Tuesday, September 24, 2019

ပါကစၥတန္တြင္ ေျမငလ်င္လႈပ္ခတ္၍ ၂၂ ဦး ေသဆံုး၊ လူ ၃၀၀ ေက်ာ္ဒဏ္ရာရရွိ

Image may contain: one or more people and outdoor

ပါကစၥတန္ႏုိင္ငံ အေရွ႕ပိုင္းမွာ စက္တင္ဘာ ၂၄ ရက္ေန႕က ၅.၈ မဂၢနီက်ဴ ျပင္းအားရွိတဲ့ ေျမငလ်င္လႈပ္ခတ္ခဲ့လို႕ အနည္းဆံုး လူ ၂၂ ဦးေသဆံုးျပီး ဒဏ္ရာရသူ ၃၀၀ ေက်ာ္ရွိခဲ့ပါတယ္။

ေျမငလ်င္ဟာ ပါကစၥတန္အုပ္ခ်ဳပ္ထားတဲ့ ကတ္ရွ္မီးရွားေဒသ မီရာပါျမိဳ႕အနီးမွာ ဗဟိုျပဳလႈပ္ခတ္ခဲ့တာျဖစ္ပါတယ္။ ေျမငလ်င္ေၾကာင့္ အဓိကကားလမ္းမေတြမွာ အက္ကြဲေၾကာင္းၾကီးေတြျဖစ္ေပၚေစခဲ့ျပီး ေနအိမ္ေတြျပိဳပ်က္ခဲ့တာကို ေတြ႕ရပါတယ္။
ေျမငလ်င္ဟာ အနက္ ၆ မိုင္မွာ ဗဟုိျပဳခဲ့တာျဖစ္ျပီး မီရာပါျမိဳ႕မွာ အဆိုးရြားဆံုး ေျမငလ်င္လႈပ္ ခတ္မႈျဖစ္ပါတယ္။ ေသဆံုးသူေတြထဲမွာ ကေလးငယ္ေတြလည္း ပါ၀င္ေနတယ္လို႕ သက္ဆိုင္ရာက ေျပာၾကားထားပါတယ္။
ထိခိုက္ပ်က္စီးမႈပမာဏကိုေတာ့ သက္ဆိုင္ရာ အာဏာပိုင္ေတြက အတည္ျပဳႏုိင္ဖို႕ ေဆာင္ရြက္ေနဆဲျဖစ္ပါတယ္။
အခုေျမငလ်င္လႈပ္ခတ္ခဲ့တဲ့ နယ္ေျမမွာ ၂၀၀၅ ခုႏွစ္က အင္အားျပင္းေျမငလ်င္လႈပ္ခတ္ခဲ့လို႕ လူေပါင္းေထာင္နဲ႕ခ်ီေသဆံုးခဲ့ေၾကာင္း သိရသည္။
Image may contain: outdoor and nature
Image may contain: one or more people, crowd and outdoor
Image may contain: one or more people and people standing
Image may contain: one or more people and outdoor
Image may contain: 2 people, people standing and outdoor
<Unicode>
ပါကစ္စတန်တွင် မြေငလျင်လှုပ်ခတ်၍ ၂၂ ဦး သေဆုံး၊ လူ ၃၀၀ ကျော်ဒဏ်ရာရရှိ
Wednesday, September 25, 2019

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်းမှာ စက်တင်ဘာ ၂၄ ရက်နေ့က ၅.၈ မဂ္ဂနီကျူ ပြင်းအားရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့လို့ အနည်းဆုံး လူ ၂၂ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၃၀၀ ကျော်ရှိခဲ့ပါတယ်။
မြေငလျင်ဟာ ပါကစ္စတန်အုပ်ချုပ်ထားတဲ့ ကတ်ရှ်မီးရှားဒေသ မီရာပါမြို့အနီးမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ မြေငလျင်ကြောင့် အဓိကကားလမ်းမတွေမှာ အက်ကွဲကြောင်းကြီးတွေဖြစ်ပေါ်စေခဲ့ပြီး နေအိမ်တွေပြိုပျက်ခဲ့တာကို တွေ့ရပါတယ်။
မြေငလျင်ဟာ အနက် ၆ မိုင်မှာ ဗဟိုပြုခဲ့တာဖြစ်ပြီး မီရာပါမြို့မှာ အဆိုးရွားဆုံး မြေငလျင်လှုပ် ခတ်မှုဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်နေတယ်လို့ သက်ဆိုင်ရာက ပြောကြားထားပါတယ်။
ထိခိုက်ပျက်စီးမှုပမာဏကိုတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက အတည်ပြုနိုင်ဖို့ ဆောင်ရွက်နေဆဲဖြစ်ပါတယ်။
အခုမြေငလျင်လှုပ်ခတ်ခဲ့တဲ့ နယ်မြေမှာ ၂၀၀၅ ခုနှစ်က အင်အားပြင်းမြေငလျင်လှုပ်ခတ်ခဲ့လို့ လူပေါင်းထောင်နဲ့ချီသေဆုံးခဲ့ဖူးပါတယ်။
Ref; AFP #EPN #Myanmar_Online_News

0 comments:

Post a Comment