ကားပါမစ်ကိစ္စအား အစိုးရမှ ခေတ္တရပ်ဆိုင်းထားသော်လည်း နိုင်ငံ့ဝန်ထမ်းနှင့် ပြည်သူ့ဝန်ထမ်းများကို ကားတင်သွင်းခွင့်ပြုရာတွင် ပင်စင်ယူရန်နီးကပ်လာသူများအား ကနဦးဆောင်ရွက်ပေးရန်ဆွေးနွေးနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးကြီးဌာနမှ သိရသည်။
ညွှန်ကြားရေးမှူးချုပ်နှင့်အထက်အဆင့် ပြည်သူ့ဝန်ထမ်းများနှင့်နိုင်ငံဝန်ထမ်းများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့်ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် လုပ်သက် ၂၅ နှစ် ပြည့်ပြီး နိုင်ငံဝန်ထမ်းကောင်းတံဆိပ်ရရှိသူ ဝန်ထမ်းများအားဆောင်ရွက်ပေးသွားမည်ဟု ကနဦး၌ ထုတ်ပြန်ထားသည်။
“လောလောဆယ်မှာတော့ ပင်စင်သွားမယ့်သူတွေကို ပေးဖို့လုပ်ထားတယ်။ ဒါကလည်းဆွေးနွေးနေတုန်းပါ။ အတိအကျထွက်လာရင် တရားဝင်ပြောပါ့မယ်”ဟုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဇန်နဝါရီ ၂ ရက် ရက်စွဲဖြင့် ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံဝန်ထမ်းများအတွက်မော်တော်ယာဉ်ရောင်းချပေးရေးကို ညွှန်ကြားစာထုတ်ခဲ့ပြီးနောက်ပိုင်း ကားစျေးကွက်တွင် ဂယက်ရိုက်ခဲ့မှုများ ဖြစ်ပေါ်ခဲ့သည်။
ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများ ကားတင်သွင်းခွင့်ပြုခြင်းကို အခွန်ပေးဆောင်ပြီးတင်သွင်းလာသည့် ကားအရောင်းစင်တာများမှ ကန့်ကွက်မှုများရှိနေပြီး ကားစျေးကွက်တစ်ခုလုံးပျက်ဆီးသွားနိုင်သည်ဟု Automotive Association of Myanmar မှဥက္ကဋ္ဌဖြစ်သူ ဦးအောင်ဝင်းက သုံးသပ်ပြောကြားထားသည်။
Ref- AKonthi #Myanmar_Online_News
>>Zawgyi<<
ကားပါမစ်ကိစ္စအား အစိုးရမှ ခေတ္တရပ်ဆိုင်းထားသော်လည်း ပင်စင်ယူရန်နီးကပ်လာသည့်ဝန်ထမ်းများကို ကနဦးအနေဖြင့် ကားပါမစ်ထုတ်ပေးရန်ဆွေးနွေးနေ
Monday , February 3 , 2020
ကားပါမစ်ကိစ္စအား အစိုးရမှ ခေတ္တရပ်ဆိုင်းထားသော်လည်း နိုင်ငံ့ဝန်ထမ်းနှင့် ပြည်သူ့ဝန်ထမ်းများကို ကားတင်သွင်းခွင့်ပြုရာတွင် ပင်စင်ယူရန်နီးကပ်လာသူများအား ကနဦးဆောင်ရွက်ပေးရန်ဆွေးနွေးနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးကြီးဌာနမှ သိရသည်။
ညွှန်ကြားရေးမှူးချုပ်နှင့်အထက်အဆင့် ပြည်သူ့ဝန်ထမ်းများနှင့်နိုင်ငံဝန်ထမ်းများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့်ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် လုပ်သက် ၂၅ နှစ် ပြည့်ပြီး နိုင်ငံဝန်ထမ်းကောင်းတံဆိပ်ရရှိသူ ဝန်ထမ်းများအားဆောင်ရွက်ပေးသွားမည်ဟု ကနဦး၌ ထုတ်ပြန်ထားသည်။
“လောလောဆယ်မှာတော့ ပင်စင်သွားမယ့်သူတွေကို ပေးဖို့လုပ်ထားတယ်။ ဒါကလည်းဆွေးနွေးနေတုန်းပါ။ အတိအကျထွက်လာရင် တရားဝင်ပြောပါ့မယ်”ဟုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဇန်နဝါရီ ၂ ရက် ရက်စွဲဖြင့် ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံဝန်ထမ်းများအတွက်မော်တော်ယာဉ်ရောင်းချပေးရေးကို ညွှန်ကြားစာထုတ်ခဲ့ပြီးနောက်ပိုင်း ကားစျေးကွက်တွင် ဂယက်ရိုက်ခဲ့မှုများ ဖြစ်ပေါ်ခဲ့သည်။
ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများ ကားတင်သွင်းခွင့်ပြုခြင်းကို အခွန်ပေးဆောင်ပြီးတင်သွင်းလာသည့် ကားအရောင်းစင်တာများမှ ကန့်ကွက်မှုများရှိနေပြီး ကားစျေးကွက်တစ်ခုလုံးပျက်ဆီးသွားနိုင်သည်ဟု Automotive Association of Myanmar မှဥက္ကဋ္ဌဖြစ်သူ ဦးအောင်ဝင်းက သုံးသပ်ပြောကြားထားသည်။
Ref- AKonthi #Myanmar_Online_News
0 comments:
Post a Comment