ဘဂၤလားေဒ့ရွ္ႏုိင္ငံ ေကာ့ဇ္ဘဇားေဒသရွိ ဘဂၤါလီ ( မူရင္းရိုဟင္ဂ်ာဟုေဖာ္ျပ ) ဒုကၡသည္စခန္းမ်ားတြင္ Arakan Rohingya Salvation Army အာဆာ အၾကမ္းဖက္မြတ္စလင္ ၃၅ဝဝ ခန္႔ ခုိလွဳံေနထုိင္ၾကတယ္လုိ႔ DW သတင္းဌာနက ဒီကေန႔ ျဖန္႔ခ်ိတဲ့ အထူးသီးသန္႔ေဆာင္းပါးမွာ ေဖၚျပထားပါတယ္။
အာဆာအဖြဲ႔ဝင္တဦးကုိ လွဳိ႕ဝွက္ေတြ႔ဆုံျပီး ေရးသားတဲ့ ေဆာင္းပါးအရ အာဆာအဖြဲ႔က စခန္းတုိင္းမွာ လူငယ္ေတြအပါအဝင္ သတင္းေပးေတြေမြးထားတဲ့အတြက္ ဒုကၡသည္ေတြဟာ အဲဒီ အာဆာအဖြဲ႔ဝင္ေတြကုိ အထူးေၾကာက္ရြံ႕ရတယ္လုိ႔ ဆုိပါတယ္။
စခန္းေတြအတြင္း မ်က္ႏွာဖုံးကုိ လုံုလုံျခဳံျခဳံ ဖုံးအုပ္ထားျခင္းမရွိပဲ သြားလာေနတဲ့ အမ်ဳိးသမီးေတြကုိ ေတြ႔ရင္ ထိုးၾကိတ္အျပစ္ေပးဖုိ႔ အာဆာတပ္မွဴးေတြက အဖြဲ႔ဝင္ေတြကုိ ညြန္ၾကားထားျပီး ကုလသမဂၢအဖြဲ႔အစည္းေတြ အပါအဝင္ ဒုကၡသည္ ကူညီေရးအဖြဲ႔ေတြမွာ ဝင္ေရာက္လုပ္ကုိင္တဲ့ အမ်ိဳးသမီးေတြကိုလည္း အစ္စလမ္ဘာသာက ခြင့္မျပဳဖူးဆုိျပီး ျခိမ္းေျခာက္ေလ့ ရွိတယ္လုိ႔ အဲဒီ အာဆာ အဖြဲဝင္ ကေျပာပါတယ္။
ဘဂၤလားေဒ့ရွ္အစုိးရက အဲဒီ ရုိဟင္ဂ်ာဒုကၡသည္စခန္းေတြမွာ အာဆာအဖြဲ႔ဝင္ေတြ မရွိပါဘူုးလုိ႔ ေျပာပါတယ္။ ဘဂၤလားေဒ့ရွ္ႏုိင္ငံျခားေရးဝန္ၾကီး Abul Kalam Abdul Momen အဘူလ္ ကလမ္ အဘ္ဒူလ္ မုိမင္က အာဆာအဖြဲ႔ဝင္ေတြဟာ ျမန္မာျပည္ပုိင္နက္မွာပဲ ရွိပါတယ္။ သူတုိ႔ႏုိင္ငံပုိင္နက္မွာ မရွိပါဘူး။ တကယ္လုိ႔ ေတြ႔ရွိခဲ့မယ္ဆုိရင္ ဖမ္းျပီး ျမန္မာႏုိင္ငံျပန္ပုိ႔ မယ့္လုိ႔ ေျပာပါတယ္။ ဒါေပမယ့္ DW သတင္းဌာနနဲ႔ ေတြ႔ဆုံခဲ့တဲ့ အာဆာအဖြဲ႔ဝင္ရဲ႕ ေျပာၾကားခ်က္နဲ႔ တျခား သတင္းေတြအရဆုိရင္ အာဆာအဖြဲ႔ဝင္ေတြဟာ ဒုကၡသည္စခန္းေတြမွာ ေနထုိင္ျပီး ျမန္မာႏုိင္ငံ ဖက္ကုိ သြားေရာက္တုိက္ခုိက္ေလ့ရွိသလုိ လူသစ္ေတြကုိလည္း ျမန္မာႏုိင္ငံပုိင္နက္မွာ သင္တန္းေတြပုိ႔ခ်ေပးတယ္လုိ႔ ဆုိပါတယ္။
ဒါ့အျပင္ စခန္းေတြအတြင္းမွာ ဘဂၤလားေဒ့ရွ္အစုိးရကုိ သတင္းေပးသူအျဖစ္ သံသယရွိသူေတြကုိ အာဆာအဖြဲ႔ဝင္ ေတြက သတ္ျဖတ္ေလ့ရွိျပီး လူတခ်ဳိ႕ကုိ ျပန္ေပးဆြဲ ေငြေတာင္းေလ့ရွိပါတယ္။ Atah Ullah အတား အူလာ ဦးေဆာင္တဲ့ အာဆာအဖြဲ႔ကုိ ေဆာ္ဒီအာေရးဗီးယားနဲ႔ ပါကစၥတန္က ျပန္လာတဲ့ ရုိဟင္ဂ်ာေတြက သင္တန္းေပးေနတာျဖစ္ျပီး ေသနတ္ပစ္နည္းနဲ႔ ဗုံးေထာင္တဲ့နည္းေတြ ပါဝင္ပါတယ္။ ႏုိ္င္ငံတကာ ပဋိပကၡေစာင့္ၾကည့္ေရအဖြဲ႔ ICG ရဲ႕ ထုတ္ျပန္ခ်က္အရ အာဆာအဖြဲဝင္ေတြကုိ သင္တန္းေပးေနသူေတြထဲမွာ ပါကစၥတန္က တာလီဘန္ေတြလည္း ပါဝင္ပါတယ္။
