Tuesday, September 24, 2019

အၾကီးအက်ယ္ ဂယက္ ထလာေနေသာ ထရန္႕၏ ယူကရိန္း အရႈပ္ေတာ္ပုံ

Image may contain: 2 people, people smiling, camera

တကယ္ေတာ့ ေဒၚနယ္ထရန့္ရဲ႕ သမၼတသက္တမ္း တေလ်ာက္မွာ သူဖန္ တီးခဲ့တဲ့ အရႈပ္ေတာ္ပုံေတြက မ်ားလြန္းလုိ႕ အေမရိကန္ ျပည္သူေတြ ယဥ္ပါးေနျပီဆုိတဲ့ အဆင့္ေတာင္ ေရာက္လာေနပါတယ္။ သမၼတ က်မ္းသစၥာ က်ိန္ဆုိပဲြမွာ တက္္ေရာက္တဲ့ လူအေရအတြက္ ကေန တရားဥပေဒလမ္းေၾကာင္းကုိ အေနွာက္အယွက္ ေပးတဲ့အထိ စုံလုိ႕ေနပါတယ္။

သုိ႕ေသာ္လည္း မယဥ္ပါးႏိုင္ဘဲ က်န္ေနေသးတဲ့ လူေတြကေတာ့ ဒီမုိကရက္ ပါတီပဲ ျဖစ္ပါတယ္။ သူ တစ္ခုခုလုပ္လိုက္တုိင္းလည္း ဒီမုိကရက္ပါတီ အတြင္း လႈပ္လႈပ္ရွားရွား ျဖစ္သြားတတ္ျပီး ဒီအမႈမ်ဳိးက ဥပေဒကုိ ခ်ဳိးေဖာက္လား၊ က်င့္ထုံးေတြနဲ႕ေကာ ကုိက္ညီလား။ အရင္ကေကာ ရွိခဲ့ဖူးလား ဆုိတဲ့ အသံေတြ ထြက္လာေလ့ရွိပါတယ္။
ယခုကိစၥက အေမရိကန္ေတြ အထိမခံႏိုင္တဲ့ ေရြးေကာက္ပဲြ ကိစၥနဲ႕ ဆက္စပ္ေနပါတယ္။ လာမယ့္ သမၼတ ေရြးေကာက္ပဲြအတြက္ ဒီမုိကရက္ သမၼတေလာင္းအျဖစ္ ယွဥ္ျပဳိင္ေနတဲ့ လူ ႏွစ္ဒါဇင္နီးပါး ရွိေနပါတယ္။ ဒီအထဲမွာ ထရန္႔ အဓိက စုိးရိမ္စရာ ေကာင္းတဲ့လူ ႏွစ္ဦးပဲ ထြက္ေပၚလာပါတယ္။ သူတုိ႕ကေတာ့ ယခင္သမၼတေဟာင္း ဂ်ဳိးဘုိင္ဒင္ နဲ႕ မက္ဆာခ်ဳးဆက္ ျပည္နယ္ရဲ႕ အထက္လႊတ္ေတာ္ အမတ္ အယ္လီဇဘက္၀ါရင္းဆုိသူ အမ်ဳိးသမီးပဲ ျဖစ္ပါတယ္။
ေဒၚနယ္ထရန္႕က အသစ္ေရြးခ်ယ္ တင္ေျမွာက္ခံခဲ့ရတဲ့ ယူကရိန္း သမၼတ ဗုိလုိဒီမာ ဇီလင္စကီးကုိ ဇူလုိင္ ၂၅ ရက္ေန႕က တယ္လီဖုန္းကေန ခ်ီးၾကဴး ဂုဏ္ျပဳစကား ေျပာခဲ့ပါတယ္။ သုိ႕ေသာ္ သာမန္ ေျပာရုိးေျပာစဥ္ ဆုိရင္ ကိစၥမရွိေပမယ့္ ေျပာတဲ့ စကားတခြန္းေၾကာင့္ အေမရိကန္ ေထာက္လွမ္းေရး အဖဲြ႕၀င္တဦးက ေဖာ္ေကာင္လုပ္လာပါတယ္။
