင္းသားေက်ာင္းသူမ်ားအတြက္လည္း ႀကိဳတင္ အေၾကာင္းၾကားပါက တစ္ညတာ ေက်ာင္းအိပ္ေက်ာင္းစား အေတြ႔အၾကံဳကို ရယူႏိုုင္မည့္ Boarding Taster Session ကိုုလည္း စီစဥ္ထားေၾကာင္းသိရသည္။
Image may contain: 3 people, people sitting and indoor
Image may contain: 3 people, people smiling, people sitting and indoor
Image may contain: indoor
Image may contain: people sitting, living room, table and indoor

<<Unicode>>
နိုင်ငံတကာအဆင့်မီ ကျောင်းအိပ်ကျောင်းစားဘော်ဒါဆောင် မြန်မာ့နိုင်ငံတွင်ပထမဆုံး ဖွင့်လှစ်
Wednesday, September 25, 2019

မြန်မာ့ပထမဆုံး နိုင်ငံတကာအဆင့်မီ ကျောင်းအိပ်ကျောင်းစား ဘော်ဒါဆောင် (International Boarding School )ကို ဗြိတိသျှနိုင်ငံ အခြေစိုက်ဖြစ်သော နိုင်ငံတကာအဆင့်မီ ကျောင်းတစ်ခုဖြစ်သည့် Dulwich College Yangon (DCY) တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း Dulwich College Yangon ၏ ကျောင်းအုပ်ဆရာကြီးဖြစ်သူ Mr.Daryl Orchard က ပြောကြားခဲ့သည်။
Dulwich College Yangon ၏ ဘော်ဒါကျောင်းသားကျောင်းသူများသည် သက်တောင့်သက်သာရှိသော အိပ်ခန်းဆောင်၊ နားနေနိုင်သည့် စုပေါင်းခန်း၊ မီးဖိုခန်းနှင့် ထမင်းစားခန်းများပါဝင်သည့် နေအိမ်တစ်ခုကဲ့သို့ အတွေ့အကြုံ များကိုပေးမည့် နိုင်ငံတကာအဆင့်မီ အဆောင်များနှင့် နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။
Boarding School အနေနှင့် အချိန်ပြည့်၊ အပတ်စဉ်နှင့် အခြားဟူ၍ အမျိုးအစား သုံး မျိုးရှိပြီး၊ အချိန်ပြည့် ဘော်ဒါကျောင်းသည်ရည်ရှည်ကျောင်း ပိတ်ရက်နှင့် တရားဝင် ပိတ်ရက်များမှာသာ အိမ်ပြန်သောကျောင်းသားကျောင်း သူများ အတွက် ဖြစ်သိရသည်။ အပတ်စဉ်ဘော်ဒါကျောင်းသည် တနင်္လာမှသောကြာအထိသာ အဆောင်တွင်နေပြီး စနေ၊ တနင်္ဂနွေ အိမ်ပြန်သောစာသင်သားများအတွက်ဖြစ်ကာ အခြားအမျိုးအစားမှာမူ အခြေအနေပေါ်တွင်မူတည်ပြီး တစ်ပတ်တွင် တစ်ည သို့ နှစ်ညသာ လာရောက်နေနိုင်သည့်အဆောင်များဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပညာရေးခရီးတွင် ဘော်ဒါဆောင်အတွေ့အကြုံကို စမ်းသပ်ကြည့်ချင်သူ ကျောင်းသားကျောင်းသူများအတွက်လည်း ကြိုတင် အကြောင်းကြားပါက တစ်ညတာ ကျောင်းအိပ်ကျောင်းစား အတွေ့အကြုံကို ရယူနိုင်မည့် Boarding Taster Session ကိုလည်း စီစဉ်ထားကြောင်းသိရ သည်။
photo-#Dulwich_College_Yangon
#Myanmar_Online_News #International_Boarding_School #Mr_Daryl_Orchard

0 comments:

Post a Comment