Sunday, February 2, 2020

လှိုင်သာယာမြို့နယ် နဝဒေးအိမ်ယာအတွင်းမှ ဝူဟန် Virus သံသယရှိ တရုတ်အမျိုးသား ၁ ဦးအား စစ်ဆေးနေ

Image may contain: one or more people and people standingImage may contain: one or more people, people standing and outdoor

လှိုင်သာယာမြို့နယ်မှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ရှိ၊ မရှိစစ်ဆေးဆဲ တရုတ်နိုင်ငံသားတစ်ယောက်ကို ဒီနေ့ ဖေဖော်ဝါရီ(၃)၊ မနက်ပိုင်းကတွေ့ခဲ့လို့ လှိုင်သာယာဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ စစ်ဆေး နေတယ်လို့ လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဆီက သိရပါတယ်။

အသက်(၃၂)နှစ်အရွယ်ရှိတဲ့ ယူနန်ပြည်နယ်က တရုတ်နိုင်ငံသားဟာ လှိုင်သာယာမြို့နယ်၊ နဝဒေးဥယျာဉ် အိမ်ယာမှာ နေထိုင်သူဖြစ်ပြီး အခုလှိုင်သာယာဆေးရုံအုပ်ကြီးကိုယ်တိုင် စီစစ်နေပြီး စစ်ဆေးချက်နဲ့ကိုက်ညီရင် ဝေဘာဂီဆေးရုံကိုပို့ဆောင်သွားမယ်လို့ သိရပါတယ်။
“ဆေးရုံအုပ်ကြီးကိုယ်တိုင် စစ်စစ်နေတယ်။ စစ်ဆေးချက်နဲ့ကိုက်ညီတယ်ဆိုရင် ဝေဘာဂီဆေးရုံကိုပို့ဆောင် ကုသသွားပါမယ်။”လို့ လှိုင် သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောပါတယ်။
အခု လှိုင်သာယာမြို့နယ်ထဲက စက်ရုံတွေကို ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို ကျန်းမာရေးစစ်ဆေး ပေးဖို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကို အကြောင်းကြားထားတယ်လို့လည်း သိရပါတယ်။
"မနက်က စက်ရုံတွေကို တရုတ်နိုင်ငံသားတွေရောက်လာတယ်ဆိုတဲ့ သတင်းတွေတွေ့နေရလို့ပါ။ ဒီလိုစစ် ဆေးပေးဖို့လည်း ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်ထားတာလည်းရှိပါတယ်။ ဒါကြောင့် သေသေချာချာကြပ်မတ်ဆောင်ရွက်ဖို့ ထွေအုပ်နဲ့ ကျန်းမာရေးဌာနကို ပြောထားပါတယ်။”လို့ ဦးမြတ်မင်းသူက ပြောပါတယ်။
အခုရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံက ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့က ဆေးရုံကြီးတွေမှာ ကိုရိုနာဗိုင်း ရပ်စ်ပိုး ကူးစက်ခံရမှုရှိ၊ မရှိစောင့်ကြည့်နေတဲ့လူနာ(၆)ယောက်အထိရှိတယ်လို့လည်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Image may contain: one or more people
Image may contain: one or more people, people standing and outdoor
Ref-O Media #Myanmar_Online_News
>>Zawgyi<<
လှိုင်သာယာမြို့နယ် နဝဒေးအိမ်ယာအတွင်းမှ ဝူဟန် Virus သံသယရှိ တရုတ်အမျိုးသား ၁ ဦးအား စစ်ဆေးနေ
Monday , February 3 , 2020

လှိုင်သာယာမြို့နယ်မှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ရှိ၊ မရှိစစ်ဆေးဆဲ တရုတ်နိုင်ငံသားတစ်ယောက်ကို ဒီနေ့ ဖေဖော်ဝါရီ(၃)၊ မနက်ပိုင်းကတွေ့ခဲ့လို့ လှိုင်သာယာဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ စစ်ဆေး နေတယ်လို့ လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဆီက သိရပါတယ်။
အသက်(၃၂)နှစ်အရွယ်ရှိတဲ့ ယူနန်ပြည်နယ်က တရုတ်နိုင်ငံသားဟာ လှိုင်သာယာမြို့နယ်၊ နဝဒေးဥယျာဉ် အိမ်ယာမှာ နေထိုင်သူဖြစ်ပြီး အခုလှိုင်သာယာဆေးရုံအုပ်ကြီးကိုယ်တိုင် စီစစ်နေပြီး စစ်ဆေးချက်နဲ့ကိုက်ညီရင် ဝေဘာဂီဆေးရုံကိုပို့ဆောင်သွားမယ်လို့ သိရပါတယ်။
“ဆေးရုံအုပ်ကြီးကိုယ်တိုင် စစ်စစ်နေတယ်။ စစ်ဆေးချက်နဲ့ကိုက်ညီတယ်ဆိုရင် ဝေဘာဂီဆေးရုံကိုပို့ဆောင် ကုသသွားပါမယ်။”လို့ လှိုင် သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောပါတယ်။
အခု လှိုင်သာယာမြို့နယ်ထဲက စက်ရုံတွေကို ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို ကျန်းမာရေးစစ်ဆေး ပေးဖို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကို အကြောင်းကြားထားတယ်လို့လည်း သိရပါတယ်။
"မနက်က စက်ရုံတွေကို တရုတ်နိုင်ငံသားတွေရောက်လာတယ်ဆိုတဲ့ သတင်းတွေတွေ့နေရလို့ပါ။ ဒီလိုစစ် ဆေးပေးဖို့လည်း ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်ထားတာလည်းရှိပါတယ်။ ဒါကြောင့် သေသေချာချာကြပ်မတ်ဆောင်ရွက်ဖို့ ထွေအုပ်နဲ့ ကျန်းမာရေးဌာနကို ပြောထားပါတယ်။”လို့ ဦးမြတ်မင်းသူက ပြောပါတယ်။
အခုရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံက ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့က ဆေးရုံကြီးတွေမှာ ကိုရိုနာဗိုင်း ရပ်စ်ပိုး ကူးစက်ခံရမှုရှိ၊ မရှိစောင့်ကြည့်နေတဲ့လူနာ(၆)ယောက်အထိရှိတယ်လို့လည်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Ref-O Media #Myanmar_Online_News

0 comments:

Post a Comment