Sunday, February 2, 2020

ကျူးကျော်နှင့်ဝင်ငွေနည်းပြည်သူများနေထိုင်ရန် အိမ်ရာများကို မေလအပြီး တည်ဆောက်မည်ဟုဆို

Image may contain: house, sky and outdoorImage may contain: house and outdoor
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျူးကျော်များနှင့် ဝင် ငွေနည်း ပြည်သူများအတွက် တည်ဆောက်နေသော လူထုအ ခြေပြုအိမ်ရာများကို ယခုနှစ်မေလတွင် အပြီးတည်ဆောက်မည် ဖြစ်ကြောင်း ပျိုမေ့အိမ်လူမှုဖွံ့ဖြိုး ရေးအဖွဲ့ဒါရိုက်တာ ဒေါ်ဗန်လီဇာ အောင်က ပြောသည်။

အဆိုပါအိမ်ရာစီမံကိန်းများ ကို ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံအရှေ့၊ ဒဂုံတောင်၊ ဒဂုံဆိပ် ကမ်း၊ ရွှေပေါက်ကံမြို့နယ်တို့ တွင် ဆောက်လုပ်ရန် စီစဉ်ထားကာ လုပ်ငန်းအားလုံး၏ ၅၀ ရာ ခိုင်နှုန်းခန့်ပြီးစီးပြီဟု ၎င်းက ဆိုသည်။
‘‘ကျွန်မတို့က မြို့နယ် ခြောက်မြို့နယ်မှာ ပြီးအောင်လုပ် ဖို့ကျတော့ မေလလောက်ကိုအပြီးမှန်းထားတယ်။ မိုးမကျခင်မှာ အားလုံးပြီးအောင်လုပ်ဖို့ ကျွန်မ တို့ကြိုးစားနေတယ်။ ရွှေပြည်သာမှာ ပြီးသွားပြီ။ အရှေ့ဒဂုံနဲ့ တောင် ဒဂုံမှာ ဆက်လုပ်နေတယ်။ သူတို့ က မတ်လလောက်ပြီးမယ်။ပြော မယ်ဆိုရင် လုပ်ငန်းအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းလောက်ပြီးသွားပြီ’’ ဟု ဒေါ်ဗန်လီဇာအောင်ကပြော သည်။
ရွှေပြည်သာမြို့နယ်အတွင်း ဆောက်လုပ်ခဲ့သော နေအိမ်၂၆၄ လုံး၌ ကျူးကျော်နေထိုင်သူများ ဇန်နဝါရီလဆန်းကတည်းက နေရာချပေးထားပြီး လတ်တလောဆောက်လုပ်နေသော ဒဂုံမြို့သစ်အရှေ့ပိုင်း၌ အလုံး ၂၉၀နှင့် တောင်ဒဂုံမြို့နယ်ရှိအိမ်အ လုံး ၁၅၀ ကိုမတ်လအပြီး တည်ဆောက်နေကြောင်း ၎င်းကဆက်လက်ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအ တွင်းရှိ ကျူးကျော်နေထိုင်သူများ သည် နိုင်ငံသားလူသားရင်းမြစ် များဖြစ်သဖြင့် ၎င်းတို့၏နေထိုင် စားသောက်ရေးကို ဖြေရှင်းပေး ရမည်မှာ အစိုးရတာဝန်ဖြစ်ပြီး တစ်ဖက်တွင်လည်း ကျူးကျော် များကို စနစ်တကျနေရာချထား ခြင်းဖြင့် ရာဇဝတ်မှုများ လျော့ပါး စေနိုင်သည်ဟု ရန်ကုန်တိုင်းဝန် ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။
ထို့အပြင် ရန်ကုန်တိုင်းအ တွင်းရှိ အိမ်ရာမဲ့သူများအိမ်ရာ ပိုင်ဆိုင်ရေး တိုင်းအစိုးရက ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ကျပ် ၆၆ သိန်းမှ ၁၄၅ သိန်းတန်ဖိုးရှိတန်ဖိုးသင့် အိမ်ရာများ တည်ဆောက်လျက် ရှိရာ တစ်နှစ်လျှင် တိုက်ခန်းပေါင်း ၁၀,၀၀၀ ကျော်ဆောက်လုပ်ပေး နိုင်ရန် မျှော်မှန်းထားကြောင်းအစိုး ရအဖွဲ့တာဝန်ရှိသူများက ထုတ် ဖော်ပြောကြားထားသည်။
လတ်တလောအကောင်အထည်ဖော်နေသော လူထုအခြေပြုအိမ်ရာများ၌ နေအိမ်တစ်လုံးလျှင် ကျပ်သိန်း ၂၀ မှ သိန်း ၃၀ အထိသတ်မှတ်ထားကာ စီမံကိန်းကို ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးရေးအဖွဲ့နှင့် တိုင်းဒေသကြီးအစိုးရတို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ် သည်။ အစိုးရကကောက်ယူထား သော စာရင်းများအရ ရန်ကုန် တိုင်းအတွင်းကျူးကျော်နေထိုင် သူ ၁၅၀,၀၀၀ ကျော်ရှိနေသည်။
Image may contain: house and outdoor
<<Zawgyi>>
ကျူးကျော်နှင့်ဝင်ငွေနည်းပြည်သူများနေထိုင်ရန် အိမ်ရာများကို မေလအပြီး တည်ဆောက်မည်ဟုဆို

Monday , February 3 , 2020

Ref-7Day #Myanmar_Online_News

0 comments:

Post a Comment