မန္တလေးတော်ပေါ်သို့ သုံးဘီးဆိုင်ကယ် တက်ရောက်ခွင့်ပိတ်တားမြစ်ထားပြီး ပညာပေးကာလအဖြစ် စောင့်ကြည့်ကာ တောင်ပေါ်သို့ တက်ရောက်မှုအား တွေ့ရှိပါက မန္တလေးတောင်ဂေါပကအဖွဲ့နှင့် ညှိနှိုင်း၍ အရေးယူမှုများဆောင်ရွက်မည်ဖြစ်ကြောင်း မြို့တွင်း ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ (ယကက) က သိရသည် ။
ထိုသို့ သုံးဘီးဆိုင်ကယ် တက်ရောက်ခွင့်ကို ဇန်နဝါရီလကုန်ပိုင်းက ပိတ်လိုက်ခြင်းဖြစ်ပြီး အသိပေးဆိုင်းဘုတ်များ တောင်တက်လမ်းတစ်လျှောက် စိုက်ထူ အသိပေးထားကြောင်း သိရသည် ။
သုံးဘီးဆိုင်ကယ်များအနေဖြင့် စည်းကမ်းပျက်ကွက်ကာ လူပိုတင်သည့်အတွက် နောက်ပြန်လိမ့်သည့် ဖြစ်စဉ်များရှိခဲ့သောကြောင်း မန္တလေးတောင်တော်ဂေါပကအဖွဲ့ က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို စာတင်ခြင်းဖြစ်ကြောင်း သိရသည် ။
မန္တလေးတောင်ပတ်ဝန်းကျင်တွင် ပြေးဆွဲနေသည့် သုံးဘီးဆိုင်ကယ် အစီး (၅၀) ခန့်ရှိပြီး ထိုသို့ တောင်ပေါ်တက်ခွင့်ပိတ်လိုက်သည့်အတွက် သုံးဘီးဆိုင်ကယ်မောင်းသမားများ စားဝတ်နေရေးထိခိုက်မှုများရှိကြောင်း သိရသည် ။
Source - Fifth Wave News
<zawgyi>
မန္တလေးတောင်ပေါ်သို့ သုံးဘီးဆိုင်ကယ်များ တက်ရောက်ခွင့်ပိတ်ထား
Tuesday , February 4 , 2020
မန္တလေးတော်ပေါ်သို့ သုံးဘီးဆိုင်ကယ် တက်ရောက်ခွင့်ပိတ်တားမြစ်ထားပြီး ပညာပေးကာလအဖြစ် စောင့်ကြည့်ကာ တောင်ပေါ်သို့ တက်ရောက်မှုအား တွေ့ရှိပါက မန္တလေးတောင်ဂေါပကအဖွဲ့နှင့် ညှိနှိုင်း၍ အရေးယူမှုများဆောင်ရွက်မည်ဖြစ်ကြောင်း မြို့တွင်း ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ (ယကက) က သိရသည် ။
ထိုသို့ သုံးဘီးဆိုင်ကယ် တက်ရောက်ခွင့်ကို ဇန်နဝါရီလကုန်ပိုင်းက ပိတ်လိုက်ခြင်းဖြစ်ပြီး အသိပေးဆိုင်းဘုတ်များ တောင်တက်လမ်းတစ်လျှောက် စိုက်ထူ အသိပေးထားကြောင်း သိရသည် ။
သုံးဘီးဆိုင်ကယ်များအနေဖြင့် စည်းကမ်းပျက်ကွက်ကာ လူပိုတင်သည့်အတွက် နောက်ပြန်လိမ့်သည့် ဖြစ်စဉ်များရှိခဲ့သောကြောင်း မန္တလေးတောင်တော်ဂေါပကအဖွဲ့ က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို စာတင်ခြင်းဖြစ်ကြောင်း သိရသည် ။
မန္တလေးတောင်ပတ်ဝန်းကျင်တွင် ပြေးဆွဲနေသည့် သုံးဘီးဆိုင်ကယ် အစီး (၅၀) ခန့်ရှိပြီး ထိုသို့ တောင်ပေါ်တက်ခွင့်ပိတ်လိုက်သည့်အတွက် သုံးဘီးဆိုင်ကယ်မောင်းသမားများ စားဝတ်နေရေးထိခိုက်မှုများရှိကြောင်း သိရသည် ။
Source - Fifth Wave News
0 comments:
Post a Comment