တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်သည် မြို့တော်ပေကျင်းရှိ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းသို့ ယနေ့ဖေဖော်ဝါရီ ၁၀ ရက်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသမ္မတနှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်သူ ရှီသည် ပေကျင်းမြို့ ချောင်ယန်းခရိုင်၊ အန်ဟွာလီရပ်ကွက်သို့ သွားရောက်ကာ ကနဦးအဆင့် ကပ်ရောဂါကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းနှင့် နေ့စဉ်သုံး မရှိမဖြစ်လိုအပ်ချက်များ ထောက်ပံ့ခြင်းများအား သွားရောက်လေ့လာခဲ့သည်။
ထို့ပြင် သမ္မတ ရှီသည် ဒေသခံများနှင့် လူမှုအသိုက်အဝန်း အလုပ်သမားများအား ချီးကျူးဂုဏ်ပြုစကားဆိုခဲ့ကြောင်း ဆင်ဟွာသတင်းဌာနမှ ဖော်ပြထားသည်။

Ref ; Xinhua
<zawgyi>
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် ပေကျင်းမြို့ရှိ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေး
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်သည် မြို့တော်ပေကျင်းရှိ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းသို့ ယနေ့ဖေဖော်ဝါရီ ၁၀ ရက်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသမ္မတနှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်သူ ရှီသည် ပေကျင်းမြို့ ချောင်ယန်းခရိုင်၊ အန်ဟွာလီရပ်ကွက်သို့ သွားရောက်ကာ ကနဦးအဆင့် ကပ်ရောဂါကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းနှင့် နေ့စဉ်သုံး မရှိမဖြစ်လိုအပ်ချက်များ ထောက်ပံ့ခြင်းများအား သွားရောက်လေ့လာခဲ့သည်။ ထို့ပြင် သမ္မတ ရှီသည် ဒေသခံများနှင့် လူမှုအသိုက်အဝန်း အလုပ်သမားများအား ချီးကျူးဂုဏ်ပြုစကားဆိုခဲ့ကြောင်း ဆင်ဟွာသတင်းဌာနမှ ဖော်ပြထားသည်။
Ref ; Xinhua

0 comments:
Post a Comment