ဒီေနရာမွာ သူ ဘာေျပာလုိက္လည္းဆုိေတာ့ ဒီမုိကရက္တစ္ သမၼတေလာင္း အျဖစ္ ထိပ္ကေျပးေနသူ ဘုိင္ဒင္ရဲ႕ သားျဖစ္သူ ဟန္တားဘုိင္ဒင္ ကုိ စုံစမ္းစစ္ေဆးဖုိ႕ ယူကရိန္း သမၼတသစ္ကုိ ေတာင္းဆုိလုိက္တာပါပဲ၊ တယ္လီဖုန္း စကား ေျပာေနစဥ္ ရွစ္ၾကိမ္ ေတာင္ ေျပာခဲ့တယ္လုိ႕ ေဖာ္ေကာင္ လုပ္တဲ့လူက ဆုိပါတယ္။ ဟန္တားဘုိင္ဒင္က ယူကရိန္းမွာ အက်ဳိးစီးပြား ရရာရေၾကာင္းရွိေနတဲ့အတြက္ ဘယ္လို အပုပ္နံမ်ဳိး ေျခရာခံမိမလဲလုိ႕ စုံစမ္းျပီး သူဆီ ျပန္ေျပာဖုိ႕ပါပဲ၊ေဒၚနယ္ထရန္႕က အပုိင္လုပ္တာ ျဖစ္ပါတယ္၊ ဟန္တားဘုိင္ဒင္လုိ ဟုိက္ဒရုိကာဘြန္ အေၾကာင္း ေဖၚျမဴလာေတာင္ သိပုံမရတဲ့ လူက ယူကရိန္း ဓါတ္ေငြ႕ကုမၸဏီ ရဲ႕ ဘုတ္အဖဲြ႕မွာ ဒါရု္ိက္တာ ျဖစ္ေနျပီး တစ္လကုိ လစာေငြ ေဒၚလာ ငါးေသာင္းခန္႕ ထုတ္ယူေနပါတယ္။ ဒီကိစၥကုိ ဒုသမၼတ ျဖစ္ခဲ့တဲ့ ဂ်ဳိးဘုိင္ဒင္ ရဲ႕ ၾသဇာမသက္ေရာက္ပဲ မျဖစ္ႏူိင္ဖူးလုိ႕ ယူဆထားတဲ့ အတြက္ ျဖစ္ပါတယ္။
သုိ႕ေသာ္ သူထင္သလုိ အစဥ္ေျပပုံမရလုိ႕ပဲ လားမသိ ယူကရိန္းကုိ ေပးေနက် စစ္ေရးအကူအညီ ေဒၚလာ သန္း ၂၅၀ ကုိ အိမ္ျဖဴေတာ္က ထုတ္မေပးပဲ ၾသဂုတ္လ အတြင္းမွာ ရပ္ဆုိင္းလုိက္ပါတယ္။ ဒါကလည္း တကယ္တမ္းက် ကြန္ဂရက္က ယူကရိန္းမွာရွိတဲ့ အေမရိကန္ အက်ဳိးစီးပြားေတြ ကာကြယ္ဖုိ႕ တရား၀င္ ခြင့္ျပဳထားျပီးလည္း ျဖစ္တဲ့အတြက္ လုပ္ပုိင္ခြင့္ မရွိပါဖူး၊ ဒါကုိ အခြန္ထမ္း ျပည္သူေတြရဲ႕ ေငြနဲ႕ အက်ပ္ကုိင္လုိက္တယ္လုိ႔ ေျပာလုိ႕ရပါတယ္။
ယခု ဒီျပႆနာက အိမ္ျဖဴေတာ္ နဲ႕ ကြန္ဂရက္အၾကားမွာ အၾကီးအက်ယ္ အျငင္းပြားစရာ ျဖစ္လာေနပါျပီ၊ ဥပေဒအရလည္း ဒီလုိ သတင္းမ်ဳိးကုိ အမ်ဳိးသား ေထာက္လွမ္းေရး ဒါရုိက္တာ ရုံးက ကြန္ဂရက္ကုိ လႊဲေျပာင္းေပးရဖုိ႔ တာ၀န္ရွိေနျပန္ပါတယ္။ သမၼတ တစ္ေယာက္က ႏိုင္ငံျခား ေခါင္းေဆာင္ တစ္ဦးကုိ ဘာေတြ ေျပာခဲ့လည္းဆုိတာ ထုတ္ေျပာစရာ မလုိတဲ့ အထူး အခြင့္အေရး ရွိေနတယ္လုိ႕ တုန္႕ျပန္လာပါတယ္။
