Wednesday, September 25, 2019

လူကုန္ကူးမႈအႏၲရာယ္တားဆီးကာကြယ္ေရးေခါင္းစဥ္ျဖင့္ျပည္သူ႔စကားဝိုင္းက်င္းပ

Image may contain: 2 peopleImage may contain: one or more people, crowd and indoor
စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုခ႐ိုင္၊ ေ႐ႊဘိုၿမိဳ႕၊ အမွတ္(၅)အေျခခံပညာအထက္ တန္းေက်ာင္း ပါရမီေဆာင္၌ စက္တင္ဘာလ ၂၄ ရက္ေန႔ ေန႔ ေန႔လည္ ၂ နာရီက ေက်ာင္းသား ေက်ာင္းသူမ်ားႏွင့္ လူကုန္ကူးမႈ အႏၲရာယ္ေခါင္းစဥ္ ျဖင့္ျပည္သူ႔စကားဝိုင္း ကိုက်င္းပခဲ့ေၾကာင္း သိရွိရပါသည္။

ေရွးဦးစြာ အမွတ္(၅)အေျခခံပညာအထက္တန္းေက်ာင္း ေက်ာင္းအုပ္ဆရာႀကီး ဦးေနမိုးကိုကို က အဖြင့္အမွာ စကားေျပာၾကားခဲ့သည္။ ထို႔ေနာက္အမ်ိဳးသမီးေရးရာ ေကာ္မတီအဖြဲ႕ဝင္ ေဒါက္တာတင္ဝင္းက လူကုန္ကူးမႈျဖစ္ရသည့္ အေၾကာင္းရင္း မ်ားကိုေဆြးေႏြးေျပာၾကားခဲ့ပါသည္။
ဆက္လက္ၿပီး ေ႐ႊဘိုၿမိဳ႕နယ္ဥပေဒအရာရွိ ဦးသိန္းေဇာ္ထြန္းက လူကုန္ကူးမႈ အေၾကာင္းႏွင့္ ျပစ္မႈ၊ျပစ္ဒဏ္မ်ားသိရွိေစေရး ေဆြးေႏြးေျပာၾကားခဲ့သည္။ ထို႔ေနာက္ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးအဖြဲ႕၊ တပ္ဖြဲ႕စိတ္(၂)ေ႐ႊဘိုမွ ရဲအုပ္ေဇာ္မ်ိဳးသန္႔က လူကုန္ကူးမႈႏွင့္ ပတ္သက္၍ လက္ရွိေဆာင္ ႐ြက္ေနမႈမ်ားကို ရွင္းလင္းေဆြးေႏြး ေျပာၾကားခဲ့ပါသည္။
ျပည္သူ႔စကားဝိုင္းသို႔ တက္ေရာက္လာေသာ ေက်ာင္းသား၊ ေက်ာင္းသူေလးမ်ားက သိလိုသည့္ ေမးခြန္းမ်ား ေမးျမန္းရာ တာဝန္ရွိသူမ်ားကျပန္လည္ေျဖၾကားေပးခဲ့ ေၾကာင္းသိရသည္။ အဆိုပါစကားဝိုင္းသို႔ ေက်ာင္းသား၊ ေက်ာင္းသူ (၃၁၀)ဦးတက္ ေရာက္ခဲ့ေၾကာင္း သိရွိရပါသည္။
<<unicode>>
လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးခေါင်းစဉ်ဖြင့်ပြည်သူ့စကားဝိုင်းကျင်းပ
Wednesday, September 25, 2019

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ်(၅)အခြေခံပညာအထက် တန်းကျောင်း ပါရမီဆောင်၌ စက်တင်ဘာလ ၂၄ ရက်နေ့ နေ့ နေ့လည် ၂ နာရီက ကျောင်းသား ကျောင်းသူများနှင့် လူကုန်ကူးမှု အန္တရာယ်ခေါင်းစဉ် ဖြင့်ပြည်သူ့စကားဝိုင်း ကိုကျင်းပခဲ့ကြောင်း သိရှိရပါသည်။
ရှေးဦးစွာ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးနေမိုးကိုကို က အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ထို့နောက်အမျိုးသမီးရေးရာ ကော်မတီအဖွဲ့ဝင် ဒေါက်တာတင်ဝင်းက လူကုန်ကူးမှုဖြစ်ရသည့် အကြောင်းရင်း များကိုဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ရွှေဘိုမြို့နယ်ဥပဒေအရာရှိ ဦးသိန်းဇော်ထွန်းက လူကုန်ကူးမှု အကြောင်းနှင့် ပြစ်မှု၊ပြစ်ဒဏ်များသိရှိစေရေး ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့၊ တပ်ဖွဲ့စိတ်(၂)ရွှေဘိုမှ ရဲအုပ်ဇော်မျိုးသန့်က လူကုန်ကူးမှုနှင့် ပတ်သက်၍ လက်ရှိဆောင် ရွက်နေမှုများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။
ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည့် မေးခွန်းများ မေးမြန်းရာ တာဝန်ရှိသူများကပြန်လည်ဖြေကြားပေးခဲ့ ကြောင်းသိရသည်။ အဆိုပါစကားဝိုင်းသို့ ကျောင်းသား၊ ကျောင်းသူ (၃၁၀)ဦးတက် ရောက်ခဲ့ကြောင်း သိရှိရပါသည်။
#Myanmar_Online_News #MOI #လူကုန်ကူးမှု

0 comments:

Post a Comment