Tuesday, September 24, 2019

မိုးေရတိုက္စားမႈေၾကာင့္ ယိုယြင္းပ်က္စီးေနသည့္ ေျမသားလမ္းအား ျပည္တြင္း ၊ ျပည္ပ ဘုရားဖူးခရီးသြားဧည့္သည္မ်ား အဆင္ေျပစြာသြားလာႏိုင္ေရး ျပဳျပင္ေဆာင္႐ြက္ေပးေစလို

Image may contain: sky, cloud, outdoor, nature and water

မႏၲေလးတိုင္းေဒသႀကီး ၊ ေညာင္ဦးခ႐ိုင္ ၊ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမတြင္ ယခုလအတြင္း မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ျပည္တြင္း ၊ ျပည္ပ ဘုရားဖူးခရီးသြားဧည့္သည္မ်ား အသုံးျပဳသြားလာသည့္ ပုဂံၿမိဳ႕မွ ေ႐ႊဆံေတာ္ဘုရားသို႔ ဆက္သြယ္ေဖာက္လုပ္ေပးထားေသာ ေျမသားလမ္းသည္ ယခုအခါ မိုးေရမ်ားတိုက္စားၿပီး ခ်ိဳင့္ခြက္ႀကီးမ်ားျဖစ္ကာ လမ္းပ်က္စီးယိုယြင္းေနေၾကာင္း သိရၿပီး မၾကာမီအခ်ိန္တြင္ ခရီးသြားရာသီ စတင္ေတာ့မွာျဖစ္သည့္အတြက္ ေဒသခံျပည္သူမ်ားႏွင့္ ျပည္တြင္း ၊ ျပည္ပ ဘုရားဖူးခရီးသြားဧည့္သည္မ်ား အဆင္ေျပစြာသြားလာႏိုင္ေရး ျပဳျပင္ေဆာင္႐ြက္ေပးရန္ လိုအပ္လ်က္ရွိေၾကာင္း ပုဂံၿမိဳ႕ေပၚရွိ ေဒသခံျပည္သူမ်ားထံမွ သိရသည္။