ယခု အေမရိကန္ စာနယ္ဇင္းေတြက ယူကရိန္းကုိ အကူအညီမ်ား ရပ္ဆုိင္းလုိက္ျခင္းသည္ တယ္လီဖုန္း စကားေျပာခဲ့မႈႏွင့္ ဆက္စပ္ေနလားဆုိတာ တူးေဖာ္ဖုိ႕ ၾကဳိးစားလာေနျပီ ျဖစ္ပါတယ္။ တယ္လီဖုန္း စကားေျပာျပီး မၾကာမီမွာပဲ ထရန္႕ရဲ႕ ကုိယ္ေရးကိစၥမ်ား ေဆာင္ရြက္ေနတဲ့ ေရွ႕ေန ရူဒီ ဂ်ဳလီယာနီက ဇီလင္စကီး၏ အၾကံေပး အင္ဒရီယာမက္ ႏွင့္ ဂ်ီနီဗာတြင္ ေတြ႕ဆုံခဲ့ျပီး ဘုိင္ဒင္၏ သားကိစၥ စုံစမ္းေပးရန္ ႏွင့္ အဆင္ေျပက သမၼတကုိ ၀ါရွင္တန္သုိ႕ တရား၀င္အလည္အပါတ္ ခရီးစဥ္ ျဖစ္ေအာင္ ဖန္တီးေပးမည္ဟု ျမဴဆြယ္ခဲ့ပါတယ္။
ယခုကိစၥက ထရန္႕ လုပ္ေလ့လုပ္ထရွိတဲ့ အရႈပ္ေတာ္ပုံ ေတြထက္ သာလြန္သြားတဲ့ ကိစၥမ်ဳိး ျဖစ္လာပါတယ္။ မင္းက ငါတုိ႕လုိခ်င္တဲ့ အပုပ္နံ႕ေပး၊ ငါတုိ႕က ေသနတ္ေတြ ျပန္ေပးမယ္ ဆုိတဲ့ သေဘာ သက္၀င္ေနတယ္လုိ႔ အီေကာ္ေနာ္မစ္ မဂၢဇင္း က ေရးသားလာပါတယ္။
ဒီအတြက္ ကြန္ဂရက္ ရဲ႕ ဒီမုိကရက္ေတြ ၾကားမွာ ေဒၚနယ္ ထရန္႕ ရဲ႕ တရားဥပေဒေၾကာင္း အရ အေရးယူ စစ္ေဆးဖုိ႕ ျပန္ျပီး လႈပ္လႈပ္ရွားရွား ျဖစ္လာပါတယ္။ ဘုိင္ဒင္ ရဲ႕ ကိစၥက ဘယ္လုိပဲ အနံထြက္ေနပါေစ သမၼတ ရဲ႕ လုပ္ရပ္က ဘယ္လုိမွ ကုိယ္က်င့္တရား ရႈ႕ေထာင့္ကေန လက္ခံလုိ႕ မရ ပါဖူး။
ဘုိင္ဒင္ ကေတာ့ ဒီကိစၥအေပၚ သူ႕အေနနဲ႔ ဘာမွ မွတ္ခ်က္ေတာင္ ေပးစရာ မလုိပဲ အနံ႔ ခံ ေကာင္းလြန္းတဲ့ အေမရိကန္ မီဒီယာေတြကေတာင္ တစြန္းတစ မေျပာႏူိင္တာ ကုိ ၾကည့္ရင္ ထရန္႕ အေနနဲ႕ သမၼတ တစ္ေယာက္လုိ စတင္ က်င့္ၾကံေနထုိင္သင့္ျပီလုိ့ဘဲ တုန္႕ျပန္လုိက္ပါတယ္။
သုိ႕ေသာ္လည္း အထက္လႊတ္ေတာ္မွာ ရီပါတ္ဘလီကင္ေတြ အသာစီး ရေနတာာမုိ႔ ထရန္႕ကုိ တရားစဲြဖုိ႕ အဆုိ ၾကိမ္းေသ ပါယ္ခ်ခံရမွာ ျဖစ္ျပီး ဘုိင္ဒင္ ကိစၥသာ ထရန္႕ စီမံသလုိ အေကာင္အထည္ ေဖာ္လာခဲ့ရင္ သူတုိ႕အတြက္ ပဲြေတာ္အုပ္ၾကီး ဆက္သခံရသလုိ ျဖစ္ေနတာမုိ႕ ထရန္႕က ရဲတင္းေနတာ ျဖစ္ႏူိင္ပါတယ္။ ယခုအၾကီးအက်ယ္ ျပႆနာ တက္လာေနတာကုိလည္း Ukraine Witch Hunt လုိ႕ ေခၚေ၀ၚ သမုတ္လုိက္ပါတယ္။
