ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများမှ လုံခြုံရေးဆောင်ရွက်နေစဉ်ဖေဖော်ဝါရီလ ၃ရက်နေ့ နံနက် ၇ နာရီ ၅၀ မိနစ်ခန့်တွင် ကျောက်တော်မြို့၏ တောင်ဘက်မီတာ ၅၀၀ ခန့်အကွာ မဟာကံကြီးရှင်ဘုရားအနီးသို့အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ အင်အား ၆၀ ဦးခန့်က လက်နက်ကြီး/လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်စစ်ကြောင်းများမှ ပြန်လည်ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်းသိရသည်။
ထိုသို့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားစဉ် AA အကြမ်းဖက်သောင်းကျန်းသူ များပစ်ခတ် လိုက်သော လက်နက်ကြီးကျည်များသည် ၎င်းနေရာအနီးရှိ ပြည်တော်သာ ရပ်ကွက်အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ရပ်ကွက်အတွင်းရှိ မရွှေဥ(ဘ)ဦးကျော်လှမောင်သည် လက်နက်ကြီးစ ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကာ ဦးကျော်သိန်းထွန်း(ဘ)ဦးထွန်းမောင်သိန်း၊ ဦးစောမောင်လှ(ဘ)ဦးမောင်မောင်လှနှင့် မောင်စော ဖြူ(ဘ)ဦးထွန်းရွှေတို့တွင် လက်နက်ကြီးစများ ထိမှန်ဒဏ်ရာများရရှိခဲ့သည်။
ထို့အတူ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်လည်း ကျောက်တော်မြို့အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းကို AA အကြမ်းဖက် သောင်းကျန်းသူများက ရပ်ရွာနေပြည်သူ လူထုနေအိမ်များကို အကာအကွယ်ယူ၍ ချောင်းမြောင်းပစ်ခတ်မှုတို့ကြောင့် မဟာကံကြီးရှင်ဘုရား၏ မုခ်ဦးနှင့် သာသနိကအဆောက် အဦများ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၃ ဦး တို့ထိခိုက် ဒဏ်ရာရရှိခဲ့ကြကြောင်းလည်းသိရသည်။
>>Zawgyi>>
AA သောင်းကျန်းသူအဖွဲ့မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျောက်တော်မြို့အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း တပ်မတော် ထုတ်ပြန်
Tuesday , February 4 , 2020
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများမှ လုံခြုံရေး ဆောင်ရွက်နေစဉ်ဖေဖော်ဝါရီလ၃ရက်နေ့ နံနက် ၇ နာရီ ၅၀ မိနစ်ခန့်တွင် ကျောက်တော်မြို့၏ တောင်ဘက်မီတာ ၅၀၀ ခန့်အကွာ မဟာကံကြီးရှင်ဘုရားအနီးသို့အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ အင်အား ၆၀ ဦးခန့်က လက်နက် ကြီး/လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်စစ်ကြောင်းများမှ ပြန်လည်ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်းသိရသည်။
ထိုသို့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားစဉ် AA အကြမ်းဖက်သောင်းကျန်းသူ များပစ်ခတ် လိုက်သော လက်နက်ကြီးကျည်များသည် ၎င်းနေရာအနီးရှိ ပြည်တော်သာ ရပ်ကွက်အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ရပ်ကွက်အတွင်းရှိ မရွှေဥ(ဘ)ဦးကျော်လှမောင်သည် လက်နက်ကြီးစ ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကာ ဦးကျော်သိန်းထွန်း(ဘ)ဦးထွန်းမောင်သိန်း၊ ဦးစောမောင်လှ(ဘ)ဦးမောင်မောင်လှနှင့် မောင်စော ဖြူ(ဘ)ဦးထွန်းရွှေတို့တွင် လက်နက်ကြီးစများ ထိမှန်ဒဏ်ရာများရရှိခဲ့သည်။
ထို့အတူ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်လည်း ကျောက်တော်မြို့အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းကို AA အကြမ်းဖက် သောင်းကျန်းသူများက ရပ်ရွာနေပြည်သူ လူထုနေအိမ်များကို အကာအကွယ်ယူ၍ ချောင်းမြောင်းပစ်ခတ်မှုတို့ကြောင့် မဟာကံကြီးရှင်ဘုရား၏ မုခ်ဦးနှင့် သာသနိကအဆောက် အဦများ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၃ ဦး တို့ထိခိုက် ဒဏ်ရာရရှိခဲ့ကြကြောင်းလည်းသိရသည်။
0 comments:
Post a Comment