Monday, February 3, 2020

ဝူဟန်ကပြန်လာတဲ့ ကျောင်းသား/ကျောင်းသူများအတွက် မန္တလေး မြို့တော်ဝန်မှ လိုအပ်ချက်မရှိစေရေးဆောင်ရွက်ပေးထားဟုဆို

Image may contain: one or more people and people standingImage may contain: one or more people and people standing
မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်မှ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ၎င်း၏လူမှုကွန်ရက်စာမျက်နှာ၌ "WHO guidelines တွေအတိုင်း အပြည့်အဝဆောင်ရွက်နေတဲ့အတွက် စိုးရိမ်စရာလုံးဝမရှိပါဘူး။ကျောင်းသားတွေကို မိမိအခန်းထဲမှာပဲနေခိုင်းထားပြီး တံခါး ပြုတင်းပေါက်တွေကို အမြဲပိတ်ခိုင်းထားပါတယ်။လိုက်နာမှုရှိမရှိ အရေးပေါ်တပ်ဆင်လိုက်ရတဲ့ cctv ၅ခုနဲ့ တာဝန်ခန်းကနေ ၂၄ နာရီစောင့်ကြပ်ကြည့်ရှုပါတယ်။အစားအသောက်နဲ့ လိုအပ်မဲ့ပစ္စည်းများထားရာအခန်းကို အဆင်သင့်ဖြစ်မှ bell တီးပြီး လာယူခွင့်ပေးပါတယ်။လာယူရင်လဲ N95 masks တွေ တပ်ပြီးမှ အခန်းထဲက ထွက်ခွင့်ရှိတာပါ။

တစ်နေ့တာ စွန်ပစ်တဲ့ အမှိုက်တွေကိုလည်း အရပ်သားတွေပြောပြောနေကြတဲ့ PPE ကို အပြည့်အဝဝတ်ဆင်ပြီးမှသာသိမ်းသလို အမှိုက်ပုံးတွေကိုလည်း ပိတ်ထားတဲ့ အလယ်အပေါက်ကနေပဲ ၁၀ပေ လောက်အထိသာ အတွင်းကိုဝင်သိမ်းပေးတာပါ။သန့်ရှင်းရေးဌာန ကော်မတီဝင်က public health ဆရာဝန်ဆိုတော့ ဘာရောဂါမှ မဖြစ်ခင်ကထဲက ကြိုတင်ပြင်ဆင်ခဲ့တာပါ။PPE ဝတ်စုံကအစ အမှိုက်ကားအဆုံး biological and eletronic harzadous waste အတွက်မန်းစည်ပင်အနေနဲ့ အဆင်သင့် ဖြစ်နေပါတယ်။
PPE ရဲ့ specification ပါ။
TYCHEM C. Antistatic waterproof overall Tychem C (DuPont) with hood, sealed seams, resistant against concentrated inorganic chemicals and ultra fine particles, belongs to category III, type 3, 4, 5 and 6 ပါ။