ယခု ဇီလင္စကီး သည္ ကုလ အေထြေထြ ညီလာခံမွာ မိန္႕ခြန္း ေျပာဖုိ႕ ေရာက္ေနျပီး ထရန္႕နဲ႕ ေဆြးေႏြးဖုိ႕ ရွိေနတာေၾကာင့္ အားလုံးက ေစာင့္ၾကည့္ေနျပီ ျဖစ္ပါတယ္။ သူ႕ခမ်ာလည္း အက်င့္ပ်က္ ျခစားမႈေတြ တုိက္ဖ်က္မယ္လုိ႕ ေၾကြးေၾကာ္ျပီး သမၼတ ျဖစ္လာေပမယ့္ ယခု ၀ါရွင္တန္ က ေရးခဲ့တဲ့ ဇာတ္ညႊန္းထဲ ကန္႕လန္႕ကန္႕လန္႕နဲ႕ ပါလာေနပါတယ္။ ယခုလည္း ရုရွား ေထာက္ခံထားတဲ့ ဒြန္ဘားစ္ ေဒသက သူပုန္ေတြကုိ ဟန္႕တား ႏိုင္ဖုိ႕ စစ္ေရးအကူအညီေတြ အပူတျပင္း လုိအပ္ေနခ်ိန္လည္း ျဖစ္ပါတယ္။
သမၼတက သူရဲ႕ ရာထူးကုိ အသုံးျပဳျပီး ေမာ္စကုိ သေဘာက် အေမရိကန္ရဲ႕ ျပည္ပ အက်ဳိးစီးပြားေတြ ထိခုိက္ေအာင္အထိ အလဲြသုံးစား လုပ္ေနတာကုိ ဘာမွ မလုပ္ႏိုင္ပဲ လက္ပုိက္ၾကည့္ေနရတဲ့ အဆင့္မ်ဳိး အေမရိကန္ ႏိုင္ငံေရးမွာ ၾကဳံေတြ႕ေနရပါတယ္။

<Unicode>
အကြီးအကျယ် ဂယက် ထလာနေသော ထရန့်၏ ယူကရိန်း အရှုပ်တော်ပုံ
Wednesday, September 25, 2019

တကယ်တော့ ဒေါ်နယ်ထရန့်ရဲ့ သမ္မတသက်တမ်း တလျောက်မှာ သူဖန် တီးခဲ့တဲ့ အရှုပ်တော်ပုံတွေက များလွန်းလို့ အမေရိကန် ပြည်သူတွေ ယဉ်ပါးနေပြီဆိုတဲ့ အဆင့်တောင် ရောက်လာနေပါတယ်။ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ တက်ရောက်တဲ့ လူအရေအတွက် ကနေ တရားဥပဒေလမ်းကြောင်းကို အနှောက်အယှက် ပေးတဲ့အထိ စုံလို့နေပါတယ်။
သို့သော်လည်း မယဉ်ပါးနိုင်ဘဲ ကျန်နေသေးတဲ့ လူတွေကတော့ ဒီမိုကရက် ပါတီပဲ ဖြစ်ပါတယ်။ သူ တစ်ခုခုလုပ်လိုက်တိုင်းလည်း ဒီမိုကရက်ပါတီ အတွင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားတတ်ပြီး ဒီအမှုမျိုးက ဥပဒေကို ချိုးဖောက်လား၊ ကျင့်ထုံးတွေနဲ့ကော ကိုက်ညီလား။ အရင်ကကော ရှိခဲ့ဖူးလား ဆိုတဲ့ အသံတွေ ထွက်လာလေ့ရှိပါတယ်။