ယခုအခါ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမေဒသသည္ ကမာၻ႔အေမြအႏွစ္စာရင္းဝင္ ေဒသတစ္ခုအျဖစ္ အသိအမွတ္ ျပဳျခင္းခံရသည့္ ေနရာတစ္ျဖစ္ကာ ယခုႏွစ္ခရီးသြားရာသီတြင္ ျပည္တြင္း ၊ ျပည္ပ ဘုရားဖူးခရီးသြားဧည့္သည္မ်ား ပိုမိုလာေရာက္ လည္ပတ္ႏိုင္ေျခမ်ားျပားႏိုင္ေၾကာင္း ၊ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမသည္ ခရီးသြားျပည္သူမ်ား စိတ္ဝင္တစ္စား ေလ့လာႏိုင္သည့္ သမိုင္းဝင္ တန္ခိုးႀကီးဘုရားမ်ား ၊ ပုဂံေခတ္ ေက်ာက္စာမ်ား၊ နံရံေဆးေရးပန္းခ်ီမ်ားႏွင့္ ရင္သပ္ရႈေမာဖြယ္ စိတ္အပန္းေျဖႏိုင္သည့္ ဘုရားေစတီပုထိုးမ်ား၏ ေနဝင္ဆည္းဆာ အလွရႈခင္းမ်ားကို ၾကည္ႏူးဖြယ္ရာ ျမင္ေတြ႕ခံစားႏိုင္သည့္ေနရာတစ္ခုျဖစ္၍ ႏိုင္ငံတကာမွ ျပည္ပခရီးသြားဧည့္သည္မ်ားႏွင့္ အနယ္နယ္အရပ္ရပ္မွ ျပည္တြင္း ဘုရားဖူးဧည့္သည္မ်ား ရာသီမေ႐ြး လာေရာက္လည္ပတ္လ်က္ရွိေၾကာင္း သိရသည္။ ထိုသို႔ ျပည္တြင္း ၊ ျပည္ပဘုရားဖူး ခရီးသြားဧည့္သည္မ်ား ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမအတြင္းရွိ ဘုရားေစတီပုထိုးမ်ားအား သြားေရာက္လည္ပတ္ ဖူးေျမာ္ရာတြင္ ဘုရားတစ္ဆူႏွင့္ တစ္ဆူ လြယ္ကူစြာ သြားလာႏိုင္ေရးအတြက္ ေညာင္ဦးၿမိဳ႕၊ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန(ပုဂံဌာနခြဲ)မွ ေျမသားလမ္းမ်ားေကာင္းမြန္ေအာင္ ျပဳျပင္ေဆာင္႐ြက္ေပးထားေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ ပုဂံေဒသမွာ ယခုလအတြင္း မိုးမ်ားသည္းထန္စြာ ႐ြာသြန္းခဲ့မႈေၾကာင့္ ပုဂံၿမိဳ႕မွ ေ႐ႊဆံေတာ္ဘုရားသို႔ ဆက္သြယ္ေဖာက္လုပ္ထားသည့္ ေျမသားလမ္းမွာ မိုးေရတိုက္စားမႈေၾကာင့္ ခ်ိဳင့္ခြက္ႀကီးမ်ား ျဖစ္ေပၚၿပီး လမ္းေတြ ပ်က္စီးေနပါတယ္။ လမ္းေတြပ်က္စီးေနတဲ့အတြက္ ျပည္တြင္း ၊ ျပည္ပ ဘုရားဖူးခရီးသြားဧည့္သည္မ်ား သြားလာရာမွာ အခက္အခဲမ်ား ႀကဳံေတြ႕ေနၾကရပါတယ္။ ဒါ့အျပင္ ဓမၼရံႀကီးဘုရားနဲ႔ စူဠာမဏိဘုရား ဆက္သြယ္သည့္ ေျမသားလမ္းဟာလည္း မိုးေရတိုက္စားၿပီး လမ္းပ်က္စီးေနပါတယ္။ ယခုလာမယ့္ ေအာက္တိုဘာလဆိုရင္ ခရီးသြားရာသီခ်ိန္ ေရာက္ရွိေတာ့မွာ ျဖစ္ပါတယ္။ ခရီးသြားရာသီခ်ိန္ဆိုရင္ ကြၽန္ေတာ္တို႔ ပုဂံေဒသဟာ ျပည္တြင္း၊ ျပည္ပ ခရီးသြားဧည့္သည္ေတြ အမ်ားႀကီး ဝင္ေရာက္လာၾကမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဘုရားဖူးခရီးသြားဧည့္သည္မ်ား အဆင္ေျပစြာ သြားလာႏိုင္ေရးအတြက္ မိုးေရတိုက္စားမႈေၾကာင့္ ပ်က္စီး¬ေနသည့္ ေျမသားလမ္းေတြကို ျပန္လည္ေကာင္းမြန္ေအာင္ သက္ဆိုင္ရာတာဝန္ရွိသူမ်ား အေနျဖင့္ အျမန္ဆုံးျပဳျပင္ေဆာင္႐ြက္ေပးေစလိုပါတယ္” ဟု ပုဂံၿမိဳ႕မွ ေဒသခံတစ္ဦးျဖစ္သူ ကိုေဆာ္(ပုဂံ)က ေျပာျပသည္။
Image may contain: one or more people, tree, outdoor and nature
ရဲဝင္းႏိုင္ ( ေညာင္ဦး )
<Unicode>
မိုးရေတိုက်စားမှုကြောင့် ယိုယွင်းပျက်စီးနေသည့် မြေသားလမ်းအား ပြည်တွင်း ၊ ပြည်ပ ဘုရားဖူးခရီးသွားဧည့်သည်များ အဆင်ပြေစွာသွားလာနိုင်ရေး ပြုပြင်ဆောင်ရွက်ပေးစေလို
Wednesday, September 25, 2019

မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးခရိုင် ၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ယခုလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်တွင်း ၊ ပြည်ပ ဘုရားဖူးခရီးသွားဧည့်သည်များ အသုံးပြုသွားလာသည့် ပုဂံမြို့မှ ရွှေဆံတော်ဘုရားသို့ ဆက်သွယ်ဖောက်လုပ်ပေးထားသော မြေသားလမ်းသည် ယခုအခါ မိုးရေများတိုက်စားပြီး ချိုင့်ခွက်ကြီးများဖြစ်ကာ လမ်းပျက်စီးယိုယွင်းနေကြောင်း သိရပြီး မကြာမီအချိန်တွင် ခရီးသွားရာသီ စတင်တော့မှာဖြစ်သည့်အတွက် ဒေသခံပြည်သူများနှင့် ပြည်တွင်း ၊ ပြည်ပ ဘုရားဖူးခရီးသွားဧည့်သည်များ အဆင်ပြေစွာသွားလာနိုင်ရေး ပြုပြင်ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း ပုဂံမြို့ပေါ်ရှိ ဒေသခံပြည်သူများထံမှ သိရသည်။
ယခုအခါ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသတစ်ခုအဖြစ် အသိအမှတ် ပြုခြင်းခံရသည့် နေရာတစ်ဖြစ်ကာ ယခုနှစ်ခရီးသွားရာသီတွင် ပြည်တွင်း ၊ ပြည်ပ ဘုရားဖူးခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်နိုင်ခြေများပြားနိုင်ကြောင်း ၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် ခရီးသွားပြည်သူများ စိတ်ဝင်တစ်စား လေ့လာနိုင်သည့် သမိုင်းဝင် တန်ခိုးကြီးဘုရားများ ၊ ပုဂံခေတ် ကျောက်စာများ၊ နံရံဆေးရေးပန်းချီများနှင့် ရင်သပ်ရှုမောဖွယ် စိတ်အပန်းဖြေနိုင်သည့် ဘုရားစေတီပုထိုးများ၏ နေဝင်ဆည်းဆာ အလှရှုခင်းများကို ကြည်နူးဖွယ်ရာ မြင်တွေ့ခံစားနိုင်သည့်နေရာတစ်ခုဖြစ်၍ နိုင်ငံတကာမှ ပြည်ပခရီးသွားဧည့်သည်များနှင့် အနယ်နယ်အရပ်ရပ်မှ ပြည်တွင်း ဘုရားဖူးဧည့်သည်များ ရာသီမရွေး လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြည်တွင်း ၊ ပြည်ပဘုရားဖူး ခရီးသွားဧည့်သည်များ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးများအား သွားရောက်လည်ပတ် ဖူးမြော်ရာတွင် ဘုရားတစ်ဆူနှင့် တစ်ဆူ လွယ်ကူစွာ သွားလာနိုင်ရေးအတွက် ညောင်ဦးမြို့၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ မြေသားလမ်းများကောင်းမွန်အောင် ပြုပြင်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
“ကျွန်တော်တို့ ပုဂံဒေသမှာ ယခုလအတွင်း မိုးများသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ပုဂံမြို့မှ ရွှေဆံတော်ဘုရားသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် မြေသားလမ်းမှာ မိုးရေတိုက်စားမှုကြောင့် ချိုင့်ခွက်ကြီးများ ဖြစ်ပေါ်ပြီး လမ်းတွေ ပျက်စီးနေပါတယ်။ လမ်းတွေပျက်စီးနေတဲ့အတွက် ပြည်တွင်း ၊ ပြည်ပ ဘုရားဖူးခရီးသွားဧည့်သည်များ သွားလာရာမှာ အခက်အခဲများ ကြုံတွေ့နေကြရပါတယ်။ ဒါ့အပြင် ဓမ္မရံကြီးဘုရားနဲ့ စူဠာမဏိဘုရား ဆက်သွယ်သည့် မြေသားလမ်းဟာလည်း မိုးရေတိုက်စားပြီး လမ်းပျက်စီးနေပါတယ်။ ယခုလာမယ့် အောက်တိုဘာလဆိုရင် ခရီးသွားရာသီချိန် ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ခရီးသွားရာသီချိန်ဆိုရင် ကျွန်တော်တို့ ပုဂံဒေသဟာ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်တွေ အများကြီး ဝင်ရောက်လာကြမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဘုရားဖူးခရီးသွားဧည့်သည်များ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် မိုးရေတိုက်စားမှုကြောင့် ပျက်စီး¬နေသည့် မြေသားလမ်းတွေကို ပြန်လည်ကောင်းမွန်အောင် သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် အမြန်ဆုံးပြုပြင်ဆောင်ရွက်ပေးစေလိုပါတယ်” ဟု ပုဂံမြို့မှ ဒေသခံတစ်ဦးဖြစ်သူ ကိုဆော်(ပုဂံ)က ပြောပြသည်။
ရဲဝင်းနိုင် ( ညောင်ဦး )
#Myanmar_Online_News

0 comments:

Post a Comment