Wednesday, September 25, 2019

တိုင္းရင္းသားလူမ်ိဳးမ်ား၏ အမည္နာမေရွ႕တြင္ လူမ်ိဳးဝိေသသလကၡဏာမ်ား ထည့္သြင္းေပးသြားမည့္ ျပင္ဆင္ခ်က္အား ျပည္ေထာင္စုအစိုးရထံသို့ တင္ျပရန္ရွိ

Image may contain: 1 person, sitting and indoorImage may contain: 5 people, people sitting, table and indoor

စက္တင္ဘာ ၂၃ ရက္ေန႔က က်င္းပခဲ့သည့္ မြန္ျပည္နယ္လႊတ္ေတာ္အစည္းအေဝးတြင္ သထုံၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္ (၁)မွ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခိုင္ခိုင္လဲ့၏ တိုင္းရင္းသားလူမ်ိဳးမ်ား၏ စ႐ိုက္လကၡဏာမ်ား မေပ်ာက္ပ်က္ေအာင္ သန္းေခါင္စာရင္း၊ မွတ္ပုံတင္ ႏိုင္ငံသားစိစစ္ေရးကဒ္ျပား အစရွိသည့္ မွတ္တမ္းမွတ္ရာတို႔တြင္ လူမ်ိဳးႏွင့္ သက္ဆိုင္သည့္အေခၚအေဝၚမ်ား ထည့္သြင္းေရးသားေဖာ္ျပေပးရန္ အစီအစဥ္ ရွိ/မရွိႏွင့္ ယခင္က မွားယြင္းစြာထည့္သြင္းေဖာ္ျပခံရသူမ်ား ျပန္လည္ျပင္ဆင္ေဖာ္ျပေပးရန္ အစီအစဥ္ ရွိ/ မရွိ အား ေမးျမန္းခဲ့မွုအေပၚ တိုင္းရင္းသားလူမ်ိဳးမ်ား၏ အမည္နာမေရွ႕တြင္ လူမ်ိဳးဝိေသသလကၡဏာမ်ား ထည့္သြင္းေပးသြားမည့္အျပင္ ယခင္က မွားယြင္းစြာ ထည့္သြင္းေဖာ္ျပခံရသူမ်ားလည္း ျပန္လည္ျပင္ဆင္ေပးရန္ ျပည္ေထာင္စုအစိုးရထံသို႔ အဆင့္ဆင့္ တင္ျပသြားမည္ဟု မြန္ျပည္နယ္အစိုးရ အဖြဲ႕ဝင္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ဦးထြန္းမင္းေအာင္မွ ျပန္လည္ေျဖျကားခဲ့သည္။

တိုင္းရင္းသားလူမ်ိဳးမ်ား၏ အမည္နာမေရွ႕တြင္ လူမ်ိဳးဝိေသသလကၡဏာျဖစ္သည့္ မြန္လူမ်ိဳးဆိုလွ်င္ မင္း၊ ႏိုင္၊ မိ၊ ကရင္လူမ်ိဳးဆိုလွ်င္ ေစာ၊ နန္း၊ မာန္၊ ဗမာလူမ်ိဳးဆိုလွ်င္ ဦး၊ ေမာင္၊ ေဒၚ၊ မ၊ ပအိုဝ္းလူမ်ိဳးဆိုလွ်င္ ခြန္၊ နန္း အစရွိေသာ လူမ်ိဳးဝိေသသလကၡဏာမ်ား ထည့္သြင္းေခၚဆိုသုံးစြဲၾကေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သန္းေခါင္စာရင္း၊ မွတ္ပုံတင္ျပဳလုပ္သည့္အခ်ိန္တြင္ ယင္းတို႔၏အမည္နာမေရွ႕ တြင္ ဦး၊ ေဒၚ၊ ေမာင္၊ မ တို႔ကို ထည့္သြင္းျခင္းခံေနရမႈမ်ား ရွိေနေၾကာင္း သိရသည္။
ယခုလာမည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲ မဲစာရင္းမ်ားအတြက္ တိုင္းရင္းသားလူမ်ိဳးမ်ား၏အမည္ေရွ႕တြင္ ဦး၊ ေမာင္၊ ေဒၚ၊ မ ထည့္သြင္းေကာက္ခံေနသျဖင့္ တိုင္းရင္းသားမ်ားအၾကား ေဝဖန္ေျပာဆိုမႈမ်ားရွိေနေသာ္လည္း နည္းပညာ ပိုင္းအရ က်ား/မ ခြဲျခားႏိုင္ေရးအတြက္ ထည့္သြင္းေကာက္ခံရျခင္းျဖစ္ေၾကာင္း ေ႐ြးေကာက္ပြဲေကာ္မရွင္ဘက္မွ ေျပာဆိုထားသည္။
<<Unicode>.
တိုင်းရင်းသားလူမျိုးများ၏ အမည်နာမရှေ့တွင် လူမျိုးဝိသေသလက္ခဏာများ ထည့်သွင်းပေးသွားမည့် ပြင်ဆင်ချက်အား ပြည်ထောင်စုအစိုးရထံသို့ တင်ပြရန်ရှိ
Wednesday, September 25, 2019