ယခုကိစ္စက အမေရိကန်တွေ အထိမခံနိုင်တဲ့ ရွေးကောက်ပွဲ ကိစ္စနဲ့ ဆက်စပ်နေပါတယ်။ လာမယ့် သမ္မတ ရွေးကောက်ပွဲအတွက် ဒီမိုကရက် သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နေတဲ့ လူ နှစ်ဒါဇင်နီးပါး ရှိနေပါတယ်။ ဒီအထဲမှာ ထရန့် အဓိက စိုးရိမ်စရာ ကောင်းတဲ့လူ နှစ်ဦးပဲ ထွက်ပေါ်လာပါတယ်။ သူတို့ကတော့ ယခင်သမ္မတဟောင်း ဂျိုးဘိုင်ဒင် နဲ့ မက်ဆာချုးဆက် ပြည်နယ်ရဲ့ အထက်လွှတ်တော် အမတ် အယ်လီဇဘက်ဝါရင်းဆိုသူ အမျိုးသမီးပဲ ဖြစ်ပါတယ်။
ဒေါ်နယ်ထရန့်က အသစ်ရွေးချယ် တင်မြှောက်ခံခဲ့ရတဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလင်စကီးကို ဇူလိုင် ၂၅ ရက်နေ့က တယ်လီဖုန်းကနေ ချီးကြူး ဂုဏ်ပြုစကား ပြောခဲ့ပါတယ်။ သို့သော် သာမန် ပြောရိုးပြောစဉ် ဆိုရင် ကိစ္စမရှိပေမယ့် ပြောတဲ့ စကားတခွန်းကြောင့် အမေရိကန် ထောက်လှမ်းရေး အဖွဲ့ဝင်တဦးက ဖော်ကောင်လုပ်လာပါတယ်။
ဒီနေရာမှာ သူ ဘာပြောလိုက်လည်းဆိုတော့ ဒီမိုကရက်တစ် သမ္မတလောင်း အဖြစ် ထိပ်ကပြေးနေသူ ဘိုင်ဒင်ရဲ့ သားဖြစ်သူ ဟန်တားဘိုင်ဒင် ကို စုံစမ်းစစ်ဆေးဖို့ ယူကရိန်း သမ္မတသစ်ကို တောင်းဆိုလိုက်တာပါပဲ၊ တယ်လီဖုန်း စကား ပြောနေစဉ် ရှစ်ကြိမ် တောင် ပြောခဲ့တယ်လို့ ဖော်ကောင် လုပ်တဲ့လူက ဆိုပါတယ်။ ဟန်တားဘိုင်ဒင်က ယူကရိန်းမှာ အကျိုးစီးပွား ရရာရကြောင်းရှိနေတဲ့အတွက် ဘယ်လို အပုပ်နံမျိုး ခြေရာခံမိမလဲလို့ စုံစမ်းပြီး သူဆီ ပြန်ပြောဖို့ပါပဲ၊ဒေါ်နယ်ထရန့်က အပိုင်လုပ်တာ ဖြစ်ပါတယ်၊ ဟန်တားဘိုင်ဒင်လို ဟိုက်ဒရိုကာဘွန် အကြောင်း ဖေါ်မြူလာတောင် သိပုံမရတဲ့ လူက ယူကရိန်း ဓါတ်ငွေ့ကုမ္ပဏီ ရဲ့ ဘုတ်အဖွဲ့မှာ ဒါရိုက်တာ ဖြစ်နေပြီး တစ်လကို လစာငွေ ဒေါ်လာ ငါးသောင်းခန့် ထုတ်ယူနေပါတယ်။ ဒီကိစ္စကို ဒုသမ္မတ ဖြစ်ခဲ့တဲ့ ဂျိုးဘိုင်ဒင် ရဲ့ သြဇာမသက်ရောက်ပဲ မဖြစ်နိူင်ဖူးလို့ ယူဆထားတဲ့ အတွက် ဖြစ်ပါတယ်။
