ကမ္ဘာ့ချန်ပီယံ ဂုဏ်ကို ကာကွယ်နိုင်ခဲ့တဲ့ သက်ထားသူဇာဟာ မြန်မာနိုင်ငံအတွက် ဆုတံဆိပ်တွေ ရရှိအောင် စွမ်းဆောင်ပေးနေတာဖြစ်ပါတယ်။ သူမရဲ့ နိုင်ငံ့ဂုဏ်ဆောင်တဲ့ စိတ်ခွန်အားတွေကြောင့် ကမ္ဘာ့အဆင့် ၆၂ အဖြစ်တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
သူမဟာ တိုကျိုအိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရဖို့အတွက် သတ်မှတ်ထားတဲ့ အဆင့်မီပြိုင်ပွဲပေါင်းများစွာကို သွားရောက် ကစားခဲ့ပြီး ရမှတ်တွေကို စုဆောင်းနေခဲ့ရတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ လာမယ့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ နိုင်ငံ ၈ နိုင်ငံကို ပြိုင်ပွဲတွေသွားရောက်ယှဉ်ပြိုင်ရမယ်လို့ ဆိုရပါတယ်။ အဆိုပါနိုင်ငံတွေကတော့ ယူကန်ဒါ၊ ချက်၊ ကင်ညာ၊ ပေါ်တူဂီ၊ နယ်သာလန်၊ ဖင်လန်၊ ဆွစ်ဇာလန်နဲ့ ပိုလန်တို့ပဲဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲတွေဟာ သူမအတွက်အရေးပါလှပါတယ်။ ယင်းပြိုင်ပွဲများအပြီးတွင် လာမယ့် ဧပြီလမှာ အိုလံပစ်ဝင်ခွင့်အမှတ်တွေ မီရမှာဖြစ်ပါတယ်။
ယခုလို ကြိုးစားနေတဲ့ သူမက အစိုးရဖက်ကနေ wild card နဲ့ တောင်းပေးလို့ရတယ်ဆိုပေမယ့်လည်း သေချာမသိကြောင်း၊ ဘာတွေကို လုပ်ရတယ်ဆိုတာကိုလည်း မသိကြောင်း၊ ဒီလိုလုပ်တာထက်စာရင် ကိုယ့်ဘာသာ ကြိုးစားပြီး အိုလံပစ်ဝင်ခွင့်ကို ပိုမိုရလိုကြောင်း၊ လက်ရှိအမှတ်တွေနဲ့ဆိုရင် အိုလံပစ်ဝင်ပြိုင်ရဖို့ သေချာသော်လည်း အပြီးသတ်စံချိန်ထိတော့ စိတ်ပူနေရကြောင်း၊ ထို့ကြောင့် သူမဟာ ဆက်လက်ပြီး ကြိုးစားနေရသေးတယ်လို့ ဆိုပါတယ်။
ပရိတ်သတ်ကြီးရေ သက်ထားသူဇာဟာ ကိုယ့်အားကို ကိုယ်ကိုးပြီး နိုင်ငံအတွက် လုပ်လိုတဲ့ စိတ်ဓါတ်ဟာတော်တော်လေးကို ချီးကျူးဖို့ကောင်းပါတယ်။ သူမ ယခုလို အပင်ပန်းခံပြီး နိုင်ငံအတွက် လုပ်နေတာကို သိရတော့ သူမနောက်ထပ်အောင်မြင်မှုတွေကို ရယူပြီး နိုင်ငံဂုဏ်ကို မြှင့်တင်နိုင်တဲ့ အားကစားသမားဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်……။
credit -Writer – ME( Shwe Yaung Lan )
<zawgyi>
အိုလံပစ်ပြိုင်ပွဲဝင်ခွင့် နိုင်ငံတော်က တောင်းပေးမှာကို မလိုချင်တဲ့ အကြောင်းရင်းအား ပြောပြလာတဲ့ မြန်မာ့ဂုဏ်ဆောင်ကြက်တောင်မယ် သက်ထားသူဇာ
Tuesday , February 4 , 2020
ကမ္ဘာ့ချန်ပီယံ ဂုဏ်ကို ကာကွယ်နိုင်ခဲ့တဲ့ သက်ထားသူဇာဟာ မြန်မာနိုင်ငံအတွက် ဆုတံဆိပ်တွေ ရရှိအောင် စွမ်းဆောင်ပေးနေတာဖြစ်ပါတယ်။ သူမရဲ့ နိုင်ငံ့ဂုဏ်ဆောင်တဲ့ စိတ်ခွန်အားတွေကြောင့် ကမ္ဘာ့အဆင့် ၆၂ အဖြစ်တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
သူမဟာ တိုကျိုအိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရဖို့အတွက် သတ်မှတ်ထားတဲ့ အဆင့်မီပြိုင်ပွဲပေါင်းများစွာကို သွားရောက် ကစားခဲ့ပြီး ရမှတ်တွေကို စုဆောင်းနေခဲ့ရတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ လာမယ့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ နိုင်ငံ ၈ နိုင်ငံကို ပြိုင်ပွဲတွေသွားရောက်ယှဉ်ပြိုင်ရမယ်လို့ ဆိုရပါတယ်။ အဆိုပါနိုင်ငံတွေကတော့ ယူကန်ဒါ၊ ချက်၊ ကင်ညာ၊ ပေါ်တူဂီ၊ နယ်သာလန်၊ ဖင်လန်၊ ဆွစ်ဇာလန်နဲ့ ပိုလန်တို့ပဲဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲတွေဟာ သူမအတွက်အရေးပါလှပါတယ်။ ယင်းပြိုင်ပွဲများအပြီးတွင် လာမယ့် ဧပြီလမှာ အိုလံပစ်ဝင်ခွင့်အမှတ်တွေ မီရမှာဖြစ်ပါတယ်။
ယခုလို ကြိုးစားနေတဲ့ သူမက အစိုးရဖက်ကနေ wild card နဲ့ တောင်းပေးလို့ရတယ်ဆိုပေမယ့်လည်း သေချာမသိကြောင်း၊ ဘာတွေကို လုပ်ရတယ်ဆိုတာကိုလည်း မသိကြောင်း၊ ဒီလိုလုပ်တာထက်စာရင် ကိုယ့်ဘာသာ ကြိုးစားပြီး အိုလံပစ်ဝင်ခွင့်ကို ပိုမိုရလိုကြောင်း၊ လက်ရှိအမှတ်တွေနဲ့ဆိုရင် အိုလံပစ်ဝင်ပြိုင်ရဖို့ သေချာသော်လည်း အပြီးသတ်စံချိန်ထိတော့ စိတ်ပူနေရကြောင်း၊ ထို့ကြောင့် သူမဟာ ဆက်လက်ပြီး ကြိုးစားနေရသေးတယ်လို့ ဆိုပါတယ်။
ပရိတ်သတ်ကြီးရေ သက်ထားသူဇာဟာ ကိုယ့်အားကို ကိုယ်ကိုးပြီး နိုင်ငံအတွက် လုပ်လိုတဲ့ စိတ်ဓါတ်ဟာတော်တော်လေးကို ချီးကျူးဖို့ကောင်းပါတယ်။ သူမ ယခုလို အပင်ပန်းခံပြီး နိုင်ငံအတွက် လုပ်နေတာကို သိရတော့ သူမနောက်ထပ်အောင်မြင်မှုတွေကို ရယူပြီး နိုင်ငံဂုဏ်ကို မြှင့်တင်နိုင်တဲ့ အားကစားသမားဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်……။
credit -Writer – ME( Shwe Yaung Lan )
0 comments:
Post a Comment