Goggles, Gloves, Boot တွေကို အပြည့်အစုံ လုံခြုံအောင် ဝတ်ပါတယ်။အမှိုက်ပုံးများကို အဖုံးလုံခြုံအောင် ပိတ်ပါတယ်။အမှိုက်ပုံးတွေကို medical waste van သို့ တွန်းသွားပြီး hydrolic နှင့် တင်ရတာပါ။Van ကို လမ်းတစ်လျောက် မရပ်နားစေဘဲ အမှိုက်မီးရှို့စက်သို့ တောက်လျောက်မောင်းခိုင်းပါတယ်။အမှိုက်ပုံးများကို ကားပေါ်မတင်ခင် ပုံးအပြင်ဖက့်မျက်နှာပြင်များကို bleaching powder နဲ့ spray ဖြန်းပါတယ်။အမှိုက်မီးရှို့စက်တွင် တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်း ၂ ဦးကိုလည်း PPE အပြည့်အစုံ ဝတ်ခိုင်းပါတယ်။ပြီးလျှင် Anios Antiviral spray ဖြင့် medical waste van အမှိုက်ထည့်သည့်အခန်းအား နေရာမလပ် ဖြန်းပါတယ်။အမှိုက်ထုတ်များနှင့် ထိတွေ့သည့် မျက်နှာပြင်မှန်သမျှ Anios Spray ဖြန်းပါတယ်။PPE ဝတ်စုံများ မကျန် ဖြန်းပြီး ဝတ်စုံများကို မီးရှို့ရပါတယ်။ကျောင်းသားတွေက ဝူဟန်နေစဥ်ကထည်းက အခန်းအောင်းနေရပြီး မန္တလေးရောက်တော့လည်း Quarantine guidelines များအရ အကျဥ်းကျသလိုနေနေကြရတဲ့ သူတွေပါ။
မနေ့က လိုအပ်တဲ့ပစ္စည်းတွေကို ကိုယ်တိုင်ဦးဆောင်ပြီး သွားပေးတုန်းက ပစ္စည်းတွေထွက်ယူနေတဲ့ ကျောင်းသားလေးတွေရဲ့ မျက်နှာလေးတွေကို အဝေးကနေတွေ့လိုက်ရတယ်။ကျွန်တော်မျှော်လင့်ထားတာက အမိနိုင်ငံပြန်ရောက်လို့ ပြုံးပျော်ရွှင်နေတဲ့ မျက်နှာလေးတွေ။ဒါပေမဲ့ မမျှော်လင့်ပဲ အားလုံးလိုလို စက်ရုပ်မျက်နှာတွေအတိုင်း မျက်နှာသေလေးတွေ expressionless faceတွေ တွေ့လိုက်ရတော့ ရင်ထဲအောင့်သွားအောင် ခံစားလိုက်ရတယ်။

သူတို့လေးတွေက လွတ်လပ်မှုဆုံးရှုံးလို့ မပျော်နိုင်အောင်ဖြစ်နေတာမဟုတ်ပဲ အခုလို အမည်ဆိုးရောဂါကြီး အခြေတည်ရာနေရာကပြန်လာကြသူတွေဖြစ်လို့ ပညာတတ်တွေပီပီ ရောဂါသည်ဖြစ်လာနိုင်ခြေရှိတယ်ဆိုတာကိုသိသလို facebook မှာ အကောင့်တုတွေရဲ့ မြန်မာပြည်ကို ရောဂါသယ်ယူလာမဲ့သူတွေလို့ ပယ်ပယ်နယ်နယ် တိုက်ခိုက်မှုတွေကို အရမ်းခံစားနေရတာတွေကြောင့် အမိနိုင်ငံပြန်ရောက်ပေမဲ့ ပျော်ရွှင့်မှုပျောက်နေကြသူတွေပါ။ကျွန်တော့်သားသမီးတွေလိုဖြစ်နေပေမယ့်
စည်းကမ်းတင်းကြပ်တာကိုတော့ တစ်ချက်မှမလျှော့ပါဘူး။ဒါကြောင့်လဲ သူတို့လေးတွေရဲ့လိုအပ်တာမှန်သမျှ အစွမ်းကုန်ဖြည့်ဆည်းပေးနေပါတယ်။

