ဝူဟန်မြို့တွင် ကျန်ရစ်သည့် မြန်မာကျောင်းသား နှစ်ဦး ကျန်းမာရေး ကောင်းမွန်သော် လည်း ပြန်လာရန် တရုတ်အစိုး ရ၏ ခွင့်ပြုချက်စောင့်ဆိုင်းနေ ကြောင်း ဘေဂျင်းမြို့ရှိ မြန်မာသံရုံး ဒုတိယအတွင်းဝန် ဦးစိုးပြည့်ဝင်းက ပြောသည်။
မြန်မာကျောင်းသား ၅၉ ဦးကို ပြန်လာခွင့်ရရှိရန် ဖေဖော်ဝါရီ ၂ ရက်တွင် သွားရောက်ကူညီခဲ့သည့် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဒုတိယအတွင်းဝန် ဦးစိုးပြည့်ဝင်းကိုယ်တိုင် ဝူဟန်မြို့၌ ယခုအချိန်ထိ ပိတ်မိနေဆဲဖြစ် သည်။သံရုံးဒုအတွင်းဝန်သည် ဝူဟန်မြို့၌ ပိတ်မိနေသည်မှာ ၁၄ ရက်ကျော် ကြာနေပြီ ဖြစ်သည်။
‘‘တခြားဘာအခက်အခဲမှ မရှိပါဘူးခင်ဗျာ။ ခွင့်ပြုတာ၊ မပြု တာ စောင့်နေဆဲပါ။ တခြားဘယ် သူတွေကိုမှ ကုန်းလမ်းက ထွက်ခွင့်ပေးမထားပါဘူး။ ဒီနေရာက အဓိကနေရာဆိုတော့’’ဟု ဦးစိုး ပြည့်ဝင်းက ဆိုသည်။
ကျောင်းသား နှစ်ဦးနှင့် သံရုံးဒုတိယ အတွင်းဝန်တို့ ဝူဟန်မှထွက်ခွာခွင့်ရရှိရေး မြန်မာသံရုံးက သက်ဆိုင်ရာဌာနများနှင့် စာပေးပို့ဆောင်ရွက်ထားသော် လည်း တရုတ်အစိုးရက ကန့်သတ်ချက်များ မကြာခဏ ထုတ်ပြန်နေသဖြင့် ပြန်လာနိုင်မည့် ရက်ကို အတိအကျ ပြောဆိုရန် ခက်ခဲနေသည်။
ဝူဟန်မြို့တွင် မြန်မာ ကျောင်းသားနှစ်ဦး အပါအဝင် အခြားနိုင်ငံအချို့မှ ကျောင်းသား များလည်း ပိတ်မိနေပြီး ကျောင်းဆောင်များ၌ နေထိုင်နေသည်ဟု ဦးစိုးပြည့်ဝင်းက ရှင်းပြသည်။
မြန်မာအစိုးရသည် ဝူဟန်တွင် ပိတ်မိနေသည့် မြန်မာ ကျောင်းသူ ကျောင်းသား ၅၉ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ် ဆောင်နိုင်သော်လည်း ကျောင်းသူ တစ်ဦးနှင့် ကျောင်းသား တစ်ဦးသည် ထိုစဉ်က အပူချိန်မြင့်တက် နေ၍ ပြန်လာနိုင်ခြင်း မရှိဘဲ ဆက်လက်ရှိနေခြင်းဖြစ်သည်။
မြန်မာအစိုးရက ၆၃ ဦး ပြန်လည်ခေါ်ဆောင်ရန် စီစဉ်ခဲ့ရာ ကျောင်းသားတစ်ဦးသည် ပြည်နယ်ပြင်ပသို့ ရောက်နေ၍ ပြန်လည်ခေါ်ဆောင်နိုင်ခြင်း မရှိဘဲအခြားတစ်ဦးသည် မြန်မာနိုင်ငံသားဖြစ်သော်လည ်း ကျောင်းသား မဟုတ်သဖြင့် တရုတ်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်း စည်းကမ်းများအရ ခေါ်ဆောင် လာနိုင်ခြင်း မရှိပေ။
Ref-7Day #Myanmar_Online_News
>>Zawgyi<<
တရုတ်အစိုးရ၏ ခွင့်ပြုချက်ရရှိပါက ဝူဟန်တွင်ကျန်ရစ်ခဲ့သည့် မြန်မာကျောင်းသား ၂ ဉီး ပြန်လာရတော့မည်
Monday , February 17 , 2020

0 comments:
Post a Comment