
BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်ကို အဂတိလိုက်စားမှုစွပ်စွဲချက်နဲ့ တရားစွဲခံထားရပြီး ယနေ့တွင် အင်းစိန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
အင်းစိန် BPI ဆေးဝါးစက်ရုံမှူးရဲ့ ကိုယ်ကျင့်သိက္ခာကို ယုံကြည်ကြ၍ BPI စက်ရုံမှ ဝန်ထမ်းအယောက် ၁၀၀ ကျော်က ဆန္ဒဖော်ထုတ်ခဲ့ပြီး လာရောက်ဝန်းရံခဲ့ကြကြောင်း သိရသည်။
“စက်ရုံမှူးက ရိုးသားတယ်။ ဝန်ထမ်းတွေအပေါ်လည်း သက်ညှာမှုရှိတယ်၊ ဒီအမှုကို သူကျူးလွန်မယ်လို့ မထင်ဘူး၊ အဲ့ဒါကြောင့် ကိုယ့်ဆန္ဒနဲ့ ကိုယ် လာရောက်ဝန်းရံတာပါ” လို့ BPI စက်ရုံ ဝန်ထမ်း ဦးအုန်းမောင်က ပြောပါတယ်။
စက်ရုံမှူး ဒေါက်တာအောင်ဇော်ကို ဆေးဝါးများ ထုပ်ပိုးရန် လိုအပ်သည့် ကော်စေ့  ၂၆ တန်ကို လုပ်ထုံးလုပ်နည်းနဲ့ မညီဘဲ ဝယ်ယူခဲ့တာကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စက်တင်ဘာ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။










0 comments:
Post a Comment