ဘယ်သူမှမသိသေးတဲ့ သူရဲကောင်းနှစ်ယောက်ရှိ​ပါသေးတယ်။ကျန်းမာရေးဝန်ကြီးဌာန မန္တလေးမှာတာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်နှစ်ဦးပါ။ဝူဟန်မြို့အထိလိုက်သွားပြီး စောင့်ရှောက်မှု​ပေးပြီး လိုအပ်တဲ့ ဆေးစစ်ဆေးမှုတွေလုပ်ခဲ့တာ အခုကျောင်းသားတွေနဲ့အတူတူ Quarantine အလုပ်ခံနေရတာပါ။ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုတာမပြုတာ အသာထား မန္တလေးစည်ပင်ကတော့ သူရဲကောင်းတွေအနေနဲ့ အသိအမှတ်ပြုဖို့ စီစဥ်နေပါတယ်။" လို့ ရေးသားထားပါတယ်။
No photo description available.
Image may contain: 1 person
No photo description available.
No photo description available.
No photo description available.
No photo description available.
Image may contain: one or more people, people standing and outdoor
Image may contain: one or more people and outdoor
Image may contain: one or more people and people standing
Image may contain: one or more people, people standing and outdoor
No photo description available.
Image may contain: one or more people, people standing and outdoor
Source- Ye Lwin 'Fb #Myanmar_Online_News
<<Zawgyi>>
ဝူဟန်ကပြန်လာတဲ့ ကျောင်းသား/ကျောင်းသူများအတွက် မန္တလေး မြို့တော်ဝန်မှ လိုအပ်ချက်မရှိစေရေးဆောင်ရွက်ပေးထားဟုဆို
Tuesday , February 4 , 2020
မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်မှ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ၎င်း၏လူမှုကွန်ရက်စာမျက်နှာ၌ "WHO guidelines တွေအတိုင်း အပြည့်အဝဆောင်ရွက်နေတဲ့အတွက် စိုးရိမ်စရာလုံးဝမရှိပါဘူး။ကျောင်းသားတွေကို မိမိအခန်းထဲမှာပဲနေခိုင်းထားပြီး တံခါး ပြုတင်းပေါက်တွေကို အမြဲပိတ်ခိုင်းထားပါတယ်။လိုက်နာမှုရှိမရှိ အရေးပေါ်တပ်ဆင်လိုက်ရတဲ့ cctv ၅ခုနဲ့ တာဝန်ခန်းကနေ ၂၄ နာရီစောင့်ကြပ်ကြည့်ရှုပါတယ်။အစားအသောက်နဲ့ လိုအပ်မဲ့ပစ္စည်းများထားရာအခန်းကို အဆင်သင့်ဖြစ်မှ bell တီးပြီး လာယူခွင့်ပေးပါတယ်။လာယူရင်လဲ N95 masks တွေ တပ်ပြီးမှ အခန်းထဲက ထွက်ခွင့်ရှိတာပါ။

တစ်နေ့တာ စွန်ပစ်တဲ့ အမှိုက်တွေကိုလည်း အရပ်သားတွေပြောပြောနေကြတဲ့ PPE ကို အပြည့်အဝဝတ်ဆင်ပြီးမှသာသိမ်းသလို အမှိုက်ပုံးတွေကိုလည်း ပိတ်ထားတဲ့ အလယ်အပေါက်ကနေပဲ ၁၀ပေ လောက်အထိသာ အတွင်းကိုဝင်သိမ်းပေးတာပါ။သန့်ရှင်းရေးဌာန ကော်မတီဝင်က public health ဆရာဝန်ဆိုတော့ ဘာရောဂါမှ မဖြစ်ခင်ကထဲက ကြိုတင်ပြင်ဆင်ခဲ့တာပါ။PPE ဝတ်စုံကအစ အမှိုက်ကားအဆုံး biological and eletronic harzadous waste အတွက်မန်းစည်ပင်အနေနဲ့ အဆင်သင့် ဖြစ်နေပါတယ်။
PPE ရဲ႕ specification ပါ။
TYCHEM C. Antistatic waterproof overall Tychem C (DuPont) with hood, sealed seams, resistant against concentrated inorganic chemicals and ultra fine particles, belongs to category III, type 3, 4, 5 and 6 ပါ။

