Sunday, February 2, 2020

စာသင်ချိန်တိုးမြှင့်မှုအတွက် လွှတ်တော်နှင့် ပညာရေးဝန်ကြီးဌာန ယနေ့ တွေ့ဆုံဆွေးနွေးမည်

Image may contain: text

စာမေးပွဲအချိန်များ တိုးမြှင့်ထားသည့်ကိစ္စကို ပညာရေးဝန်ကြီးဌာနနှင့် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီတို့ ယခုတစ်ပတ်အတွင်း တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ဆရာဆရာမများ၏ လိုလားချက်ကို ရရှိစေရန် ဆွေးပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ မောင်သင်းကပြောသည်။

အခြေခံပညာအတန်း စာမေးပွဲအချိန်များကို ပညာရေးဝန်ကြီးဌာနမှ ပြောင်းလဲထားခြင်းအပေါ်တွင် ဆရာဆရာမအဖွဲ့အစည်းများနှင့် ဖေဖော်ဝါရီလ ၁ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီးနောက် လာမည့် ယခုတစ်ပတ်အတွင်း ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီနှင့် ပညာရေးဝန်ကြီးဌာနတို့ ထပ်မံတွေ့ ဆုံဆွေးနွေးမှုပြုလုပ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“၃ရက်နေ့ တွေ့မယ်ဆိုတာထက် တစ်ပတ်အတွင်းတွေ့မယ်လို့ပြောထားတယ်။ အဆိုကို ပယ်ချခံရပေမယ့် ဆရာတွေလိုလားချက်ရအောင်တော့ ကြိုးစားဆွေးနွေးပေးရမှာပဲ။ ဆရာတို့က ကြားထဲက ညှိပေးရမှာ”ဟု ပြည်သူ့လွှတ်တော်ပညာရေးမြှင်တင်မှုကော်မတီ၊ မိတ္ထီလာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းကပြောသည်။
စာမေးပွဲအချိန်ပြောင်းလဲထားခြင်းကို ဖဲကြိုးစိမ်းလှုပ်ရှားမှုများဖြင့် ကန့်ကွက်နေသည့် ကိစ္စကို အမြန်ဖြေရှင်းပေးရန်အတွက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် အရေးကြီးအဆိုအဖြစ် ဒေါက်တာမောင်သင်းကတင် သွင်းခဲ့သော်လည်း ၎င်းအဆိုမှာ ပယ်ချခံခဲ့ရသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ကန့်ကွက်မှုများနှင့်ရင်ဆိုင်နေရသော်လည်း အစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်ပြီး ၎င်းအစီအစဉ်သည် နိုင်ငံတကာနည်းလမ်းများ အတိုင်းဆောင်ရွက်ခြင်းဖြစ်သလို အစိုးရအဆက်ဆက် အကောင်အထည်မဖော်ဖြစ်သည့် ကိစ္စကိုဆောင်ရွက်ခြင်းဖြစ်သည်ဟု ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းက ပြောကြားထားသည်။
Image may contain: 3 people, people standing and outdoor
Ref-The Voice #Myanmar_Online_News
>>Zawgyi>>
စာသင်ချိန်တိုးမြှင့်မှုအတွက် လွှတ်တော်နှင့် ပညာရေးဝန်ကြီးဌာန ယနေ့ တွေ့ဆုံဆွေးနွေးမည်
Monday , February 3 , 2020

စာမေးပွဲအချိန်များ တိုးမြှင့်ထားသည့်ကိစ္စကို ပညာရေးဝန်ကြီးဌာနနှင့် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီတို့ ယခုတစ်ပတ်အတွင်း တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ဆရာဆရာမများ၏ လိုလားချက်ကို ရရှိစေရန် ဆွေးပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ မောင်သင်းကပြောသည်။
အခြေခံပညာအတန်း စာမေးပွဲအချိန်များကို ပညာရေးဝန်ကြီးဌာနမှ ပြောင်းလဲထားခြင်းအပေါ်တွင် ဆရာဆရာမအဖွဲ့အစည်းများနှင့် ဖေဖော်ဝါရီလ ၁ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီးနောက် လာမည့် ယခုတစ်ပတ်အတွင်း ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီနှင့် ပညာရေးဝန်ကြီးဌာနတို့ ထပ်မံတွေ့ ဆုံဆွေးနွေးမှုပြုလုပ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“၃ရက်နေ့ တွေ့မယ်ဆိုတာထက် တစ်ပတ်အတွင်းတွေ့မယ်လို့ပြောထားတယ်။ အဆိုကို ပယ်ချခံရပေမယ့် ဆရာတွေလိုလားချက်ရအောင်တော့ ကြိုးစားဆွေးနွေးပေးရမှာပဲ။ ဆရာတို့က ကြားထဲက ညှိပေးရမှာ”ဟု ပြည်သူ့လွှတ်တော်ပညာရေးမြှင်တင်မှုကော်မတီ၊ မိတ္ထီလာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းကပြောသည်။
စာမေးပွဲအချိန်ပြောင်းလဲထားခြင်းကို ဖဲကြိုးစိမ်းလှုပ်ရှားမှုများဖြင့် ကန့်ကွက်နေသည့် ကိစ္စကို အမြန်ဖြေရှင်းပေးရန်အတွက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် အရေးကြီးအဆိုအဖြစ် ဒေါက်တာမောင်သင်းကတင် သွင်းခဲ့သော်လည်း ၎င်းအဆိုမှာ ပယ်ချခံခဲ့ရသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ကန့်ကွက်မှုများနှင့်ရင်ဆိုင်နေရသော်လည်း အစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်ပြီး ၎င်းအစီအစဉ်သည် နိုင်ငံတကာနည်းလမ်းများ အတိုင်းဆောင်ရွက်ခြင်းဖြစ်သလို အစိုးရအဆက်ဆက် အကောင်အထည်မဖော်ဖြစ်သည့် ကိစ္စကိုဆောင်ရွက်ခြင်းဖြစ်သည်ဟု ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းက ပြောကြားထားသည်။
Ref-The Voice #Myanmar_Online_News

0 comments:

Post a Comment