Tuesday, February 18, 2020

အကယ်ဒမီ သီဟတင်စိုး နှင့် အကယ်ဒမီ ဇင်မာဦး ၊ အကယ်ဒမီ လူမင်း နှင့် မခင်စံပယ်ဦး တို့၏ ဖခင် စံပယ်ဦး ဦးတင်စိုးကွယ်လွန်

Image may contain: 5 people, people sitting, people standing and indoor

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၅ လမ်း အလယ် နေ အကယ်ဒမီ ကိုသီဟတင်စိုး နှင့် အကယ်ဒမီ ဇင်မာဦး ၊ အသံအကယ်ဒမီ ကိုဝဏ္ဏတင်စိုး၊ ဒါရိုက်တာကိုဥာဏတင်စိုး ၊ သရုပ်ဆောင် စည်သူတင်စိုး ၊ အကယ်ဒမီ လူမင်း နှင့် မခင်စံပယ်ဦး တို့၏ ဖခင်ဖြစ်သူ စံပယ်ဦး ဦးတင်စိုး ( ၇၉) နှစ်သည် ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် အထက်ပါနေအိမ်၌ ကွယ်လွန်ခဲ့ပါသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီတွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုလ်မည် ဖြစ်ကြောင်း နှင့် နေအိမ်မှ ကားများ နံနက် ၈ နာရီခွဲတွင် ထွက်ခွာမည် ဖြစ်ကြောင်းသိရှိရသည်။
စံပယ်ဦး ဦးတင်စိုး သည် ၁၉၉၀ ရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲ့ပြီး စံပယ်ဦးမဂ္ဂဇင်းကို တည်ထောင်ထုတ်ဝေခဲ့သူလည်းဖြစ်သည်။
စံပယ်ဦး ဦးတင်စိုး ၏ ရုပ်ကလာပ်အား နာရေးကူညီမှုအသင်း ( ရန်ကုန်) နိဗ္ဗာန်ယာဉ်ဖြင့် နေအိမ် မှ ရေဝေးသုသာန် သို့ သယ်ယူပို့ဆောင်ပေးခဲ့သည်။
Image may contain: 6 people, people standing and indoor
Image may contain: 4 people, people standing
Image may contain: 1 person, standing
Image may contain: 4 people, people sitting and people standing
Image may contain: 7 people, people standing and people sitting
Image may contain: 3 people, people standing
သတင်းနှင့်ဓာတ်ပုံ- မောင်ရန်နောင်
>>Zawgyi<<
အကယ်ဒမီ သီဟတင်စိုး နှင့် အကယ်ဒမီ ဇင်မာဦး ၊ အကယ်ဒမီ လူမင်း နှင့် မခင်စံပယ်ဦး တို့၏ ဖခင် စံပယ်ဦး ဦးတင်စိုးကွယ်လွန်
Tuesday , February 18 , 2020

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၅ လမ်း အလယ် နေ အကယ်ဒမီ ကိုသီဟတင်စိုး နှင့် အကယ်ဒမီ ဇင်မာဦး ၊ အသံအကယ်ဒမီ ကိုဝဏ္ဏတင်စိုး၊ ဒါရိုက်တာကိုဉာဏတင်စိုး ၊ သရုပ်ဆောင် စည်သူတင်စိုး ၊ အကယ်ဒမီ လူမင်း နှင့် မခင်စံပယ်ဦး တို့၏ ဖခင်ဖြစ်သူ စံပယ်ဦး ဦးတင်စိုး ( ၇၉) နှစ် သည် ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် အထက်ပါနေအိမ်၌ ကွယ်လွန်ခဲ့ပါသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီတွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုလ်မည် ဖြစ်ကြောင်း နှင့် နေအိမ်မှ ကားများ နံနက် ၈ နာရီခွဲတွင် ထွက်ခွာမည် ဖြစ်ကြောင်းသိရှိရသည်။
စံပယ်ဦး ဦးတင်စိုး သည် ၁၉၉၀ ရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲ့ပြီး စံပယ်ဦးမဂ္ဂဇင်းကို တည်ထောင်ထုတ်ဝေခဲ့သူလည်းဖြစ်သည်။
စံပယ်ဦး ဦးတင်စိုး ၏ ရုပ်ကလာပ်အား နာရေးကူညီမှုအသင်း ( ရန်ကုန်) နိဗ္ဗာန်ယာဉ်ဖြင့် နေအိမ် မှ ရေဝေးသုသာန် သို့ သယ်ယူပို့ဆောင်ပေးခဲ့သည်။
သတင်းနှင့်ဓာတ်ပုံ- မောင်ရန်နောင်

0 comments:

Post a Comment