Wednesday, September 25, 2019


Image may contain: one or more people, outdoor and natureImage may contain: 1 person, smiling, standing and outdoor


Image may contain: one or more people, people sitting and outdoor
<<unicode>>
ပြုသမျှ ကုသိုလ်ကောင်းမှုကို ထမင်းရှင်ပရိသတ်တွေအတွက် အမျှဝေပေးခဲ့တယ် ဆိုတဲ့ ခေးဆက်သွင်
Wednesday, September 25, 2019

ဒီတစ်ခေါက်မှာတော့ ခေးဆက်သွင်က သူမပြုသမျှ ကောင်းမှု ကုသိုလ်တွေကို ချစ်ရတဲ့ သူတွေဆီ အမျှအတန်း ပေးဝေထားကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။
“ပြုပြုသမျှကုသိုလ်ကောင်းမှုကို ပရိတ်သတ်၊ ကျေးဇူးရှင်ထမင်းရှင်တွေ၊ ခင်ပွန်းကြီးဆယ်ပါး၊ မိဘဆွေမျိုးမိတ်ဆွေ သူငယ်ချင်း၊ ရိုက်ကူးရေး အဖွဲ့သူအဖွဲ့သားတွေပါ ထည့်ပြီး အမျှဝေ မေတ္တာပေးခဲ့ပါတယ်။ ထပ်တူထပ်မျှ ကုသိုလ်ရကြပါစေနော်” ဆိုပြီး ပြောထားတာ ဖြစ်ပါတယ်။
ခေးဆက်သွင်က လက်ရှိမှာတော့ ဇာတ်လမ်းတွဲတွေကိုလည်း လက်ခံ ရိုက်ကူးပေးနေသလို ပွဲအခမ်းအနားများစွာကိုလည်း တက်ရောက်ပေးနေရတာ ဖြစ်ပါတယ်။
“အရိပ်”၊ “လေးစုံတွဲ”၊ “ဥယျဉ်မှူးဖြစ်ဖူး ချင်သည်” “Flowers & Butterflies” စတဲ့ ဇာတ်လမ်းတွဲတွေမှာ ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးလေး ခေးဆက်သွင်ကလည်း ပရိသတ်တွေ အားပေးခြင်းကို ခံရတဲ့ မင်းသမီးတစ်လက်ပါပဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်လွှင့်ပြသပြီးခဲ့တဲ့ “နှင်းဆီ” ဇာတ်လမ်းတွဲ မှာလည်း အကောင်းဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တာမို့ ပရိသတ်တွေ ရဲ့ အားပေးဝန်းရံခြင်းကို ခံနေရ ဖြစ်ပါတယ်။
ခေးဆက်သွင်ကတော့ သူမရဲ့ ပရိသတ်တိုင်းကို တန်ဖိုးထား ဂရုစိုက် တတ်တာကြောင့် ပရိသတ်တိုင်းရဲ့ မေတ္တာကို ရောင်ပြန်ဟပ်စွာဖြင့် ရရှိထားတာ ဖြစ်ပါတယ်။ ဘာသာတရား ကိုင်းရှိုင်းပြီး ကျေးဇူးရှင်တွေကို ကျေးဇူးသိတတ်တဲ့ ခေးဆက်သွင်တစ်ယောက် ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
#Myanmar_Online_News #Khay_Sett_Thwin

0 comments:

Post a Comment