Goggles, Gloves, Boot တွေကို အပြည့်အစုံ လုံခြုံအောင် ဝတ်ပါတယ်။အမှိုက်ပုံးများကို အဖုံးလုံခြုံအောင် ပိတ်ပါတယ်။အမှိုက်ပုံးတွေကို medical waste van သို့ တွန်းသွားပြီး hydrolic နှင့် တင်ရတာပါ။Van ကို လမ်းတစ်လျောက် မရပ်နားစေဘဲ အမှိုက်မီးရှို့စက်သို့ တောက်လျောက်မောင်းခိုင်းပါတယ်။အမှိုက်ပုံးများကို ကားပေါ်မတင်ခင် ပုံးအပြင်ဖက့်မျက်နှာပြင်များကို bleaching powder နဲ့ spray ဖြန်းပါတယ်။အမှိုက်မီးရှို့စက်တွင် တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်း ၂ ဦးကိုလည်း PPE အပြည့်အစုံ ဝတ်ခိုင်းပါတယ်။ပြီးလျှင် Anios Antiviral spray ဖြင့် medical waste van အမှိုက်ထည့်သည့်အခန်းအား နေရာမလပ် ဖြန်းပါတယ်။အမှိုက်ထုတ်များနှင့် ထိတွေ့သည့် မျက်နှာပြင်မှန်သမျှ Anios Spray ဖြန်းပါတယ်။PPE ဝတ်စုံများ မကျန် ဖြန်းပြီး ဝတ်စုံများကို မီးရှို့ရပါတယ်။ကျောင်းသားတွေက ဝူဟန်နေစဉ်ကထည်းက အခန်းအောင်းနေရပြီး မန္တလေးရောက်တော့လည်း Quarantine guidelines များအရ အကျဉ်းကျသလိုနေနေကြရတဲ့ သူတွေပါ။
မနေ့က လိုအပ်တဲ့ပစ္စည်းတွေကို ကိုယ်တိုင်ဦးဆောင်ပြီး သွားပေးတုန်းက ပစ္စည်းတွေထွက်ယူနေတဲ့ ကျောင်းသားလေးတွေရဲ့ မျက်နှာလေးတွေကို အဝေးကနေတွေ့လိုက်ရတယ်။ကျွန်တော်မျှော်လင့်ထားတာက အမိနိုင်ငံပြန်ရောက်လို့ ပြုံးပျော်ရွှင်နေတဲ့ မျက်နှာလေးတွေ။ဒါပေမဲ့ မမျှော်လင့်ပဲ အားလုံးလိုလို စက်ရုပ်မျက်နှာတွေအတိုင်း မျက်နှာသေလေးတွေ expressionless faceတွေ တွေ့လိုက်ရတော့ ရင်ထဲအောင့်သွားအောင် ခံစားလိုက်ရတယ်။

သူတို့လေးတွေက လွတ်လပ်မှုဆုံးရှုံးလို့ မပျော်နိုင်အောင်ဖြစ်နေတာမဟုတ်ပဲ အခုလို အမည်ဆိုးရောဂါကြီး အခြေတည်ရာနေရာကပြန်လာကြသူတွေဖြစ်လို့ ပညာတတ်တွေပီပီ ရောဂါသည်ဖြစ်လာနိုင်ခြေရှိတယ်ဆိုတာကိုသိသလို facebook မှာ အကောင့်တုတွေရဲ့ မြန်မာပြည်ကို ရောဂါသယ်ယူလာမဲ့သူတွေလို့ ပယ်ပယ်နယ်နယ် တိုက်ခိုက်မှုတွေကို အရမ်းခံစားနေရတာတွေကြောင့် အမိနိုင်ငံပြန်ရောက်ပေမဲ့ ပျော်ရွှင့်မှုပျောက်နေကြသူတွေပါ။ကျွန်တော့်သားသမီးတွေလိုဖြစ်နေပေမယ့်
စည်းကမ်းတင်းကြပ်တာကိုတော့ တစ်ချက်မှမလျှော့ပါဘူး။ဒါကြောင့်လဲ သူတို့လေးတွေရဲ့လိုအပ်တာမှန်သမျှ အစွမ်းကုန်ဖြည့်ဆည်းပေးနေပါတယ်။

ဘယ်သူမှမသိသေးတဲ့ သူရဲကောင်းနှစ်ယောက်ရှိပါသေးတယ်။ကျန်းမာရေးဝန်ကြီးဌာန မန္တလေးမှာတာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်နှစ်ဦးပါ။ဝူဟန်မြို့အထိလိုက်သွားပြီး စောင့်ရှောက်မှုပေးပြီး လိုအပ်တဲ့ ဆေးစစ်ဆေးမှုတွေလုပ်ခဲ့တာ အခုကျောင်းသားတွေနဲ့အတူတူ Quarantine အလုပ်ခံနေရတာပါ။ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုတာမပြုတာ အသာထား မန္တလေးစည်ပင်ကတော့ သူရဲကောင်းတွေအနေနဲ့ အသိအမှတ်ပြုဖို့ စီစဉ်နေပါတယ်။" လို့ ရေးသားထားပါတယ်။
Source- Ye Lwin 'Fb #Myanmar_Online_News

0 comments:

Post a Comment