Monday, September 9, 2019

KBC ဥက္ကဌ အား တရားစွဲဆိုထားသည့်အမှု တပ်မတော်မှ ပြန်ရုပ်သိမ်း

Image may contain: 10 people, people sitting

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဌ ဒေါက်တာခလမ်ဆမ်ဆွန်အား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး သန်းထိုက်မှ လွန်ခဲ့သော သြဂုတ်လ ၂၆ ရက်နေ့က မြစ်ကြီးနားမြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ထားခြင်းကို ယနေ့ တပ်မတော်မှ ပြန်ရုပ်သိမ်းပေးလိုက်ပြီဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန်သမ္မတနဲ့ တွေ့ဆုံစဉ်မှာ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ မြန်မာနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်များကို ဖိနှိပ်ခဲ့ပြီး ဘုရားကျောင်းတွေကို ဖျက်ဆီးတာတွေ လုပ်ခဲ့ကြောင်းနဲ့ ဘာသာရေးကို လွတ်လွတ်လပ်လပ် ကိုးကွယ်ဖို့ အခွင့်အရေး မရကြောင်း၊ တိုင်းရင်းသား လူနည်းစု ခေါင်းဆောင်တွေကို အမေရိကန်အစိုးရအနေနဲ့ ဦးစားပေး ကူညီဖို့ အစရှိတဲ့ အချက် (၅) ချက်ကို တင်ပြတောင်းဆိုခဲ့တာကြောင့် တပ်မတော်မှ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ (၂၀၀) အရ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

0 comments:

Post a Comment