Tuesday, September 24, 2019


Image may contain: one or more people and nightImage may contain: night and outdoor


Image may contain: night, fire and outdoor
<unicode>

ရခိုင်ပြည်နယ်၊စစ်တွေမြို့၊ မိဇံရပ်ကွက်၊ မြို့နယ်ချောင်းအနီး မြစ်ကမ်းနားတွင် စက်လှေမီးလောင်မှုဖြစ်ပွား
Wednesday, September 25, 2019

စက်တင်ဘာလ ၂၅ ရက်နေ့ (၀၂း၂၀)အချိန်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မိဇံရပ်ကွက်၊ မြို့နယ်ချောင်းအနီး မြစ်ကမ်းနားတွင် စက်လှေမီးလောင်မှုဖြစ်ပွားနေကြောင်း တာဝန်သိပြည်သူတစ်ဦးမှ သတင်းပေးပို့သဖြင့် စစ်တွေခရိုင်မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဦး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂+၇) ဦး၊ မီးသတ်ယာဉ်(၁)စီးဖြင့် သွားရောက်ပြီး မီးလောင်မှုအား အပေါ့စားစက်များဖြင့် အသုံးပြုမီးငြှိမ်းသတ်ခဲ့ကြောင်းနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်(၃)ဦး ပါဝင်ကူညီ မီးငြှိမ်းသတ်ခဲ့ကြောင်း သတင်းရရှိပါသည်
မီးလောင်မှုဖြစ်စဉ်မှာ စက်နိုးစဉ် စက်ခန်းအတွင်းရှိ ပစ္စည်းများထားသည့် စင်ပေါ်မှ ဓာတ်ဆီဘူး မှောက်ကျပြီး စက်အပူရှိန်ကြောင့် မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊မီးဘေးဒုက္ခသည် ကျား(၅)ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ စက်လှေပိုင်ရှင်အား စစ်တွေပြည်သူ့ဆေးရုံကြီး အရေးပေါ်လူနာခန်းတွင် ဆေးကုသခံယူလျက်ရှိကြောင်း သတင်းရရှိသည်။
#Rakhine_Fire_Force #Myanmar_Online_News #စစ်တွေ

0 comments:

Post a Comment