Saturday, April 25, 2020

ဂျပန်နိုင်ငံမှာ ပိတ်မိနေပြီး အခက်အခဲဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရပြန်ခေါ်တော့မယ်


Image may contain: tree, plant and outdoor
ဂျပန်နိုင်ငံမှာ အခက်အခဲဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်တော့မှာဖြစ်လို့ နေရပ်ပြန်လိုတဲ့သူတွေအနေနဲ့ဧပြီလ(၂၈)ရက်နေ့နောက်ဆုံးထားပြီးတော့ ဂျပန်နိုင်ငံတိုကျိုမြို့ မြန်မာသံရုံးကို ဆက်သွယ်ပေးဖို့ သံရုံးကနေ ဒီနေ့ဧပြီလ(၂၅)ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
နေရပ်ပြန်လိုသူတွေအနေနဲ့ သံရုံးမေးလ် metokyo.myanmar@ gmail.com ကို နာမည် Passport အမှတ်၊ Passport ထုတ်ပေးတဲ့နေ့ စတဲ့ကိုယ်ရေးအချက်အလက်တွေကိုပို့ပေးရမှာဖြစ်ပါတယ်။

အဲဒီပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကိုခေါ်ယူဖို့ All Nippon Airways ရုံးချုပ်နဲ့ ဆွေးနွေးထားပြီး မေလ ပထမပတ်ထဲမှာပဲ တိုကျိုမြို့၊ Narita International Airport ကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လူသားချင်းစာနာမှုအကူအညီ လေယာဉ် (Relief Flight) ပြေးဆွဲပေးနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အခုအချိန်မှာတော့ ဂျပန်နိုင်ငံကို အလုပ်ကိစ္စနဲ့ယာယီသွားတာ၊ ကျောင်းပြီးသွားလို့ အိမ်ပြန်ချင်ပေမဲ့ ပြန်လို့မရဘဲပိတ်မိနေတာနဲ့ တစ်ခြားအကြောင်းအမျိုးမျိုးကြောင့် ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားအယောက် (၇၀)နဲ့အထက်ရှိနေတယ်လို့လည်း ပိတ်မိနေသူတစ်ချို့က O Media ကိုပြောပါတယ်။

အခုအချိန်မှာတော့သူတို့ဟာ နေရေးအတွက်အခက်အခဲရှိနေတာ၊ ဂျပန်စကားမတက်တဲ့သူတွေပါလို ဆေးဝါးကိစ္စအခက်အခဲဖြစ်နေတာနဲ့ ပိတ်မိတာကြာနေတဲ့အတွက် စားရိတ်ထောင်းလာတဲ့ကိစ္စတွေနဲ့ကြုံနေရတယ် လို့လည်း သိရပါတယ်။

သူတို့တွေ မြန်မာနိုင်ငံကိုပြန်ရောက်ရင်တော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက Facility Quarantine (၂၁)ရက်နဲ့ နေအိမ်မှာသီးခြားနေထိုင်တဲ့ Home Quarantine (၇)ရက်၊ စုစုပေါင်း(၂၈)ရက်ကို မပျက်မကွက် လိုက်နာနေထိုင်ရမယ်လို့လည်း သိရပါတယ်။
Source - O Media
<zawgyi>
ဂျပန်နိုင်ငံမှာ ပိတ်မိနေပြီး အခက်အခဲဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရပြန်ခေါ်တော့မယ်
Saturday, April 25, 2020

ဂျပန်နိုင်ငံမှာ အခက်အခဲဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်တော့မှာဖြစ်လို့ နေရပ်ပြန်လိုတဲ့သူတွေအနေနဲ့ ဧပြီလ(၂၈)ရက်နေ့နောက်ဆုံးထားပြီးတော့ ဂျပန်နိုင်ငံတိုကျိုမြို့ မြန်မာသံရုံးကို ဆက်သွယ်ပေးဖို့ သံရုံးကနေ ဒီနေ့ဧပြီလ(၂၅)ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နေရပ်ပြန်လိုသူတွေအနေနဲ့ သံရုံးမေးလ် metokyo.myanmar@ gmail.com ကို နာမည် Passport အမှတ်၊ Passport ထုတ်ပေးတဲ့နေ့ စတဲ့ကိုယ်ရေးအချက်အလက်တွေကိုပို့ပေးရမှာဖြစ်ပါတယ်။

အဲဒီပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကိုခေါ်ယူဖို့ All Nippon Airways ရုံးချုပ်နဲ့ ဆွေးနွေးထားပြီး မေလ ပထမပတ်ထဲမှာပဲ တိုကျိုမြို့၊ Narita International Airport ကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လူသားချင်းစာနာမှုအကူအညီ လေယာဉ် (Relief Flight) ပြေးဆွဲပေးနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အခုအချိန်မှာတော့ ဂျပန်နိုင်ငံကို အလုပ်ကိစ္စနဲ့ယာယီသွားတာ၊ ကျောင်းပြီးသွားလို့ အိမ်ပြန်ချင်ပေမဲ့ ပြန်လို့မရဘဲပိတ်မိနေတာနဲ့ တစ်ခြားအကြောင်းအမျိုးမျိုးကြောင့် ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားအယောက် (၇၀)နဲ့အထက်ရှိနေတယ်လို့လည်း ပိတ်မိနေသူတစ်ချို့က O Media ကိုပြောပါတယ်။

အခုအချိန်မှာတော့သူတို့ဟာ နေရေးအတွက်အခက်အခဲရှိနေတာ၊ ဂျပန်စကားမတက်တဲ့သူတွေပါလို ဆေးဝါးကိစ္စအခက်အခဲဖြစ်နေတာနဲ့ ပိတ်မိတာကြာနေတဲ့အတွက် စားရိတ်ထောင်းလာတဲ့ကိစ္စတွေနဲ့ကြုံနေရတယ် လို့လည်း သိရပါတယ်။

သူတို့တွေ မြန်မာနိုင်ငံကိုပြန်ရောက်ရင်တော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက Facility Quarantine (၂၁)ရက်နဲ့ နေအိမ်မှာသီးခြားနေထိုင်တဲ့ Home Quarantine (၇)ရက်၊ စုစုပေါင်း(၂၈)ရက်ကို မပျက်မကွက် လိုက်နာနေထိုင်ရမယ်လို့လည်း သိရပါတယ်။
Source - O Media

0 comments:

Post a Comment