Monday, September 9, 2019

"IIMM ကုလစုံစမ်းရေးအဖွဲ့ကို အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်မှာမဟုတ်"ဟု မြန်မာသံအမတ်ကြီးပြော

Image may contain: 1 person, sitting and suit
IIMM လို့ခေါ်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား အဖွဲ့ နဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်က အရင်ကတည်းက အသိအမှတ်ပြုထား တာမဟုတ်တဲ့ အတွက် ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောကြားလိုက်ပါတယ်။
မနေ့က (၄၁)ကြိမ်မြောက် လူ့အခွင့်အရေးညီလာခံမှာ IIMM ဥက္ကဌ Nicholas Koumjian ရဲ့ မြန်မာနိုင်ငံတွင်း ဖြစ်ခဲ့တဲ့ ပြင်းထန်လှတဲ့ နိုင်ငံတကာရာဇ၀တ်မှုတွေကို အရေးယူ စစ်ဆေးနိုင်ရေး အမှုတည်ဆောက်ရာမှာ အစွမ်းကုန် ကြိုးပမ်းသွားမယ်ဆိုတဲ့ ပြောဆိုမှု ထွက်ပေါ်လာအပြီးမှာ မြန်မာဘက်က သဘောထားကို အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
“ကျနော်တို့က အစကတည်းက FFM ကိုလည်း အသိအမှတ်မပြုဘူး ထိုနည်းလည်းကောင်းပဲ FFM ကနေ ဆက်နွယ်ပြီးတော့ ပေါ်ပေါက်လာတဲ့ FFM လုပ်ငန်းကို ဆက်ဖို့အတွက် ဖွဲ့စည်းထားတဲ့ IIMM ကိုလည်း အသိအမှတ်မပြုဘူး။ အဲဒါပဲ လောလောဆည် ကျနော်ပြောလို့ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အစကတည်းက ကျနော်တို့က ဒါကို အသိအမှတ်မပြုထားတဲ့အတွက် IIMM လုပ်ငန်းနဲ့ ပတ်သက်လို့လည်း ကျနော်တို့ ပူးပေါင်းဆောင်ရွက်စရာ အကြောင်းကတော့ မရှိပါဘူး။” လို့ ဦးဟောက်ဒိုစွမ်းက ပြောကြားခဲ့ကြောင်း ဗွီအိုအေသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့ကလည်း မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးကောင်စီက အခြေအမြစ်မရှိသော စွပ်စွဲချက်များကို အခြေခံ၍ အချက်အလက်ရှာဖွေရေးမစ်ရှင် (Fact Finding Mission-FFM) စတင်ဖွဲ့စည်းစဉ်ကပင် ဆန့်ကျင်ကန့်ကွက်ခဲ့ကြောင်းနဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာကို အသိအမှတ်ပြုမည် မဟုတ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

0 comments:

Post a Comment