Tuesday, September 24, 2019

ဗီယက္နမ္ျပည္သူ႔တပ္မေတာ္ စစ္ဦးစီးအရာရွိခ်ဳပ္ ဦးေဆာင္ေသာ ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕ ရန္ကုန္ၿမိဳ့သို႕ ေရာက္ရွိ

Image may contain: 11 people, people smiling, people standing

ဗီယက္နမ္ႏုိင္ငံ၊ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္ စစ္ဦးစီးအရာရွိခ်ဳပ္ Senior Lieutenant General Phan Van Giang ဦးေဆာင္ေသာ ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕သည္ မေန႔က ညေနပုိင္းတြင္ ေလေၾကာင္း ခရီးျဖင့္ ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေလဆိပ္သို႔ ေရာက္ရွိခဲ့ေၾကာင္းသိရွိရပါသည္။

အဆုိပါ ဗီယက္နမ္ျပည္သူ႔ တပ္မေတာ္ စစ္ဦးစီးအရာရွိခ်ဳပ္ Senior Lieutenant General Phan Van Giang ဦးေဆာင္ေသာ ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕အား ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္သက္ပံုႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာႏုိင္ငံ ဆုိင္ရာ ဗီယက္နမ္ႏုိင္ငံ သံအမတ္ႀကီး Mrs.Dr.Luan Thuy Duong စစ္သံမွဴး Colonel Nguyen Duc Giang ႏွင့္ တာဝန္ရွိသူမ်ားက ေလဆိပ္တြင္ ႀကိဳဆုိႏႈတ္ဆက္ၾကေၾကာင္း သတင္း ရရွိပါသည္။
<unicode>
ဗီယက်နမ်ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိ
Wednesday, September 25, 2019

ဗီယက်နမ်နိုင်ငံ၊ ဗီယက်နမ်ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Phan Van Giang ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် မနေ့က ညနေပိုင်းတွင် လေကြောင်း ခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါ ဗီယက်နမ်ပြည်သူ့ တပ်မတော် စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Phan Van Giang ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး Mrs.Dr.Luan Thuy Duong စစ်သံမှူး Colonel Nguyen Duc Giang နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြကြောင်း သတင်း ရရှိပါသည်။

0 comments:

Post a Comment