သို့သော် သူထင်သလို အစဉ်ပြေပုံမရလို့ပဲ လားမသိ ယူကရိန်းကို ပေးနေကျ စစ်ရေးအကူအညီ ဒေါ်လာ သန်း ၂၅၀ ကို အိမ်ဖြူတော်က ထုတ်မပေးပဲ သြဂုတ်လ အတွင်းမှာ ရပ်ဆိုင်းလိုက်ပါတယ်။ ဒါကလည်း တကယ်တမ်းကျ ကွန်ဂရက်က ယူကရိန်းမှာရှိတဲ့ အမေရိကန် အကျိုးစီးပွားတွေ ကာကွယ်ဖို့ တရားဝင် ခွင့်ပြုထားပြီးလည်း ဖြစ်တဲ့အတွက် လုပ်ပိုင်ခွင့် မရှိပါဖူး၊ ဒါကို အခွန်ထမ်း ပြည်သူတွေရဲ့ ငွေနဲ့ အကျပ်ကိုင်လိုက်တယ်လို့ ပြောလို့ရပါတယ်။
ယခု ဒီပြဿနာက အိမ်ဖြူတော် နဲ့ ကွန်ဂရက်အကြားမှာ အကြီးအကျယ် အငြင်းပွားစရာ ဖြစ်လာနေပါပြီ၊ ဥပဒေအရလည်း ဒီလို သတင်းမျိုးကို အမျိုးသား ထောက်လှမ်းရေး ဒါရိုက်တာ ရုံးက ကွန်ဂရက်ကို လွှဲပြောင်းပေးရဖို့ တာဝန်ရှိနေပြန်ပါတယ်။ သမ္မတ တစ်ယောက်က နိုင်ငံခြား ခေါင်းဆောင် တစ်ဦးကို ဘာတွေ ပြောခဲ့လည်းဆိုတာ ထုတ်ပြောစရာ မလိုတဲ့ အထူး အခွင့်အရေး ရှိနေတယ်လို့ တုန့်ပြန်လာပါတယ်။
ယခု အမေရိကန် စာနယ်ဇင်းတွေက ယူကရိန်းကို အကူအညီများ ရပ်ဆိုင်းလိုက်ခြင်းသည် တယ်လီဖုန်း စကားပြောခဲ့မှုနှင့် ဆက်စပ်နေလားဆိုတာ တူးဖော်ဖို့ ကြိုးစားလာနေပြီ ဖြစ်ပါတယ်။ တယ်လီဖုန်း စကားပြောပြီး မကြာမီမှာပဲ ထရန့်ရဲ့ ကိုယ်ရေးကိစ္စများ ဆောင်ရွက်နေတဲ့ ရှေ့နေ ရူဒီ ဂျုလီယာနီက ဇီလင်စကီး၏ အကြံပေး အင်ဒရီယာမက် နှင့် ဂျီနီဗာတွင် တွေ့ဆုံခဲ့ပြီး ဘိုင်ဒင်၏ သားကိစ္စ စုံစမ်းပေးရန် နှင့် အဆင်ပြေက သမ္မတကို ဝါရှင်တန်သို့ တရားဝင်အလည်အပါတ် ခရီးစဉ် ဖြစ်အောင် ဖန်တီးပေးမည်ဟု မြူဆွယ်ခဲ့ပါတယ်။
ယခုကိစ္စက ထရန့် လုပ်လေ့လုပ်ထရှိတဲ့ အရှုပ်တော်ပုံ တွေထက် သာလွန်သွားတဲ့ ကိစ္စမျိုး ဖြစ်လာပါတယ်။ မင်းက ငါတို့လိုချင်တဲ့ အပုပ်နံ့ပေး၊ ငါတို့က သေနတ်တွေ ပြန်ပေးမယ် ဆိုတဲ့ သဘော သက်ဝင်နေတယ်လို့ အီကော်နော်မစ် မဂ္ဂဇင်း က ရေးသားလာပါတယ်။
ဒီအတွက် ကွန်ဂရက် ရဲ့ ဒီမိုကရက်တွေ ကြားမှာ ဒေါ်နယ် ထရန့် ရဲ့ တရားဥပဒေကြောင်း အရ အရေးယူ စစ်ဆေးဖို့ ပြန်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာပါတယ်။ ဘိုင်ဒင် ရဲ့ ကိစ္စက ဘယ်လိုပဲ အနံထွက်နေပါစေ သမ္မတ ရဲ့ လုပ်ရပ်က ဘယ်လိုမှ ကိုယ်ကျင့်တရား ရှု့ထောင့်ကနေ လက်ခံလို့ မရ ပါဖူး။
