Monday, September 9, 2019

ဗစ်တိုးရီးယားကိုယ်တိုင်ထွက်ဆိုမဲ့ မနက်ဖြန်ရုံးချိန်းတွင် ဝန်းရံပေးကြဖို့ သက္ကမိုးညိုမှ တောင်းဆို

Image may contain: text
မနက်ဖြန် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဗစ်တိုရီးယားလေးကို ဒက္ခိဏခရိုင်တရားရုံးမှာ သက်သေထွက်ဆိုချက် ရယူတော့မှာ ဖြစ်ပါတယ်။

ဆရာသက္ကမိုးညို က " အခုရုံးချိန်းမှာ ရနိုင်သမျှ ၀န်းရံမှုတွေ ကျွန်တော် လိုချင်ပါတယ်။ ရုံးချိန်းအပြီးမှာမှ ရုံးချိန်းမှာ ဖြစ်ပျက်ခဲ့တာကို ရီဗျူးသဘောမျိုး ရေးပါတယ်။ (ဒါကြောင့် တချို့က သမီးလေး အမှု သွေးအေးသွားကြပြီလား မေးကြပါတယ်) အမှန်က ကိုယ်တိုင်ရုန်းလို့ ရတဲ့ အချိန်မှာ သတင်းဆက် ပြတ်မသွားရုံလေးရေးပြီးတော့ ကိုယ်တိုင် ရုန်းနေကြတာပါ။ ဘေးကို အကူမတောင်းခဲ့ပါ။ အန္တရာယ်လည်း ရှောင်ရင်းပေါ့လေ အခု ရုံးချိန်း (၁၁.၉. ၁၉) မှာတော့ ကိုယ်တိုင်လည်း ရုန်းရမယ့် အပြင် ဘေးက ညာသံပေး အားပေးတာလည်း လိုနေပါပြီ။ ဒါကြောင့် ၀န်းရံကြပါလို့ (မတောင်းဆိုစဖူး) တောင်းဆို ချင်ပါတယ်။ " ဟု ပြောကြားထားသည်။
ယခင်ဗစ်တိုရီးယားအမှုကိစ္စနှင့်ပတ်သက်၍ ဗစ်တိုရီးယားလေး၏ မိခင်၊ ဖခင်နဲ့ အဘွားတို့အား စစ်ဆေးပြီးခဲ့ပြီး ယခုတွင် ဗစ်တိုရီးယားလေးကို ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

0 comments:

Post a Comment