Tuesday, February 18, 2020

ဘန်ကောက်ရှိ Century Plaza တွင် သေနတ်ပစ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံး

Image may contain: one or more people

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Century Plaza ဈေးဝယ်စင်တာတွင် သေနတ်ပစ်မှုတစ်ခု ယနေ့(ဖေဖေါ်ဝါရီ ၁၈)ဖြစ်ပွားသဖြင့် လူတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိကြောင်း ကနဦးသတင်းသိရသည်။

”Century Plaza မှာ လုပ်နေတဲ့ ပွဲတစ်ခုထဲမှာဖြစ်တာပါ။ အချင်းချင်း မကျေနပ်လို့ဖြစ်တဲ့ကိစ္စပါ။ လူတစ်ဦးသေပြီး နောက်တစ်ဦး ဒဏ်ရာရရပါတယ်”ဟု ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရဲမှူးကြီး Krissana Pattanacharoen က ပြောသည်။
ယခု သေနတ်ပစ်မှုသည် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် သေနတ်ပစ်မှုတစ်ခုကြောင့် လူ၂၉ ဦးသေဆုံးပြီး ၁ဝရက်အကြာတွင် ဖြစ်ပွားခြင်းဖြစ်ကြောင်းသိရသည်။
Source: Reuters/nh
<zawgyi>
#Breaking_News
ဘန်ကောက်ရှိ Century Plaza တွင် သေနတ်ပစ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံး
Tuesday , February 18 , 2020

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Century Plaza ဈေးဝယ်စင်တာတွင် သေနတ်ပစ်မှုတစ်ခု ယနေ့(ဖေဖေါ်ဝါရီ ၁၈)ဖြစ်ပွားသဖြင့် လူတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိကြောင်း ကနဦးသတင်းသိရသည်။
”Century Plaza မှာ လုပ်နေတဲ့ ပွဲတစ်ခုထဲမှာဖြစ်တာပါ။ အချင်းချင်း မကျေနပ်လို့ဖြစ်တဲ့ကိစ္စပါ။ လူတစ်ဦးသေပြီး နောက်တစ်ဦး ဒဏ်ရာရရပါတယ်”ဟု ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရဲမှူးကြီး Krissana Pattanacharoen က ပြောသည်။
ယခု သေနတ်ပစ်မှုသည် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် သေနတ်ပစ်မှုတစ်ခုကြောင့် လူ၂၉ ဦးသေဆုံးပြီး ၁ဝရက်အကြာတွင် ဖြစ်ပွားခြင်းဖြစ်ကြောင်းသိရသည်။
Source: Reuters/nh

0 comments:

Post a Comment