ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆိုင်းရာရွာသစ်ကျေးရွာအနီးမှာ ကျောက်မျက်ကုမ္ပဏီ တစ်ခုက ရွာနဲ့ကပ်လျက် ကျောက်စိမ်းတူးဖော်နေမှုကြောင့် ကျေးရွာမြေသားလမ်းနေရာတချို့ပျက်စီးခဲ့တဲ့အပြင်နဲ့ လူနေအိမ်တချို့မှာလည်း မြေသားအက်ကြောင်းတွေဖြစ်ပေါပြီး မြေပြိုမယ့်အန္တရာယ် ကြုံတွေ့နေရကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရှိရသည်။
လုံးခင်းကျေးရွာအုပ်စု၊ ဆိုင်းရာရွာသစ်ကျေးရွာမှ ရွာသားတစ်ဦးက "ကျွန်တော်တို့အိမ်က သံမံတလင်းခင်းထားတဲ့ အိမ်ပေါက်ဝထိအောင် လှေခါးခုံတွေ ရော အက်ကြောင်းတွေဖြစ်တာ၊ ကုမ္ပဏီက သူတို့သွပ်ကာထားတဲ့ဝင်းနဲ့ ကျွန်တော်တို့အိမ်နဲ့ခန့်မှန်းပေ ၁၀၀ လောက်ပေါ့၊ အရင်က လမ်းကပေ ၃၀ လောက်ရှိတာ၊ ခုလမ်းက လွန်ခဲ့တဲ့နှစ်ရက်လောက်က တစ်ခါပြိုတယ်၊ ခုတစ်ခါပြိုတယ် ခုလမ်းက ၁၅ ပေလောက်ပဲရှိတော့မှာ၊ ထိခိုက်များလာတော့ ကျွန်တော့်အိမ်ရယ် ဘေးက ကုန်စုံဆိုင်ရယ်ပေါ့၊ ခုဆို တံခါးဖွင့်ပိတ်လည်း မရတော့ဘူး" လို့ ဆိုင်းရာရွာသစ်ကျေးရွာက ကိုမြင့်ကျော်က ပြောကြားခဲ့သည်။
အဆိုပါ ပြိုကျခဲ့တဲ့ မြေသားလမ်းမှာ အရှည် ပေ(၇၀)ခန့်နဲ့ အကျယ်(၅)ပေခန့်ရှိပြီး လက်ရှိမှာ အဲဒီကုမ္ပဏီကနေ လမ်းနေရာကို မြေသားဘောင်တွေပြုလုပ်တာ၊ ခြံစည်းရိုးတိုင်တွေစိုက်ထူတာ၊ လမ်းမြေညှိ တာတွေကို ဆောင်ရွက်ပေးနေတယ်လို့ လုံးခင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှိ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။
Crd : One News Myanmar
>>Zawgyi<<
ဖားကန့် လုံးခင်းကျေးရွာတွင် ကျေးရွာမြေသားလမ်းနေရာတချို့ပျက်စီးနေကာ နေအိမ်တချို့ မြေပြိုမည့် အန္တရာယ်စိုးရိမ်နေရ
Friday, April 24, 2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆိုင်းရာရွာသစ်ကျေးရွာအနီးမှာ ကျောက်မျက်ကုမ္ပဏီ တစ်ခုက ရွာနဲ့ကပ်လျက် ကျောက်စိမ်းတူးဖော်နေမှုကြောင့် ကျေးရွာမြေသားလမ်းနေရာတချို့ပျက်စီးခဲ့တဲ့အပြင်နဲ့ လူနေအိမ်တချို့မှာလည်း မြေသားအက်ကြောင်းတွေဖြစ်ပေါ်ပြီး မြေပြိုမယ့်အန္တရာယ် ကြုံတွေ့နေရကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရှိရသည်။
လုံးခင်းကျေးရွာအုပ်စု၊ ဆိုင်းရာရွာသစ်ကျေးရွာမှ ရွာသားတစ်ဦးက "ကျွန်တော်တို့အိမ်က သံမံတလင်းခင်းထားတဲ့ အိမ်ပေါက်ဝထိအောင် လှေခါးခုံတွေ ရော အက်ကြောင်းတွေဖြစ်တာ၊ ကုမ္ပဏီက သူတို့သွပ်ကာထားတဲ့ဝင်းနဲ့ ကျွန်တော်တို့အိမ်နဲ့ခန့်မှန်းပေ ၁၀၀ လောက်ပေါ့၊ အရင်က လမ်းကပေ ၃၀ လောက်ရှိတာ၊ ခုလမ်းက လွန်ခဲ့တဲ့နှစ်ရက်လောက်က တစ်ခါပြိုတယ်၊ ခုတစ်ခါပြိုတယ် ခုလမ်းက ၁၅ ပေလောက်ပဲရှိတော့မှာ၊ ထိခိုက်များလာတော့ ကျွန်တော့်အိမ်ရယ် ဘေးက ကုန်စုံဆိုင်ရယ်ပေါ့၊ ခုဆို တံခါးဖွင့်ပိတ်လည်း မရတော့ဘူး" လို့ ဆိုင်းရာရွာသစ်ကျေးရွာက ကိုမြင့်ကျော်က ပြောကြားခဲ့သည်။
အဆိုပါ ပြိုကျခဲ့တဲ့ မြေသားလမ်းမှာ အရှည် ပေ(၇၀)ခန့်နဲ့ အကျယ်(၅)ပေခန့်ရှိပြီး လက်ရှိမှာ အဲဒီကုမ္ပဏီကနေ လမ်းနေရာကို မြေသားဘောင်တွေပြုလုပ်တာ၊ ခြံစည်းရိုးတိုင်တွေစိုက်ထူတာ၊ လမ်းမြေညှိ တာတွေကို ဆောင်ရွက်ပေးနေတယ်လို့ လုံးခင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှိ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။
Crd : One News Myanmar
0 comments:
Post a Comment