စက်တင်ဘာ ၂၃ ရက်နေ့က ကျင်းပခဲ့သည့် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၏ တိုင်းရင်းသားလူမျိုးများ၏ စရိုက်လက္ခဏာများ မပျောက်ပျက်အောင် သန်းခေါင်စာရင်း၊ မှတ်ပုံတင် နိုင်ငံသားစိစစ်ရေးကဒ်ပြား အစရှိသည့် မှတ်တမ်းမှတ်ရာတို့တွင် လူမျိုးနှင့် သက်ဆိုင်သည့်အခေါ်အဝေါ်များ ထည့်သွင်းရေးသားဖော်ပြပေးရန် အစီအစဉ် ရှိ/မရှိနှင့် ယခင်က မှားယွင်းစွာထည့်သွင်းဖော်ပြခံရသူများ ပြန်လည်ပြင်ဆင်ဖော်ပြပေးရန် အစီအစဉ် ရှိ/ မရှိ အား မေးမြန်းခဲ့မှုအပေါ် တိုင်းရင်းသားလူမျိုးများ၏ အမည်နာမရှေ့တွင် လူမျိုးဝိသေသလက္ခဏာများ ထည့်သွင်းပေးသွားမည့်အပြင် ယခင်က မှားယွင်းစွာ ထည့်သွင်းဖော်ပြခံရသူများလည်း ပြန်လည်ပြင်ဆင်ပေးရန် ပြည်ထောင်စုအစိုးရထံသို့ အဆင့်ဆင့် တင်ပြသွားမည်ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်မှ ပြန်လည်ဖြေကြားခဲ့သည်။
တိုင်းရင်းသားလူမျိုးများ၏ အမည်နာမရှေ့တွင် လူမျိုးဝိသေသလက္ခဏာဖြစ်သည့် မွန်လူမျိုးဆိုလျှင် မင်း၊ နိုင်၊ မိ၊ ကရင်လူမျိုးဆိုလျှင် စော၊ နန်း၊ မာန်၊ ဗမာလူမျိုးဆိုလျှင် ဦး၊ မောင်၊ ဒေါ်၊ မ၊ ပအိုဝ်းလူမျိုးဆိုလျှင် ခွန်၊ နန်း အစရှိသော လူမျိုးဝိသေသလက္ခဏာများ ထည့်သွင်းခေါ်ဆိုသုံးစွဲကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း၊ မှတ်ပုံတင်ပြုလုပ်သည့်အချိန်တွင် ယင်းတို့၏အမည်နာမရှေ့ တွင် ဦး၊ ဒေါ်၊ မောင်၊ မ တို့ကို ထည့်သွင်းခြင်းခံနေရမှုများ ရှိနေကြောင်း သိရသည်။
ယခုလာမည့် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းများအတွက် တိုင်းရင်းသားလူမျိုးများ၏အမည်ရှေ့တွင် ဦး၊ မောင်၊ ဒေါ်၊ မ ထည့်သွင်းကောက်ခံနေသဖြင့် တိုင်းရင်းသားများအကြား ဝေဖန်ပြောဆိုမှုများရှိနေသော်လည်း နည်းပညာ ပိုင်းအရ ကျား/မ ခွဲခြားနိုင်ရေးအတွက် ထည့်သွင်းကောက်ခံရခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဘက်မှ ပြောဆိုထားသည်။

0 comments:

Post a Comment