ဘိုင်ဒင် ကတော့ ဒီကိစ္စအပေါ် သူ့အနေနဲ့ ဘာမှ မှတ်ချက်တောင် ပေးစရာ မလိုပဲ အနံ့ ခံ ကောင်းလွန်းတဲ့ အမေရိကန် မီဒီယာတွေကတောင် တစွန်းတစ မပြောနိူင်တာ ကို ကြည့်ရင် ထရန့် အနေနဲ့ သမ္မတ တစ်ယောက်လို စတင် ကျင့်ကြံနေထိုင်သင့်ပြီလို့ဘဲ တုန့်ပြန်လိုက်ပါတယ်။
သို့သော်လည်း အထက်လွှတ်တော်မှာ ရီပါတ်ဘလီကင်တွေ အသာစီး ရနေတာာမို့ ထရန့်ကို တရားစွဲဖို့ အဆို ကြိမ်းသေ ပါယ်ချခံရမှာ ဖြစ်ပြီး ဘိုင်ဒင် ကိစ္စသာ ထရန့် စီမံသလို အကောင်အထည် ဖော်လာခဲ့ရင် သူတို့အတွက် ပွဲတော်အုပ်ကြီး ဆက်သခံရသလို ဖြစ်နေတာမို့ ထရန့်က ရဲတင်းနေတာ ဖြစ်နိူင်ပါတယ်။ ယခုအကြီးအကျယ် ပြဿနာ တက်လာနေတာကိုလည်း Ukraine Witch Hunt လို့ ခေါ်ဝေါ် သမုတ်လိုက်ပါတယ်။
ယခု ဇီလင်စကီး သည် ကုလ အထွေထွေ ညီလာခံမှာ မိန့်ခွန်း ပြောဖို့ ရောက်နေပြီး ထရန့်နဲ့ ဆွေးနွေးဖို့ ရှိနေတာကြောင့် အားလုံးက စောင့်ကြည့်နေပြီ ဖြစ်ပါတယ်။ သူ့ခမျာလည်း အကျင့်ပျက် ခြစားမှုတွေ တိုက်ဖျက်မယ်လို့ ကြွေးကြော်ပြီး သမ္မတ ဖြစ်လာပေမယ့် ယခု ဝါရှင်တန် က ရေးခဲ့တဲ့ ဇာတ်ညွှန်းထဲ ကန့်လန့်ကန့်လန့်နဲ့ ပါလာနေပါတယ်။ ယခုလည်း ရုရှား ထောက်ခံထားတဲ့ ဒွန်ဘားစ် ဒေသက သူပုန်တွေကို ဟန့်တား နိုင်ဖို့ စစ်ရေးအကူအညီတွေ အပူတပြင်း လိုအပ်နေချိန်လည်း ဖြစ်ပါတယ်။
သမ္မတက သူရဲ့ ရာထူးကို အသုံးပြုပြီး မော်စကို သဘောကျ အမေရိကန်ရဲ့ ပြည်ပ အကျိုးစီးပွားတွေ ထိခိုက်အောင်အထိ အလွဲသုံးစား လုပ်နေတာကို ဘာမှ မလုပ်နိုင်ပဲ လက်ပိုက်ကြည့်နေရတဲ့ အဆင့်မျိုး အမေရိကန် နိုင်ငံရေးမှာ ကြုံတွေ့နေရပါတယ်။
#Source_လှစိုးေ၀ #President_Donald_J_Trump #Trump
#Myanmar_Online_News

0 comments:

Post a Comment