DW သတင္းဌာနကုိ လွဳိ႕ဝွက္ေျပာၾကားခဲ့သူရဲ႕ အဆုိအရ အာဆာအဖြ႔ဲ႔မွာ လက္နက္အင္အား သိပ္မရွိပါဘူး။ သူတုိ႔ကုိ ကူညီေထာက္ပံ့သူလည္း သိပ္မရွိတဲ့အတြက္ အၾကီးစားတုိက္ခုိက္မွဳေတြ မလုပ္ႏုိ္င္ဖူးလုိ႔ ဆုိပါတယ္။ မိမိတုိ႔သာ လက္နက္ခဲယမ္းနဲ႔ ေထာက္ပံ့ကူညီမွဳ အလုံအေလာက္ရရွိမယ္ဆုိရင္ ျမန္မာစစ္တပ္ကုိ သြားေရာက္တုိက္ခုိက္ျပီး ေခ်မွဳန္းပစ္လုိက္ႏုိင္ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္အထိေတာ့ ဒါဟာ စိတ္ကူးယဥ္ သက္သက္ပါပဲဗ်ာလုိ႔ အဲဒီ အာဆာအဖြဲ႔ဝင္က ေျပာပါတယ္။
<<Unicode>>
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသရှိ ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) ဒုက္ခသည်စခန်းများတွင်ARSA၃၅ဝဝ ခိုလှုံနေ
Wednesday, September 25, 2019
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသရှိ ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) ဒုက္ခသည်စခန်းများတွင် Arakan Rohingya Salvation Army အာဆာ အကြမ်းဖက်မွတ်စလင် ၃၅ဝဝ ခန့် ခိုလှုံနေထိုင်ကြတယ်လို့ DW သတင်းဌာနက ဒီကနေ့ ဖြန့်ချိတဲ့ အထူးသီးသန့်ဆောင်းပါးမှာ ဖေါ်ပြထားပါတယ်။ အာဆာအဖွဲ့ဝင်တဦးကို လှို့ဝှက်တွေ့ဆုံပြီး ရေးသားတဲ့ ဆောင်းပါးအရ အာဆာအဖွဲ့က စခန်းတိုင်းမှာ လူငယ်တွေအပါအဝင် သတင်းပေးတွေမွေးထားတဲ့အတွက် ဒုက္ခသည်တွေဟာ အဲဒီ အာဆာအဖွဲ့ဝင်တွေကို အထူးကြောက်ရွံ့ရတယ်လို့ ဆိုပါတယ်။
စခန်းတွေအတွင်း မျက်နှာဖုံးကို လုံလုံခြုံခြုံ ဖုံးအုပ်ထားခြင်းမရှိပဲ သွားလာနေတဲ့ အမျိုးသမီးတွေကို တွေ့ရင် ထိုးကြိတ်အပြစ်ပေးဖို့ အာဆာတပ်မှူးတွေက အဖွဲ့ဝင်တွေကို ညွန်ကြားထားပြီး ကုလသမဂ္ဂအဖွဲ့အစည်းတွေ အပါအဝင် ဒုက္ခသည် ကူညီရေးအဖွဲ့တွေမှာ ဝင်ရောက်လုပ်ကိုင်တဲ့ အမျိုးသမီးတွေကိုလည်း အစ်စလမ်ဘာသာက ခွင့်မပြုဖူးဆိုပြီး ခြိမ်းခြောက်လေ့ ရှိတယ်လို့ အဲဒီ အာဆာ အဖွဲဝင် ကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရက အဲဒီ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ အာဆာအဖွဲ့ဝင်တွေ မရှိပါဘူုးလို့ ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Abul Kalam Abdul Momen အဘူလ် ကလမ် အဘ်ဒူလ် မိုမင်က အာဆာအဖွဲ့ဝင်တွေဟာ မြန်မာပြည်ပိုင်နက်မှာပဲ ရှိပါတယ်။ သူတို့နိုင်ငံပိုင်နက်မှာ မရှိပါဘူး။ တကယ်လို့ တွေ့ရှိခဲ့မယ်ဆိုရင် ဖမ်းပြီး မြန်မာနိုင်ငံပြန်ပို့ မယ့်လို့ ပြောပါတယ်။ ဒါပေမယ့် DW သတင်းဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အာဆာအဖွဲ့ဝင်ရဲ့ ပြောကြားချက်နဲ့ တခြား သတင်းတွေအရဆိုရင် အာဆာအဖွဲ့ဝင်တွေဟာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ပြီး မြန်မာနိုင်ငံ ဖက်ကို သွားရောက်တိုက်ခိုက်လေ့ရှိသလို လူသစ်တွေကိုလည်း မြန်မာနိုင်ငံပိုင်နက်မှာ သင်တန်းတွေပို့ချပေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စခန်းတွေအတွင်းမှာ ဘင်္ဂလားဒေ့ရှ်အစိုးရကို သတင်းပေးသူအဖြစ် သံသယရှိသူတွေကို အာဆာအဖွဲ့ဝင် တွေက သတ်ဖြတ်လေ့ရှိပြီး လူတချို့ကို ပြန်ပေးဆွဲ ငွေတောင်းလေ့ရှိပါတယ်။ Atah Ullah အတား အူလာ ဦးဆောင်တဲ့ အာဆာအဖွဲ့ကို ဆော်ဒီအာရေးဗီးယားနဲ့ ပါကစ္စတန်က ပြန်လာတဲ့ ရိုဟင်ဂျာတွေက သင်တန်းပေးနေတာဖြစ်ပြီး သေနတ်ပစ်နည်းနဲ့ ဗုံးထောင်တဲ့နည်းတွေ ပါဝင်ပါတယ်။ နိုင်ငံတကာ ပဋိပက္ခစောင့်ကြည့်ရေအဖွဲ့ ICG ရဲ့ ထုတ်ပြန်ချက်အရ အာဆာအဖွဲဝင်တွေကို သင်တန်းပေးနေသူတွေထဲမှာ ပါကစ္စတန်က တာလီဘန်တွေလည်း ပါဝင်ပါတယ်။
DW သတင်းဌာနကို လှို့ဝှက်ပြောကြားခဲ့သူရဲ့ အဆိုအရ အာဆာအဖွ့ဲ့မှာ လက်နက်အင်အား သိပ်မရှိပါဘူး။ သူတို့ကို ကူညီထောက်ပံ့သူလည်း သိပ်မရှိတဲ့အတွက် အကြီးစားတိုက်ခိုက်မှုတွေ မလုပ်နိုင်ဖူးလို့ ဆိုပါတယ်။ မိမိတို့သာ လက်နက်ခဲယမ်းနဲ့ ထောက်ပံ့ကူညီမှု အလုံအလောက်ရရှိမယ်ဆိုရင် မြန်မာစစ်တပ်ကို သွားရောက်တိုက်ခိုက်ပြီး ချေမှုန်းပစ်လိုက်နိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ ဒါဟာ စိတ်ကူးယဉ် သက်သက်ပါပဲဗျာလို့ အဲဒီ အာဆာအဖွဲ့ဝင်က ပြောပါတယ်။
#DW
0 comments:
Post a Comment