နိုင်ငံတကာတွင်ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် ၁၀၁၈ ဦးရေရှိလာပြီး ကူးစက်ခံရသူ ၄၃၀၉၈ ဦး ရှိလာကြောင်း တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်က အခုလ ၁၁ ရက်နေ့မှာ အတည်ပြုပြောဆိုပါတယ်။
ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို တရုတ်အာဏာပိုင်တွေ ထိန်းချုပ်ဖို့ကြိုးပမ်းခဲ့ပေမယ့် အခုအချိန်ထိ ထိန်းချုပ်နိုင်တဲ့ အဆင့်မရှိသေးပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း ကူးစက်ပျံ့နှံ့မှုများကို အရေးပေါ်အခြေအနေ ကြေညာပြီး ကမ္ဘာတဝန်း ကူးစက်ပျံ့နှံ့မှုကနေ ကာကွယ်ဖို့ ကြိုးပမ်းနေပါတယ်။
မြန်မာနိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ် သံသယစောင့်ကြည့်လူနာ ၂၀ ဦးအထိ တိုးလာနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ည ၈ နာရီတွင် သတင်းထုတ်ပြန်သည်။

<zawgyi>
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၁၈ဦးနှင့် ကူစက်ခံရသူ ၄၃၀၉၈ ရှိလာကြောင်း တရုတ်အာဏာပိုင်များအတည်ပြု
Tuesday, February 11 , 2020
နိုင်ငံတကာတွင်ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် ၁၀၁၈ ဦးရေရှိလာပြီး ကူးစက်ခံရသူ ၄၃၀၉၈ ဦး ရှိလာကြောင်း တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်က အခုလ ၁၁ ရက်နေ့မှာ အတည်ပြုပြောဆိုပါတယ်။
ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို တရုတ်အာဏာပိုင်တွေ ထိန်းချုပ်ဖို့ကြိုးပမ်းခဲ့ပေမယ့် အခုအချိန်ထိ ထိန်းချုပ်နိုင်တဲ့ အဆင့်မရှိသေးပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း ကူးစက်ပျံ့နှံ့မှုများကို အရေးပေါ်အခြေအနေ ကြေညာပြီး ကမ္ဘာတဝန်း ကူးစက်ပျံ့နှံ့မှုကနေ ကာကွယ်ဖို့ ကြိုးပမ်းနေပါတယ်။
မြန်မာနိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ် သံသယစောင့်ကြည့်လူနာ ၂၀ ဦးအထိ တိုးလာနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ည ၈ နာရီတွင် သတင်းထုတ်ပြန်သည်။

0 comments:
Post a Comment